တနေ့မှာ လူငယ်လေးနှစ်ယောက်ဟာ ဟောင်းနွမ်းနေတဲ့ ရှူးဖိနပ်တရံကို ယာတောအစပ်မှာ တွေ့လိုက်တယ်။ ဒီဖိနပ်ဟာ ယာလုပ်နေတဲ အဖိုးကြီးရဲ့ ဖိနပ်ဖြစ်မယ်ဆိုတာ သူတို့သိတယ်။ ပထမလူငယ်က

"အကို၊ ကျွန်တော်တို့ သူ့ဖိနပ်ကို ခြုံပုတ်နောက်မှာ ဝှက်ထားလိုက်ရအောင်။ ဒါမှ သူ ဖိနပ်ကို ရှာမတွေ့လို့ ဗျာများနေတာကို ကြည့်ပြီး ရယ်ကြတာပေါ့။ ပျော်ချင်လို့ပါ"

ထိုအခါ အကိုဖြစ်သူက "ညီလေး၊ သူများဒုက္ခရောက်တာကို ကြည့်ပြီး ပျော်တယ်ဆိုတာ မကောင်းဘူး။ မင်း တကယ်ပျော်ချင်သလား။ ဒီလိုလုပ်ကွာ"

"ဘာလုပ်ရမလဲ"

"ငါတို့မှာပါတဲ့ ပိုက်ဆံတွေကို ရှူးဖိနပ် ၂ ဖက်မှာ ခွဲထည့်ထားကြမယ်။ အဖိုးကြီး ဖိနပ်စီးကြည့်လို့ အံ့အားသင့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတာကို ကြည့်ပြီး ပျော်ကြတာပေါ့"

"အကိုပြောသလို တကယ်ပျော်ရမယ်ဆိုရင် လုပ်ကြတာပေါ့"

သူတို့နှစ်ယောက်ဟာ ပိုက်ဆံတွေကို ဖိနပ် ၂ ဖက်မှာ ထည့်ပြီး နေရာမှာ ပြန်ချထားလိုက်တယ်။ ပြီးတော့ ခြုံနောက်မှာ ပုန်းပြီးစောင့်နေကြတယ်။ မကြာခင် အဖိုးကြီး ရောက်လာတယ်။ သူ့ဖိနပ် တဖက်ကို အရင်စီးတယ်။ ဖိနပ်ထဲမှာ တခုခုခံနေလို့ လက်နဲ့ နှိုက်ကြည့်လိုက်တော့ ပိုက်ဆံတွေ တွေ့တယ်။

သူဟာ အံ့သြသလို ဖြစ်သွားတယ်။ ဖိနပ် နောက်တဖက်ကို စီးပြန်တယ်။ ဖိနပ်ထဲက ပိုက်ဆံတွေ ထပ်တွေ့ပြန်တယ်။ အဖိုးကြီးဟာ မျက်ရည်တွေ စီးကျလာတယ်။ ပြီးတော့ မြေကြီးပေါ်မှာ ဒူးထောက် လက်အုပ်ချီရင်း ပါးစပ်က အခုလို အသံထွက်ပြောလိုက်တယ်။

"အို ဘုရားသခင်၊ အခု ပိုက်ဆံပေးသူ ဘယ်သူဆိုတာ ကျွန်တော်မသိပါဘူး။ ဒါမေပယ့် သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်ကမိန်းမ နေမကောင်းတာ ၃ ရက်ရှိနေပြီ။ ဆေးဝယ်ဖို့ ပိုက်ဆံမရှိဘူး။ သမီးလေးလည်း အိမ်မှာ စားစရာ မရှိလို့ မနက်ကတည်းက ဘာမှ မစားရသေးဘူး။ အခုရတဲ့ ပိုက်ဆံနဲ့ မိန်းမအတွက် ဆေးဝယ်သွားလို့ရပြီ။ သမီးလေးအတွက်လည်း စားစရာတွေ ဝယ်သွားလို့ရပြီ။ ဝမ်းသာလိုက်တာဗျာ"

ပထမလူငယ်ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျနေတယ်။ ဒုတိယလူငယ်လည်း ပထမလူငယ်ကို ကြည့်ရင်း ဝမ်းသာနေတယ်။ ပျော်ချင်သလား။ သူများကို ပျော်အောင် လုပ်ပေးရင် မိမိလည်း ပျော်ရပါလိမ့်မယ်။ crd

