လူကြီးမင်းသည် ရုံးကို ကြွချီတော်မူလာသည်။ သူ့ရုံးခန်းထဲက အဲကွန်းကို လွန်ခဲ့သော တနာရီလောက်ကတည်းက ရုံးစေကို ဖွင့်ခိုင်းထားသည်။ သူရုံးကို ရောက်လာပြီး ကားပေါ်က ဆင်းလိုက်သည့်အခါတွင် ကားထဲက ဖိုင်အတွဲလိုက်ကို ရုံးစေက လာယူသည်။ ထိုဖိုင်တွဲများသည် လူအထင်ကြီးစေရန်နှင့် အလုပ်တကယ်လုပ်ကြောင်း ပြရန်သာဖြစ်သည်။ ဖိုင်ထဲတွင် တွဲထားသော စာတွေက ဘာတွေမှန်း ထိုလူကြီးမင်း ယခုတိုင်မသိ။ ဖတ်လည်းမကြည့်။

ထိုဖိုင်တွဲများကို အစည်းအဝေးခန်းတွင် အစည်းအဝေးများ လုပ်သည့် အခါ၌လည်း လူကြီးမင်းရှေ့ရှိ စားပွဲတွင် အထပ်လိုက် တင်ပေးထားရသည်။ သို့သော် အစည်းအဝေးပြီးသည်အထိ တချက်မျှ ဖွင့်မကြည့်။ လူကြီးမင်းက စားပွဲပေါ်မှ ခေါင်းလောင်းလေးကို နှိပ်လိုက်သည်။ "တင်" ရုံးလုလင်တယောက်က အခန်းတံခါးခေါက်ပြီး ဝင်လာသည်။

"အမိန့်ရှိပါ"

"စာတော်ဖတ်ကိုခေါ်လိုက်"

မကြာမီ စာတော်ဖတ်သည် ဖိုင်တွဲတခုကို ပိုက်ကာ လူကြီးမင်းရုံးခန်းထဲကို ရောက်လာသည်။

"ထိုင်ကွယ် ဒီနေ့ ဘာတွေ ထူးသလဲကွယ့်"

စာတော်ဖတ်က ယနေ့အတွက် ဆိုရှယ်မီဒီယာပေါင်းစုံက ထူးခြားသည့် သတင်းတွေကို သူ့အားတင်ပြသည်။ လူကြီးမင်းက ခေါင်းတညိတ်ညိတ်နှင့် နားထောင်သည်။ သူ့အထက် အထက် ဟိုးအထက်က လူကြီးကြီးမင်းတွေနှင့် တွေ့လျှင် သူမည်မျှ ဗဟုသုတရှိကြောင်း နှံ့စပ်ကြောင်း၊ မည်မျှဖတ်ထားကြောင်း ပြောနိုင်ရန်အတွက် စာတော်ဖတ်ကို လစာပေးကာ ခန့်ထားခြင်းဖြစ်သည်။

"ကောင်းပြီး ဒီနေ့အတွက် မှတ်သားစရာလေး တခုလောက် ပြောစမ်း"

စာတော်ဖတ်က ဆိုသည်။ တနေ့တွင် ဇင်ဆရာတော် နန်အင်းထံ ပါမောက္ခကြီးတဦး ရောက်လာသည်။ ဆရာတော်ကို ပါမောက္ခကြီးက ရှိခိုးပြီးလျှင်

"ဆရာတော်ဘုရား တပည့်တော်ကို တခုခု သင်ပေးကာ လမ်းညွှန်မှု ပြုတော်မူပါဘုရား"

"ကောင်းပြီ ဒကာကြီး ရေနွေးကြမ်းများ သောက်ပါဦး"

ဆရာတော်က ပါမောက္ခကြီးရှေ့တွင် လက်ဖက်ရည် ပန်းကန်တလုံးကို ချပေးလိုက်ပြီး သူ့ရှေ့ရှိ ခရားထဲမှ ရေနွေးကို ငှဲ့ပေးသည်။

