မုန့်ကိုတော့ ဝေစားနိုင်မယ်၊ အချစ်ကိုတော့ ဝေမျှမစားနိုင်ဘူး ဆိုတဲ့ စကားအတိုင်းက ကိုယ်ချစ်ရတဲ့သူကို ကိုယ်တစ်ယောက်တည်းကပဲ ချစ်ချင်တာပါ။ ဒါပေမယ့် ထိုင်းနိုင်ငံကအသက် ၄၂ နှစ်အရွယ် Manop Nuttayothin ဆိုတဲ့ အမျိုးသားကတော့ သူ့မှာအချစ်တွေ အများကြီး ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

Manop မှာ ဇနီး ၂ ယောက်နဲ့ ကလေး ၉ ယောက် ရှိပါတယ်။ Manop မှာ ဇနီး ၂ ယောက်ရှိလို့ စိတ်ရှုပ်ရမယ်၊ ပြဿနာပဲ တက်နေလိမ့်မယ်လို့ သင်ထင်ချင်ထင်နေပါလိမ့်မယ်။

ဒါပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ သူဟာ မိန်းမနှစ်ယောက်နဲ့အတူ တစ်အိမ်တည်းမှာ နေတာပါ။ သူ့ရဲ့မိန်းမနှစ်ယောက်နဲ့လည်း အရမ်းအဆင်ပြေပြီး ပြဿနာလည်း မဖြစ်ကြပါဘူး။

အရင်က Manop မှာ ဇနီး ၃ ယောက် ရှိခဲ့တာပါ။ တစ်ယောက်က သေသွားခဲ့လို့ နှစ်ယောက်ပဲ ကျန်တော့တာပါ။ ဇနီးတစ်ယောက်ကို ကလေး ၃ ယောက်နှုန်းနဲ့ မွေးထားလို့ သူ့မှာ ကလေး ၉ ယောက် ရှိပါတယ်။

Ponsrichan က Manop ရဲ့ ဒုတိယဇနီး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ယောကျ်ားက တတိယမြောက် မိန်းမယူလိုက်တဲ့အခါ ပျော်ရွှင်နေပါတယ်။ တတိယမြောက်ဇနီးကိုလည်း Ponsrichan က သူငယ်ချင်းကောင်း တစ်ယောက်လို ဆက်ဆံပါတယ်။

Manop ကို အရင်က သူ့ရဲ့ဇနီးတစ်ယောက်ကို အရေးပေး ဆက်ဆံဖူးပါတယ်။ ဒါပေမယ့် ပြဿနာဖြစ်လာတဲ့အခါ နှစ်ယောက်လုံးကို ညီတူမျှတူပဲ ဆက်ဆံတော့တဲ့အကြောင်း ပြောပြပါတယ်။ ဇနီးနှစ်ယောက်ကလည်း သူ့အလုပ်ကို အတူတူ ကူလုပ်ကြပါတယ်။


Manop က ကားဆက်စပ် ပစ္စည်းတွေကို ရောင်းတဲ့အပြင် ထိုင်းမှာ ကားပြိုင်ပွဲတွေလည်း လုပ်ပါတယ်။ အဲဒီအလုပ်တွေမှာ သူ့ရဲ့ဇနီးနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်ပေးကြပါတယ်။

Zombie (Lovemedia)

for zawgyi

မိန္းမႏွစ္ေယာက္ ကေလး ၉ ေယာက္နဲ႔ ေပ်ာ္႐ႊင္ေနတဲ့အမ်ိဳးသား

မုန႔္ကိုေတာ့ ေဝစားႏိုင္မယ္၊ အခ်စ္ကိုေတာ့ ေဝမွ်မစားႏိုင္ဘူးဆိုတဲ့ စကားအတိုင္းက ကိုယ္ခ်စ္ရတဲ့သူကို ကိုယ္တစ္ေယာက္တည္းကပဲ ခ်စ္ခ်င္တာပါ။ ဒါေပမယ့္ ထိုင္းႏိုင္ငံကအသက္ ၄၂ ႏွစ္အ႐ြယ္ Manop Nuttayothin ဆိုတဲ့ အမ်ိဳးသားကေတာ့ သူ႔မွာအခ်စ္ေတြ အမ်ားႀကီး ရွိေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

Manop မွာ ဇနီး ၂ ေယာက္နဲ႔ ကေလး ၉ ေယာက္ ရွိပါတယ္။ Manop မွာ ဇနီး ၂ ေယာက္ရွိလို႔ စိတ္ရႈပ္ရမယ္၊ ျပႆနာပဲ တက္ေနလိမ့္မယ္လို႔ သင္ထင္ခ်င္ထင္ေနပါလိမ့္မယ္။ ဒါေပမယ့္ တကယ္ေတာ့ အဲဒီလို မဟုတ္ပါဘူး။ သူဟာ မိန္းမႏွစ္ေယာက္နဲ႔အတူ တစ္အိမ္တည္းမွာ ေနတာပါ။ သူ႔ရဲ႕မိန္းမႏွစ္ေယာက္နဲ႔လည္း အရမ္းအဆင္ေျပၿပီး ျပႆနာလည္း မျဖစ္ၾကပါဘူး။

အရင္က Manop မွာ ဇနီး ၃ ေယာက္ ရွိခဲ့တာပါ။ တစ္ေယာက္က ေသသြားခဲ့လို႔ ႏွစ္ေယာက္ပဲ က်န္ေတာ့တာပါ။ ဇနီးတစ္ေယာက္ကို ကေလး ၃ ေယာက္ႏႈန္းနဲ႔ ေမြးထားလို႔ သူ႔မွာ ကေလး ၉ ေယာက္ ရွိပါတယ္။

Ponsrichan က Manop ရဲ႕ ဒုတိယဇနီး ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ေယာက်္ားက တတိယေျမာက္ မိန္းမယူလိုက္တဲ့အခါ ေပ်ာ္႐ႊင္ေနပါတယ္။ တတိယေျမာက္ဇနီးကိုလည္း Ponsrichan က သူငယ္ခ်င္းေကာင္း တစ္ေယာက္လို ဆက္ဆံပါတယ္။

Manop ကို အရင္က သူ႔ရဲ႕ဇနီးတစ္ေယာက္ကို အေရးေပးဆက္ဆံဖူးပါတယ္။ ဒါေပမယ့္ ျပႆနာျဖစ္လာတဲ့အခါ ႏွစ္ေယာက္လုံးကို ညီတူမွ်တူပဲ ဆက္ဆံေတာ့တဲ့အေၾကာင္း ေျပာျပပါတယ္။ ဇနီးႏွစ္ေယာက္ကလည္း သူ႔အလုပ္ကို အတူတူ ကူလုပ္ၾကပါတယ္။

Manop က ကားဆက္စပ္ ပစၥည္းေတြကို ေရာင္းတဲ့အျပင္ ထိုင္းမွာ ကားၿပိဳင္ပြဲေတြလည္း လုပ္ပါတယ္။ အဲဒီအလုပ္ေတြမွာ သူ႔ရဲ႕ဇနီးႏွစ္ေယာက္က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လုပ္ကိုင္ေပးၾကပါတယ္။

Zombie (Lovemedia)