ဂျပန်နိုင်ငံကမိခင်တွေက ကလေးတွေကို တွန်းလှည်းထဲ ထည့်သယ်တာထက် ကျောပေါ်ကိုပိုးပြီး ခေါ်သွားတတ်ကြတာ များပါတယ်။ အမျိုးသမီး ၅ ယောက်မှာ ၄ ယောက်က ကလေးတွေကို ကျောပေါ်တင်ပြီး ကျောပိုးထားတာကို သင်မြင်တွေ့ ရပါလိမ့်မယ်။

ကလေးတွေကို ဘာလို့ တွန်းလှည်းထဲ ထည့်သယ်တာထက် ကျောပိုးမှာပိုးသွားတာ အကြောင်းရင်းတွေ ရှိပါတယ်။

၁။ ရိုးရာနည်းလမ်း

သမိုင်းကြောင်းအရ ပြောရလျှင် ကလေးငယ်တွေကို "နောက်ကျောသယ်သိုင်းကြိုး" လို့ခေါ်တဲ့ "Onbuhimos" ကို အသုံးပြုပြီး နောက်ကျောပေါ်မှာ သယ်ဆောင်ကြပါတယ်။ ဒီသိုင်းကြိုးကို ပျော့ပျောင်းနူးညံ့တဲ့ အထည်နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီးတော့ ကလေးကို ကျောပေါ်တင်ဆောင် ထားတဲ့အချိန်မှာ နောက်ဘက်ကိုလှည့်ကြည့်နိုင်အောင်လည်း လုပ်ထားပါတယ်။

အဲဒီခေတ်အချိန်က မိခင်တွေဟာ သူတို့ရဲ့ ရင်သွေးတွေကို လယ်ကွင်းတွေဆီကို ခေါ်ဆောင်လာပြီး အလုပ်လုပ်ရတာ ဖြစ်တာကြောင့် သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်ရန် အသင့်တော်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

၂။ မိခင်နှင့် ကလေးကြားမှာ ပိုပြီးနီးစပ်မှု ရှိစေတယ်။

မိခင်နှင့်ကလေး ဆက်ဆံရေးဟာ နက်ရှိုင်းပေမယ့်လည်း ဂျပန်မိခင်တွေနှင့် သူတို့ရဲ့ ရင်သွေးကြား တွယ်တာမှုက ပိုခိုင်မာတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို အလွန်တန်ဖိုးထားတာကြောင့် ဖြစ်ပါတယ်။ မိဘတွေဟာ ငယ်ရွယ်စဉ်ကတည်းက ကလေးတွေနှင့် လှုပ်ရှားမှုတွေကို တူတူမျှဝေကြပြီး သူတို့နဲ့ ရုပ်ပိုင်းဆိုင်ရာ နီးစပ်စေတဲ့ အခွင့်အရေးကို လက်လွတ်မခံ တတ်ကြပါဘူး။

၃။ ကလေးရဲ့ နှလုံးခုန်နှုန်းကို ငြိမ်စေတယ်။

ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ရင်သွေးငယ် ၁၂ ယောက်ရဲ့ ကျန်းမာနေတဲ့ လျှို့ဝှက်နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။ မိခင်က ကျောပိုးပြီးသွားတဲ့ကလေးဟာ နှလုံးခုန်နှုန်း နှေးကွေးပြီးတော့ ချက်ချင်းကို စိတ်အေးလက်အေး ခံစားနေရကြောင်း သက်သေပြခဲ့ပါတယ်။

တူညီတဲ့ လေလာမှုတွေအရ တွန်းလှည်းထဲထည့်သယ်သွားတဲ့ ကလေးတွေထက် မိခင်ရဲ့ ကျောပေါ်မှာပိုးပြီး လိုက်လာတဲ့ကလေးက ပိုပြီး စိတ်အေးလက်အေးနှင့် အေးဆေးတည်ငြိမ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

၄။ အများသူငှာ သယ်ယူပို့ဆောင်ရေးနဲ့ စီးတဲ့အခါမှာလည်း နေရာသိပ်မယူဘူး။

ဂျပန်နိုင်ငံမှာ အများသူငှာ သယ်ယူပို့ဆောင်ရေးကို အသုံးပြုများတာကြောင့် တိုကျိုမြို့တစ်ဝိုက် သို့မဟုတ် အခြားမြို့တွေကို ဘတ်စ်ကား၊ မြေအောက်ရထား ဒါမှမဟုတ် မီးရထားနဲ့ ခရီးသွားလိုတဲ့ မိခင်တွေဟာ နေရာသိပ်မယူပဲ သူများကို အနှောင့်အယှက်မဖြစ်စေပဲ အဆင်ပြေစေတဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။

