Luiz Augusto Marcio Marques ဆိုတဲ့ ကောင်လေးကိုကြည့်လိုက်ရင် အသက် ၁၃ နှစ်အရွယ်လို့သာ ထင်ရပါတယ်။ ဒါပေမယ့် သူ့ရဲ့အသက်က ၂၃ နှစ်ရှိပါပြီ။ ခန္ဓာကိုယ်ထဲမှာ အလွန်တွေ့ရခဲတဲ့အကျိတ်ကို ခွဲစိတ်ပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ကြီးထွားနှုန်းက ရပ်တန့်သွားခဲ့ပါတယ်။

Luiz က ဘရာဇီးနိုင်ငံတောင်ပိုင်းက Passo Fundo မြို့မှာနေထိုင်ပါတယ်။ အသက် ၇ နှစ်အရွယ်အထိ သူ့ရဲ့ကျန်းမာရေးက ပုံမှန်ပါပဲ။ ဒါပေမယ့် အသက် ၇ နှစ်နောက်ပိုင်းမှာတော့ ပြင်းထန်တဲ့ခေါင်းကိုက်ရောဂါကို စတင်ခံစားလာရပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ရောဂါကို ရှာဖွေပေမယ့်လည်း မတွေ့ခဲ့ပါဘူး။ ခေါင်းကိုက်တာကြောင့် ကျောင်းတက်တဲ့အခါ အခက်အခဲဖြစ်လာပါတယ်။

အချို့ကလည်း စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုကြောင့် ခေါင်းကိုက်တယ်လို့ ပြောသလို ကျောင်းမတက်ချင်တာကြောင့် အကြောင်းရှာတယ်လို့လည်း ပြောကြပါတယ်။ တကယ်တမ်းတော့ Luiz ရဲ့ဦးနှောက်ထဲမှာ အကျိတ်ဖြစ်ပေါ်နေခဲ့တာပါ။ အဲဒီအကျိတ်က လူတစ်သန်းမှာ တစ်ယောက်လောက်သာ တွေ့နိုင်ပါတယ်။ ဆရာဝန်တွေက ဦးနှောက်ရဲ့အကျိတ်ကို ခွဲစိတ်ပြီးနောက်မှာလည်း အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းကြောင်း ပြောပါတယ်။

ခွဲစိတ်မှုက အောင်မြင်သွားခဲ့ပြီး Luiz လည်း ပုံမှန်လူတစ်ယောက်လို စကားပြောနိုင်၊ လမ်းလျှောက်နိုင်၊ မျက်လုံးတွေကို ကစားနိုင်ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုတော့ ထိခိုက်သွားပါတယ်။ အသက်ရှင်နိုင်ပေမယ့်လည်း ခန္ဓာကိုယ်က ဆယ်ကျော်သက်ကလေးတစ်ယောက်လို ဖြစ်သွားခဲ့ပါတယ်။

ခန္ဓာကိုယ်က ကြီးထွားမှု ရပ်တန့်သွားတဲ့အခါ Luiz ရဲ့ဘဝမှာ အများကြီးပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ် မကြီးထွားတော့တာကို လက်မခံနိုင်တော့ဘဲ ဘယ်သူငယ်ချင်းနဲ့မှ စကားမပြောတော့ပါဘူး။

တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်အပေါ် လက်ခံလာနိုင်ပါတယ်။ ရွယ်တူတွေနဲ့ စကားမပြောတော့ဘဲ အသက် ၃၀၊ ၄၀ ခန့်ရှိတဲ့လူကြီးတွေနဲ့သာ ပြောပါတော့တယ်။ အခုဆိုရင် Luiz က အသက် ၂၃ နှစ်ရှိပြီး အရပ်က ၁.၆၂ စင်တီမီတာရှိပါတယ်။ ကိုယ်အလေးချိန်က ၅၀ ကီလိုဂရမ်ရှိပါတယ်။ ဦးနှောက်နဲ့ပတ်သက်ပြီး ဦးခေါင်းကို ၁၂ ကြိမ်ခွဲစိတ်ခဲ့ရတာကြောင့် အသက်ရှင်ခွင့်ရတာကို Luiz က အရမ်းကို ဝမ်းသာနေပါတယ်။

Zombie (lovemedia)

for zawgyi

ရွားပါးလြန္းတဲ့ေရာဂါေၾကာင့္ မအိုသြားဘဲ ဆယ္ေက်ာ္သက္တစ္ေယာက္လို ႏုပ်ိဳေနသူ

Luiz Augusto Marcio Marques ဆိုတဲ့ ေကာင္ေလးကိုၾကည့္လိုက္ရင္ အသက္ ၁၃ ႏွစ္အ႐ြယ္လို႔သာ ထင္ရပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕အသက္က ၂၃ ႏွစ္ရွိပါၿပီ။ ခႏၶာကိုယ္ထဲမွာ အလြန္ေတြ႕ရခဲတဲ့အက်ိတ္ကို ခြဲစိတ္ၿပီးေနာက္မွာ သူ႔ရဲ႕ခႏၶာကိုယ္ႀကီးထြားႏႈန္းက ရပ္တန႔္သြားခဲ့ပါတယ္။