"ကျေးဇူးတင်ပါတယ်ဘုရား"

ဆရာတော်က ရေနွေးကို ပန်းကန်ထဲ လောင်းထည့်နေသည်။ ရေနွေးက ပြည့်နေသည့်တိုင်အောင် ဆရာတော်က မရပ်မနား ဆက်ပြီး လောင်းထည့်နေသည်။

"ဆရာတော်ဘုရား ရေနွေးက ပြည့်နေပါပြီဘုရား" ဆရာတော်က သူ့ကိုဘာမျှ မပြော၊ ဆက်ပြီးတော့သာ ရေနွေးကို လောင်းထည့် နေသည်။

"ဆရာတော်ဘုရား ရေနွေးက ပြည့်နေပြီ ဘုရား"

ဆရာတော်က ရေနွေးထည့်ခြင်းကို ရပ်လိုက်သည်။

"ဒကာကြီး ဟောဒီရေနွေးခွက်ကို သတိထားမိပါသလား"

"ဘာကို ဆိုလိုပါသလဲဘုရား"

"ဒကာကြီး ပြည့်နေတဲ့ ခွက်ထဲကို ထပ်ထည့်လို့ မရဘူး။ ထပ်ထည့်ရင် ဒီလိုပဲ လျှံထွက်ကုန်လိမ့်မယ်။ ဒကာကြီးခေါင်းထဲမှာ အပြည့်ပဲ ငါထပ်ထည့်လို့ ရမယ်မထင်ဘူး" ယနေ့အဖို့ ဤမျှသာ။

လူကြီးမင်းက စာတော်ဖတ်ကို ပြောလိုက်သည်။

"ကောင်းပါ့ကွယ် ဒီနေ့အတွက် ကြားလိုက်ရတာ ကောင်းပါပေ့။ ဘာပြောပြော အစည်းအဝေးရောက်ရင် ကိုးကားပြီး ပြောစရာတခုတော့ ရပြီပေါ့"

ထိုစဉ် လူကြီးမင်းဆီကို ဖုန်းရောက်လာသည်။ "ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့" လူကြီးမင်းက ဖုန်းပြောပြီးနောက် သူ့ရှေ့ရှိ ခေါင်းလောင်းကို နှိပ်လိုက်သည်။ "တင်" ရုံးလုလင်က ပြေးဝင်လာသည်။

"ဒရိုင်ဘာကို ကားအသင့် ပြင်ခိုင်းထားလိုက် ငါသွားစရာရှိတယ်"

မကြာမီ လူကြီးမင်းသည် ဘုန်းကြီးကျောင်းကို ရောက်လာသည်။ ဆရာတော်ကို ဝတ်ပြုလိုက်သည်။ ဆရာတော်ရှေ့တွင် ရေနွေးဗန်း ရှိနေသည်။ သူက မနက်က စာတော်ဖတ် ပြောသည်ကို သတိရပြီး

"တပည့်တော် ရေနွေးသောက်ပါရစေဘုရား"

"ထည့်သောက်"

လူကြီးမင်း ဘာဆက်လုပ်ရမှန်းမသိ။ သို့သော် ဘုန်းကြီးကို တရားပြဦးမည်ဟု ကြံကာ ရေနွေးကို ခွက်ထဲ လောင်းထည့်သည်။ ဆရာတော်က ကြည့်နေသည်။ သူက ဆက်လောင်းသည်။ ဆရာတော်က မေးသည်။

"ဒကာကြီး ဘာလုပ်နေတာလဲ"

လူကြီးမင်းက ရပ်လိုက်ပြီး ပြုံးကာ

"တပည့်တော် မနက်က ဖတ်လာတဲ့ ပုံပြင်လေးတပုဒ်ကို ပြောခွင့်ပြုပါဘုရား"

"ပြောပေါ့"