ကလေးတွေကို တွန်းလှည်းထဲမှာ ထည့်မယ့်အစား ကိုယ်တိုင်ပဲ ချီပိုးသွားကြပါတော့တယ်။ ဒီလို သယ်သွားတာက နေရာသိပ်မယူတဲ့အပြင် ရထားအတက်အဆင်း၊ ကားအတက်အဆင်းတွေမှာလည်း တွန်းလှည်းဘီးတွေ ညှပ်နေမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

၅။ ဂျပန်မှာ ကလေးချီတဲ့ ကျောပိုးအိတ်တွေ ပုံစံမျိုးစုံ ရှိပါတယ်။

Onbuhimo ဟာ ဂျပန်ရိုးရာ ကလေးကယ်ရီယာ ဖြစ်နေတာကြောင့် အခုအချိန်မှာ ဒီဇိုင်းတွေဟာ အရင်ကထက် ပိုပြီးတော့ အဆင့်မြင့်လာပါတယ်။ ပျော့ပျောင်းနူးညံ့တဲ့ အထည်တွေနှင့် ပိုမိုဆန်းသစ်တဲ့ ကလေးကျောပိုးအိတ်တွေကို ဈေးကွက်ထဲမှာ စိတ်ကြိုက်ရွေးချယ် နိုင်ပါပြီ။

Zombie (lovemedia)

for zawgyi

ဂ်ပန္မိခင္ေတြက ကေလးကို တြန္းလွည္းထဲမထည့္ပဲ ခ်ီပိုးၾကတဲ့အေၾကာင္းအရင္း (၅) ခ်က္

ဂ်ပန္ႏိုင္ငံက မိခင္ေတြက ကေလးေတြကို တြန္းလွည္းထဲ ထည့္သယ္တာထက္ ေက်ာေပၚကို ပိုးၿပီးပဲ ေခၚသြားတတ္ၾကတာ မ်ားပါတယ္။ အမ်ိဳးသမီး ၅ ေယာက္မွာ ၄ ေယာက္က ကေလးေတြကို ေက်ာေပၚတင္ၿပီး ေက်ာပိုးထားတာကို သင္ျမင္ေတြ႕ ရပါလိမ့္မယ္။ ကေလးေတြကို ဘာလို႔ တြန္းလွည္းထဲ ထည့္သယ္တာထက္ ေက်ာပိုးမွာပိုးသြားတာ အေၾကာင္းရင္းေတြ ရွိပါတယ္။

၁။ ႐ိုးရာနည္းလမ္း

သမိုင္းေၾကာင္းအရ ေျပာရလွ်င္ ကေလးငယ္ေတြကို "ေနာက္ေက်ာသယ္သိုင္းႀကိဳး" လို႔ေခၚတဲ့ "Onbuhimos" ကို အသုံးျပဳၿပီး ေနာက္ေက်ာေပၚမွာ သယ္ေဆာင္ၾကပါတယ္။ ဒီသိုင္းႀကိဳးကို ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ အထည္နဲ႔ ျပဳလုပ္ထားတာ ျဖစ္ၿပီးေတာ့ ကေလးကို ေက်ာေပၚတင္ေဆာင္ ထားတဲ့အခ်ိန္မွာ ေနာက္ဘက္ကိုလွည့္ၾကည့္ႏိုင္ေအာင္လည္း လုပ္ထားပါတယ္။ အဲဒီေခတ္အခ်ိန္က မိခင္ေတြဟာ သူတို႔ရဲ႕ ရင္ေသြးေတြကို လယ္ကြင္းေတြဆီကို ေခၚေဆာင္လာၿပီး အလုပ္လုပ္ရတာ ျဖစ္တာေၾကာင့္ သားသမီးေတြကို ၾကည့္ရႈေစာင့္ေရွာက္ရန္ အသင့္ေတာ္ဆုံးနည္းလမ္းပဲ ျဖစ္ပါတယ္။

