တခါတုန်းက မြေခွေးတကောင်ဟာ သူ့ရဲ့ ဉာဏ်ပညာအတွက် မာနကြီးနေသတဲ့။ "တိရစ္ဆာန်တွေထဲမှာ ငါက ဉာဏ်အရှိဆုံးပဲ" လို့ မကြာမကြာ ကြွားဝါလေ့ ရှိသတဲ့ကွယ်။ တနေ့မှာ မြေခွေးဟာ အစာရှာထွက်လာခဲ့ပေမဲ့ စားစရာ ဘာတခုမှမရ ဖြစ်နေသတဲ့။

မြေခွေးဟာ ဆာလွန်းတာကြောင့် သည်းမခံနိုင် ဖြစ်နေပြီပေါ့ကွယ်။ အစာမရှာတော့ဘူးလို့ လုပ်နေတုန်းမှာ လိပ်တကောင်ကို တွေ့လိုက်သတဲ့။ မြေခွေးဟာ အပျော်လွန်ပြီး ခုန်လိုက်တာပေါ့။ ပြီးတော့ လိပ်ကို ဖမ်းယူလိုက်တယ်ကွယ်။

မြေခွေးဟာ လိပ်ခွံကို ဖျက်ဆီးဖို့ လုပ်တော့တာပေါ့။ ဒါပေမဲ့ မြေခွေး ဘယ်လိုပဲလုပ်လုပ် ဖျက်မရ ဖြစ်နေတယ်ကွယ့်။ အဲဒီအချိန်မှာ လိပ်က "ဘာလို့ ကျုပ်ကို ရေမစိမ်တာလဲ။ ရေစိမ်လိုက်ရင် ကျုပ်အခွံ ပျော့လာပြီး လွယ်လွယ်စားလိုက်ရုံပဲ" လို့ လိမ်ညာပြီး မြေခွေးကို ပြောလိုက်သတဲ့။

ဆာလောင်နေတဲ့မြေခွေးဟာ လိပ်ရဲ့ စကားကို သေချာ မတွေးတောတော့ဘဲ အနီးနားက ရေအိုင်ထဲကို လိပ်ကို ထည့်လိုက်တာပေါ့။ အဲဒီအချိန်မှာ လိပ်ဟာ မြေခွေးလက်ကနေ ပျော်ပျော်ရွှင်ရွှင် ထွက်ခဲ့ပြီး ရေကူးပြီး ပြေးသွားတော့တာပေါ့။

လိပ်ဟာ အိုင်ရဲ့အလယ်ကို ရောက်တဲ့အခါ "ဗျို့ ကိုမြေခွေး၊ ခင်ဗျားရဲ့ ဉာဏ်ပညာအတွက် မာနမကြီးနဲ့ဗျို့" လို့ အော်ပြောသွားတော့ သတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲ ကွယ်။ ကလေးတို့ရေ ကလေးတို့ဟာ မိမိတော်လှပြီးဆိုပြီး မာနမထားဖို့ရယ်၊ ပြီးတော့ မိမိထက် ပိုတော်တဲ့သူ ရှိသေးတာဆိုတာကို မမေ့ကြနဲ့နော်။ နန္ဒမန်းကြယ် (တွင်းငယ်)

Zawgyi

ေကာင္းတယ္ဆိုတာထက္ ပိုေကာင္းတာ ရွိတယ္

တခါတုန္းက ေျမေခြးတေကာင္ဟာ သူ႔ရဲ႕ ဉာဏ္ပညာအတြက္ မာနႀကီးေနသတဲ့။ "တိရစာၦန္ေတြထဲမွာ ငါက ဉာဏ္အရွိဆုံးပဲ" လို႔ မၾကာမၾကာ ႂကြားဝါေလ့ ရွိသတဲ့ကြယ္။ တေန႔မွာ ေျမေခြးဟာ အစာရွာထြက္လာခဲ့ေပမဲ့ စားစရာ ဘာတခုမွမရ ျဖစ္ေနသတဲ့။

ေျမေခြးဟာ ဆာလြန္းတာေၾကာင့္ သည္းမခံႏိုင္ ျဖစ္ေနၿပီေပါ့ကြယ္။ အစာမရွာေတာ့ဘူးလို႔ လုပ္ေနတုန္းမွာ လိပ္တေကာင္ကို ေတြ႕လိုက္သတဲ့။ ေျမေခြးဟာ အေပ်ာ္လြန္ၿပီး ခုန္လိုက္တာေပါ့။ ၿပီးေတာ့ လိပ္ကို ဖမ္းယူလိုက္တယ္ကြယ္။

ေျမေခြးဟာ လိပ္ခြံကို ဖ်က္ဆီးဖို႔ လုပ္ေတာ့တာေပါ့။ ဒါေပမဲ့ ေျမေခြး ဘယ္လိုပဲလုပ္လုပ္ ဖ်က္မရ ျဖစ္ေနတယ္ကြယ့္။ အဲဒီအခ်ိန္မွာ လိပ္က "ဘာလို႔ က်ဳပ္ကို ေရမစိမ္တာလဲ။ ေရစိမ္လိုက္ရင္ က်ဳပ္အခြံ ေပ်ာ့လာၿပီး လြယ္လြယ္စားလိုက္႐ုံပဲ" လို႔ လိမ္ညာၿပီး ေျမေခြးကို ေျပာလိုက္သတဲ့။

ဆာေလာင္ေနတဲ့ေျမေခြးဟာ လိပ္ရဲ႕ စကားကို ေသခ်ာ မေတြးေတာေတာ့ဘဲ အနီးနားက ေရအိုင္ထဲကို လိပ္ကို ထည့္လိုက္တာေပါ့။ အဲဒီအခ်ိန္မွာ လိပ္ဟာ ေျမေခြးလက္ကေန ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ထြက္ခဲ့ၿပီး ေရကူးၿပီး ေျပးသြားေတာ့တာေပါ့။

လိပ္ဟာ အိုင္ရဲ႕အလယ္ကို ေရာက္တဲ့အခါ "ဗ်ိဳ႕ ကိုေျမေခြး၊ ခင္ဗ်ားရဲ႕ ဉာဏ္ပညာအတြက္ မာနမႀကီးနဲ႔ဗ်ိဳ႕" လို႔ ေအာ္ေျပာသြားေတာ့ သတဲ့ကြယ္။ ပုံျပင္ေလးကေတာ့ ဒါပါပဲ ကြယ္။ ကေလးတို႔ေရ ကေလးတို႔ဟာ မိမိေတာ္လွၿပီးဆိုၿပီး မာနမထားဖို႔ရယ္၊ ၿပီးေတာ့ မိမိထက္ ပိုေတာ္တဲ့သူ ရွိေသးတာဆိုတာကို မေမ့ၾကနဲ႔ေနာ္။ နႏၵမန္းၾကယ္ (တြင္းငယ္)