သူက မှတ်မိသလောက် ပုံပြင်ကို ပြောပြသည်။ ဆရာတော်က ခေါင်းညိတ်ကာ နားထောင်နေသည်။ လူကြီးမင်းက ဆရာတော်ကို

"အရှင်ဘုရား ပြည့်နေတဲ့အထဲကို ထပ်ပြီး ထည့်လို့မရတော့ပါဘုရား"

"ဘာက ပြည့်နေတာလဲဒကာ"

"ရေနွေးခွက်ထဲမှာ ပြည့်နေတာကို ပြောတာပါဘုရား"

ဆရာတော်က ပြုံးလိုက်သည်။ ထို့နောက် တလုံးချင်း ပြန်ပြောလိုက်သည်။

"ဒကာကြီး ဒကာကြီး ထည့်တဲ့ ရေနွေးခွက်ကိုလည်း ပြန်ကြည့်လိုက်ဦး၊ မှောက်ထားတဲ့ ခွက်ထဲကိုဘယ်က ရေနွေးထည့်လို့ရမှာလဲ။ ခွက်ကို မလှန်ပဲ ရေနွေး လောင်းထည့်နေတာ ထူးဆန်းလိုက်တာ။ ဒကာကြီး ပြောတဲ့ ပုံပြင်ထဲက ပါမောက္ခကြီးက ပြည့်နေတာ၊ ဒကာကြီးမှာက ဘာမှကို ပါလာဟန် မတူဘူး" တင်ညွန့်

Zawgyi

လူႀကီးမင္း၏ ေရေႏြးခြက္

လူႀကီးမင္းသည္ ႐ုံးကို ႂကြခ်ီေတာ္မူလာသည္။ သူ႔႐ုံးခန္းထဲက အဲကြန္းကို လြန္ခဲ့ေသာ တနာရီေလာက္ကတည္းက ႐ုံးေစကို ဖြင့္ခိုင္းထားသည္။ သူ႐ုံးကို ေရာက္လာၿပီး ကားေပၚက ဆင္းလိုက္သည့္အခါတြင္ ကားထဲက ဖိုင္အတြဲလိုက္ကို ႐ုံးေစက လာယူသည္။ ထိုဖိုင္တြဲမ်ားသည္ လူအထင္ႀကီးေစရန္ႏွင့္ အလုပ္တကယ္လုပ္ေၾကာင္း ျပရန္သာျဖစ္သည္။ ဖိုင္ထဲတြင္ တြဲထားေသာ စာေတြက ဘာေတြမွန္း ထိုလူႀကီးမင္း ယခုတိုင္မသိ။ ဖတ္လည္းမၾကည့္။

ထိုဖိုင္တြဲမ်ားကို အစည္းအေဝးခန္းတြင္ အစည္းအေဝးမ်ား လုပ္သည့္ အခါ၌လည္း လူႀကီးမင္းေရွ႕ရွိ စားပြဲတြင္ အထပ္လိုက္ တင္ေပးထားရသည္။ သို႔ေသာ္ အစည္းအေဝးၿပီးသည္အထိ တခ်က္မွ် ဖြင့္မၾကည့္။ လူႀကီးမင္းက စားပြဲေပၚမွ ေခါင္းေလာင္းေလးကို ႏွိပ္လိုက္သည္။ "တင္" ႐ုံးလုလင္တေယာက္က အခန္းတံခါးေခါက္ၿပီး ဝင္လာသည္။ "အမိန႔္ရွိပါ" "စာေတာ္ဖတ္ကိုေခၚလိုက္"