၂။ မိခင္ႏွင့္ ကေလးၾကားမွာ ပိုၿပီးနီးစပ္မႈ ရွိေစတယ္။

မိခင္ႏွင့္ကေလး ဆက္ဆံေရးဟာ နက္ရႈိင္းေပမယ့္လည္း ဂ်ပန္မိခင္ေတြႏွင့္ သူတို႔ရဲ႕ ရင္ေသြးၾကား တြယ္တာမႈက ပိုခိုင္မာတယ္လို႔ ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ႐ုပ္ပိုင္းဆိုင္ရာ ဆက္သြယ္မႈကို အလြန္တန္ဖိုးထားတာေၾကာင့္ ျဖစ္ပါတယ္။ မိဘေတြဟာ ငယ္႐ြယ္စဥ္ကတည္းက ကေလးေတြႏွင့္ လႈပ္ရွားမႈေတြကို တူတူမွ်ေဝၾကၿပီး သူတို႔နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ နီးစပ္ေစတဲ့ အခြင့္အေရးကို လက္လြတ္မခံ တတ္ၾကပါဘူး။

၃။ ကေလးရဲ႕ ႏွလုံးခုန္ႏႈန္းကို ၿငိမ္ေစတယ္။

ဂ်ပန္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရ ရင္ေသြးငယ္ ၁၂ ေယာက္ရဲ႕ က်န္းမာေနတဲ့ လွ်ိဳ႕ဝွက္နည္းလမ္းကို ေတြ႕ရွိခဲ့ပါတယ္။ မိခင္က ေက်ာပိုးၿပီးသြားတဲ့ကေလးဟာ ႏွလုံးခုန္ႏႈန္း ေႏွးေကြးၿပီးေတာ့ ခ်က္ခ်င္းကို စိတ္ေအးလက္ေအး ခံစားေနရေၾကာင္း သက္ေသျပခဲ့ပါတယ္။ တူညီတဲ့ ေလလာမႈေတြအရ တြန္းလွည္းထဲထည့္သယ္သြားတဲ့ ကေလးေတြထက္ မိခင္ရဲ႕ ေက်ာေပၚမွာပိုးၿပီး လိုက္လာတဲ့ကေလးက ပိုၿပီး စိတ္ေအးလက္ေအးႏွင့္ ေအးေဆးတည္ၿငိမ္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

၄။ အမ်ားသူငွာ သယ္ယူပို႔ေဆာင္ေရးနဲ႔ စီးတဲ့အခါမွာလည္း ေနရာသိပ္မယူဘူး။

ဂ်ပန္ႏိုင္ငံမွာ အမ်ားသူငွာ သယ္ယူပို႔ေဆာင္ေရးကို အသုံးျပဳမ်ားတာေၾကာင့္ တိုက်ိဳၿမိဳ႕တစ္ဝိုက္ သို႔မဟုတ္ အျခားၿမိဳ႕ေတြကို ဘတ္စ္ကား၊ ေျမေအာက္ရထား ဒါမွမဟုတ္ မီးရထားနဲ႔ ခရီးသြားလိုတဲ့ မိခင္ေတြဟာ ေနရာသိပ္မယူပဲ သူမ်ားကို အေႏွာင့္အယွက္မျဖစ္ေစပဲ အဆင္ေျပေစတဲ့ နည္းလမ္းကို အသုံးျပဳၾကပါတယ္။ ကေလးေတြကို တြန္းလွည္းထဲမွာ ထည့္မယ့္အစား ကိုယ္တိုင္ပဲ ခ်ီပိုးသြားၾကပါေတာ့တယ္။ ဒီလို သယ္သြားတာက ေနရာသိပ္မယူတဲ့အျပင္ ရထားအတက္အဆင္း၊ ကားအတက္အဆင္းေတြမွာလည္း တြန္းလွည္းဘီးေတြ ညႇပ္ေနမွာကို စိုးရိမ္စရာ မလိုေတာ့ပါဘူး။

၅။ ဂ်ပန္မွာ ကေလးခ်ီတဲ့ ေက်ာပိုးအိတ္ေတြ ပုံစံမ်ိဳးစုံ ရွိပါတယ္။

Onbuhimo ဟာ ဂ်ပန္႐ိုးရာ ကေလးကယ္ရီယာ ျဖစ္ေနတာေၾကာင့္ အခုအခ်ိန္မွာ ဒီဇိုင္းေတြဟာ အရင္ကထက္ ပိုၿပီးေတာ့ အဆင့္ျမင့္လာပါတယ္။ ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ အထည္ေတြႏွင့္ ပိုမိုဆန္းသစ္တဲ့ ကေလးေက်ာပိုးအိတ္ေတြကို ေဈးကြက္ထဲမွာ စိတ္ႀကိဳက္ေ႐ြးခ်ယ္ ႏိုင္ပါၿပီ။

Zombie (lovemedia)