ဖားတွေဟာ ခရီးအဝေးကြီး တခုကို သွားချင်နေကြတယ်။ ဒါပေမယ့် သူ့တို့ခန္ဓာကိုယ်ရဲ့ သဘာဝက ခုန်သွားမှ ရတာဆိုတော့ ဝေးလွန်းတဲ့ ခရီးကို သွားဖို့အတွက် ကြာရှည် မခုန်နိုင်ကြဘူးပေါ့။
ဒီတော့ ဖားတွေဟာ ခရီးသွားဖို့ လမ်းကြုံမီးရထားလို ယာဉ်တခု လိုအပ်လာတယ်။ ခရီးသွားယာဉ် အကူအညီ ရှာကြတော့ ကူညီမယ့်မိတ်ဆွေ ပေါ်လာတယ်။ အဲဒီမိတ်ဆွေက မြွေကြီးပဲ။
အဲဒီမြွေကြီးက ဖားမိသားစု တဆွေတမျိုးလုံးကို သူ့ရဲ့ ကျောကုန်းပေါ် တင်ဆောင်ပြီး ခရီးအဝေးကြီးကို ခေါ်ဆောင်သွားပါတယ်။ အဲဒါ တကယ်ပါပဲ။ မိတ်ဆွေရော ဘယ်လိုထင်ပါသလဲ။
အလွန်သဘောကောင်းတဲ့ ဒီမြွေကြီးဟာ တကယ်တော့ ဖားတွေကို သနားလို့ သူတို့သွားချင်တဲ့ ခရီးကို ပို့ပေးနေတာတော့ မဟုတ်ဘူးဗျ။ ဖားတွေဟာ သူ့ရဲ့ စားနပ်ရိက္ခာတွေလေ။
ဒီတော့ သူက ဖားတွေကို မောင်းမထုတ်ပဲ အသာတကြည် လက်ခံပြီး တင်ဆောင်လာခဲ့တာပေါ့။ ဗိုက်စာတဲ့ အချိန်ကျ ရိက္ခာကို အဆင်သင့် ယူစားလိုက်ယုံပါပဲ။
အို ချစ်မိတ်ဆွေတို့ သတိပေးပါရစေ။ လူ့ပြည် လူ့လောကမှာလည်း အဲ့ဒီလိုမျိုး ကျေးဇူးရှင်ပုံစံနဲ့ ချခင်း ကူညီထားတာ၊ ပေးကျွေးထားတာ၊ ကယ်တင်ထားတာတွေ ရှိတတ်ပါတယ်။ အရာရာကို သတိ အသိနဲ့သာ ဆုံးဖြတ်ပါမိတ်ဆွေ။ crd
Zawgyi
မြွေနဲ့တူသော လူများ