မၾကာမီ စာေတာ္ဖတ္သည္ ဖိုင္တြဲတခုကို ပိုက္ကာ လူႀကီးမင္း႐ုံးခန္းထဲကို ေရာက္လာသည္။ "ထိုင္ကြယ္ ဒီေန႔ ဘာေတြ ထူးသလဲကြယ့္" စာေတာ္ဖတ္က ယေန႔အတြက္ ဆိုရွယ္မီဒီယာေပါင္းစုံက ထူးျခားသည့္ သတင္းေတြကို သူ႔အားတင္ျပသည္။ လူႀကီးမင္းက ေခါင္းတညိတ္ညိတ္ႏွင့္ နားေထာင္သည္။ သူ႔အထက္ အထက္ ဟိုးအထက္က လူႀကီးႀကီးမင္းေတြႏွင့္ ေတြ႕လွ်င္ သူမည္မွ် ဗဟုသုတရွိေၾကာင္း ႏွံ႔စပ္ေၾကာင္း၊ မည္မွ်ဖတ္ထားေၾကာင္း ေျပာႏိုင္ရန္အတြက္ စာေတာ္ဖတ္ကို လစာေပးကာ ခန႔္ထားျခင္းျဖစ္သည္။ "ေကာင္းၿပီး ဒီေန႔အတြက္ မွတ္သားစရာေလး တခုေလာက္ ေျပာစမ္း"

စာေတာ္ဖတ္က ဆိုသည္။ တေန႔တြင္ ဇင္ဆရာေတာ္ နန္အင္းထံ ပါေမာကၡႀကီးတဦး ေရာက္လာသည္။ ဆရာေတာ္ကို ပါေမာကၡႀကီးက ရွိခိုးၿပီးလွ်င္ "ဆရာေတာ္ဘုရား တပည့္ေတာ္ကို တခုခု သင္ေပးကာ လမ္းၫႊန္မႈ ျပဳေတာ္မူပါဘုရား" "ေကာင္းၿပီ ဒကာႀကီး ေရေႏြးၾကမ္းမ်ား ေသာက္ပါဦး"

ဆရာေတာ္က ပါေမာကၡႀကီးေရွ႕တြင္ လက္ဖက္ရည္ ပန္းကန္တလုံးကို ခ်ေပးလိုက္ၿပီး သူ႔ေရွ႕ရွိ ခရားထဲမွ ေရေႏြးကို ငွဲ႔ေပးသည္။ "ေက်းဇူးတင္ပါတယ္ဘုရား" ဆရာေတာ္က ေရေႏြးကို ပန္းကန္ထဲ ေလာင္းထည့္ေနသည္။ ေရေႏြးက ျပည့္ေနသည့္တိုင္ေအာင္ ဆရာေတာ္က မရပ္မနား ဆက္ၿပီး ေလာင္းထည့္ေနသည္။ "ဆရာေတာ္ဘုရား ေရေႏြးက ျပည့္ေနပါၿပီဘုရား" ဆရာေတာ္က သူ႔ကိုဘာမွ် မေျပာ၊ ဆက္ၿပီးေတာ့သာ ေရေႏြးကို ေလာင္းထည့္ ေနသည္။ "ဆရာေတာ္ဘုရား ေရေႏြးက ျပည့္ေနၿပီ ဘုရား"

ဆရာေတာ္က ေရေႏြးထည့္ျခင္းကို ရပ္လိုက္သည္။ "ဒကာႀကီး ေဟာဒီေရေႏြးခြက္ကို သတိထားမိပါသလား" "ဘာကို ဆိုလိုပါသလဲဘုရား" "ဒကာႀကီး ျပည့္ေနတဲ့ ခြက္ထဲကို ထပ္ထည့္လို႔ မရဘူး။ ထပ္ထည့္ရင္ ဒီလိုပဲ လွ်ံထြက္ကုန္လိမ့္မယ္။ ဒကာႀကီးေခါင္းထဲမွာ အျပည့္ပဲ ငါထပ္ထည့္လို႔ ရမယ္မထင္ဘူး" ယေန႔အဖို႔ ဤမွ်သာ။

လူႀကီးမင္းက စာေတာ္ဖတ္ကို ေျပာလိုက္သည္။ "ေကာင္းပါ့ကြယ္ ဒီေန႔အတြက္ ၾကားလိုက္ရတာ ေကာင္းပါေပ့။ ဘာေျပာေျပာ အစည္းအေဝးေရာက္ရင္ ကိုးကားၿပီး ေျပာစရာတခုေတာ့ ရၿပီေပါ့"