Luiz က ဘရာဇီးႏိုင္ငံေတာင္ပိုင္းက Passo Fundo ၿမိဳ႕မွာေနထိုင္ပါတယ္။ အသက္ ၇ ႏွစ္အ႐ြယ္အထိ သူ႔ရဲ႕က်န္းမာေရးက ပုံမွန္ပါပဲ။ ဒါေပမယ့္ အသက္ ၇ ႏွစ္ေနာက္ပိုင္းမွာေတာ့ ျပင္းထန္တဲ့ေခါင္းကိုက္ေရာဂါကို စတင္ခံစားလာရပါတယ္။ ဆရာဝန္ေတြက သူ႔ရဲ႕ေရာဂါကို ရွာေဖြေပမယ့္လည္း မေတြ႕ခဲ့ပါဘူး။ ေခါင္းကိုက္တာေၾကာင့္ ေက်ာင္းတက္တဲ့အခါ အခက္အခဲျဖစ္လာပါတယ္။

အခ်ိဳ႕ကလည္း စိတ္ပိုင္းဆိုင္ရာျပႆနာတစ္ခုခုေၾကာင့္ ေခါင္းကိုက္တယ္လို႔ ေျပာသလို ေက်ာင္းမတက္ခ်င္တာေၾကာင့္ အေၾကာင္းရွာတယ္လို႔လည္း ေျပာၾကပါတယ္။ တကယ္တမ္းေတာ့ Luiz ရဲ႕ဦးေႏွာက္ထဲမွာ အက်ိတ္ျဖစ္ေပၚေနခဲ့တာပါ။ အဲဒီအက်ိတ္က လူတစ္သန္းမွာ တစ္ေယာက္ေလာက္သာ ေတြ႕ႏိုင္ပါတယ္။ ဆရာဝန္ေတြက ဦးေႏွာက္ရဲ႕အက်ိတ္ကို ခြဲစိတ္ၿပီးေနာက္မွာလည္း အသက္ရွင္ဖို႔ ရာခိုင္ႏႈန္းနည္းေၾကာင္း ေျပာပါတယ္။

ခြဲစိတ္မႈက ေအာင္ျမင္သြားခဲ့ၿပီး Luiz လည္း ပုံမွန္လူတစ္ေယာက္လို စကားေျပာႏိုင္၊ လမ္းေလွ်ာက္ႏိုင္၊ မ်က္လုံးေတြကို ကစားႏိုင္ျဖစ္လာပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ခႏၶာကိုယ္ႀကီးထြားဖြံ႕ၿဖိဳးမႈကိုေတာ့ ထိခိုက္သြားပါတယ္။ အသက္ရွင္ႏိုင္ေပမယ့္လည္း ခႏၶာကိုယ္က ဆယ္ေက်ာ္သက္ကေလးတစ္ေယာက္လို ျဖစ္သြားခဲ့ပါတယ္။

ခႏၶာကိုယ္က ႀကီးထြားမႈ ရပ္တန႔္သြားတဲ့အခါ Luiz ရဲ႕ဘဝမွာ အမ်ားႀကီးေျပာင္းလဲသြားခဲ့ပါတယ္။ သူ႔ရဲ႕ခႏၶာကိုယ္ မႀကီးထြားေတာ့တာကို လက္မခံႏိုင္ေတာ့ဘဲ ဘယ္သူငယ္ခ်င္းနဲ႔မွ စကားမေျပာေတာ့ပါဘူး။

တျဖည္းျဖည္းအ႐ြယ္ေရာက္လာတဲ့အခါမွာေတာ့ ခႏၶာကိုယ္အေပၚ လက္ခံလာႏိုင္ပါတယ္။ ႐ြယ္တူေတြနဲ႔ စကားမေျပာေတာ့ဘဲ အသက္ ၃၀၊ ၄၀ ခန႔္ရွိတဲ့လူႀကီးေတြနဲ႔သာ ေျပာပါေတာ့တယ္။ အခုဆိုရင္ Luiz က အသက္ ၂၃ ႏွစ္ရွိၿပီး အရပ္က ၁.၆၂ စင္တီမီတာရွိပါတယ္။ ကိုယ္အေလးခ်ိန္က ၅၀ ကီလိုဂရမ္ရွိပါတယ္။ ဦးေႏွာက္နဲ႔ပတ္သက္ၿပီး ဦးေခါင္းကို ၁၂ ႀကိမ္ခြဲစိတ္ခဲ့ရတာေၾကာင့္ အသက္ရွင္ခြင့္ရတာကို Luiz က အရမ္းကို ဝမ္းသာေနပါတယ္။

Zombie (lovemedia)