Zawgyi

တကယ္ေပ်ာ္႐ႊင္ခ်င္ရင္

တေန႔မွာ လူငယ္ေလးႏွစ္ေယာက္ဟာ ေဟာင္းႏြမ္းေနတဲ့ ရႉးဖိနပ္တရံကို ယာေတာအစပ္မွာ ေတြ႕လိုက္တယ္။ ဒီဖိနပ္ဟာ ယာလုပ္ေနတဲ အဖိုးႀကီးရဲ႕ ဖိနပ္ျဖစ္မယ္ဆိုတာ သူတို႔သိတယ္။ ပထမလူငယ္က "အကို၊ ကြၽန္ေတာ္တို႔ သူ႔ဖိနပ္ကို ၿခဳံပုတ္ေနာက္မွာ ဝွက္ထားလိုက္ရေအာင္။ ဒါမွ သူ ဖိနပ္ကို ရွာမေတြ႕လို႔ ဗ်ာမ်ားေနတာကို ၾကည့္ၿပီး ရယ္ၾကတာေပါ့။ ေပ်ာ္ခ်င္လို႔ပါ"

ထိုအခါ အကိုျဖစ္သူက "ညီေလး၊ သူမ်ားဒုကၡေရာက္တာကို ၾကည့္ၿပီး ေပ်ာ္တယ္ဆိုတာ မေကာင္းဘူး။ မင္း တကယ္ေပ်ာ္ခ်င္သလား။ ဒီလိုလုပ္ကြာ" "ဘာလုပ္ရမလဲ" "ငါတို႔မွာပါတဲ့ ပိုက္ဆံေတြကို ရႉးဖိနပ္ ၂ ဖက္မွာ ခြဲထည့္ထားၾကမယ္။ အဖိုးႀကီး ဖိနပ္စီးၾကည့္လို႔ အံ့အားသင့္ၿပီး ဘာလုပ္ရမွန္းမသိ ျဖစ္ေနတာကို ၾကည့္ၿပီး ေပ်ာ္ၾကတာေပါ့" "အကိုေျပာသလို တကယ္ေပ်ာ္ရမယ္ဆိုရင္ လုပ္ၾကတာေပါ့"

သူတို႔ႏွစ္ေယာက္ဟာ ပိုက္ဆံေတြကို ဖိနပ္ ၂ ဖက္မွာ ထည့္ၿပီး ေနရာမွာ ျပန္ခ်ထားလိုက္တယ္။ ၿပီးေတာ့ ၿခဳံေနာက္မွာ ပုန္းၿပီးေစာင့္ေနၾကတယ္။ မၾကာခင္ အဖိုးႀကီး ေရာက္လာတယ္။ သူ႔ဖိနပ္ တဖက္ကို အရင္စီးတယ္။ ဖိနပ္ထဲမွာ တခုခုခံေနလို႔ လက္နဲ႔ ႏႈိက္ၾကည့္လိုက္ေတာ့ ပိုက္ဆံေတြ ေတြ႕တယ္။

သူဟာ အံ့ၾသသလို ျဖစ္သြားတယ္။ ဖိနပ္ ေနာက္တဖက္ကို စီးျပန္တယ္။ ဖိနပ္ထဲက ပိုက္ဆံေတြ ထပ္ေတြ႕ျပန္တယ္။ အဖိုးႀကီးဟာ မ်က္ရည္ေတြ စီးက်လာတယ္။ ၿပီးေတာ့ ေျမႀကီးေပၚမွာ ဒူးေထာက္ လက္အုပ္ခ်ီရင္း ပါးစပ္က အခုလို အသံထြက္ေျပာလိုက္တယ္။

"အို ဘုရားသခင္၊ အခု ပိုက္ဆံေပးသူ ဘယ္သူဆိုတာ ကြၽန္ေတာ္မသိပါဘူး။ ဒါေမပယ့္ သူ႔ကို အရမ္းေက်းဇူးတင္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အိမ္ကမိန္းမ ေနမေကာင္းတာ ၃ ရက္ရွိေနၿပီ။ ေဆးဝယ္ဖို႔ ပိုက္ဆံမရွိဘူး။ သမီးေလးလည္း အိမ္မွာ စားစရာ မရွိလို႔ မနက္ကတည္းက ဘာမွ မစားရေသးဘူး။ အခုရတဲ့ ပိုက္ဆံနဲ႔ မိန္းမအတြက္ ေဆးဝယ္သြားလို႔ရၿပီ။ သမီးေလးအတြက္လည္း စားစရာေတြ ဝယ္သြားလို႔ရၿပီ။ ဝမ္းသာလိုက္တာဗ်ာ"

ပထမလူငယ္ဟာ ဒီျမင္ကြင္းကိုၾကည့္ၿပီး ဝမ္းသာလြန္းလို႔ မ်က္ရည္ေတြ စီးက်ေနတယ္။ ဒုတိယလူငယ္လည္း ပထမလူငယ္ကို ၾကည့္ရင္း ဝမ္းသာေနတယ္။ ေပ်ာ္ခ်င္သလား။ သူမ်ားကို ေပ်ာ္ေအာင္ လုပ္ေပးရင္ မိမိလည္း ေပ်ာ္ရပါလိမ့္မယ္။ crd