ထိုစဥ္ လူႀကီးမင္းဆီကို ဖုန္းေရာက္လာသည္။ "ဟုတ္ကဲ့၊ ဟုတ္ကဲ့၊ ဟုတ္ကဲ့၊ ဟုတ္ကဲ့" လူႀကီးမင္းက ဖုန္းေျပာၿပီးေနာက္ သူ႔ေရွ႕ရွိ ေခါင္းေလာင္းကို ႏွိပ္လိုက္သည္။ "တင္" ႐ုံးလုလင္က ေျပးဝင္လာသည္။ "ဒ႐ိုင္ဘာကို ကားအသင့္ ျပင္ခိုင္းထားလိုက္ ငါသြားစရာရွိတယ္"

မၾကာမီ လူႀကီးမင္းသည္ ဘုန္းႀကီးေက်ာင္းကို ေရာက္လာသည္။ ဆရာေတာ္ကို ဝတ္ျပဳလိုက္သည္။ ဆရာေတာ္ေရွ႕တြင္ ေရေႏြးဗန္း ရွိေနသည္။ သူက မနက္က စာေတာ္ဖတ္ ေျပာသည္ကို သတိရၿပီး "တပည့္ေတာ္ ေရေႏြးေသာက္ပါရေစဘုရား" "ထည့္ေသာက္"

လူႀကီးမင္း ဘာဆက္လုပ္ရမွန္းမသိ။ သို႔ေသာ္ ဘုန္းႀကီးကို တရားျပဦးမည္ဟု ႀကံကာ ေရေႏြးကို ခြက္ထဲ ေလာင္းထည့္သည္။ ဆရာေတာ္က ၾကည့္ေနသည္။ သူက ဆက္ေလာင္းသည္။ ဆရာေတာ္က ေမးသည္။ "ဒကာႀကီး ဘာလုပ္ေနတာလဲ" လူႀကီးမင္းက ရပ္လိုက္ၿပီး ၿပဳံးကာ "တပည့္ေတာ္ မနက္က ဖတ္လာတဲ့ ပုံျပင္ေလးတပုဒ္ကို ေျပာခြင့္ျပဳပါဘုရား" "ေျပာေပါ့"

သူက မွတ္မိသေလာက္ ပုံျပင္ကို ေျပာျပသည္။ ဆရာေတာ္က ေခါင္းညိတ္ကာ နားေထာင္ေနသည္။ လူႀကီးမင္းက ဆရာေတာ္ကို "အရွင္ဘုရား ျပည့္ေနတဲ့အထဲကို ထပ္ၿပီး ထည့္လို႔မရေတာ့ပါဘုရား" "ဘာက ျပည့္ေနတာလဲဒကာ" "ေရေႏြးခြက္ထဲမွာ ျပည့္ေနတာကို ေျပာတာပါဘုရား"

ဆရာေတာ္က ၿပဳံးလိုက္သည္။ ထို႔ေနာက္ တလုံးခ်င္း ျပန္ေျပာလိုက္သည္။ "ဒကာႀကီး ဒကာႀကီး ထည့္တဲ့ ေရေႏြးခြက္ကိုလည္း ျပန္ၾကည့္လိုက္ဦး၊ ေမွာက္ထားတဲ့ ခြက္ထဲကိုဘယ္က ေရေႏြးထည့္လို႔ရမွာလဲ။ ခြက္ကို မလွန္ပဲ ေရေႏြး ေလာင္းထည့္ေနတာ ထူးဆန္းလိုက္တာ။ ဒကာႀကီး ေျပာတဲ့ ပုံျပင္ထဲက ပါေမာကၡႀကီးက ျပည့္ေနတာ၊ ဒကာႀကီးမွာက ဘာမွကို ပါလာဟန္ မတူဘူး" တင္ၫြန႔္