အာဂျင်တီးနားနိုင်ငံက Pablo Acuna ရဲ့ဘဝက တခြားသူတွေလို မလွယ်ကူခဲ့ပါဘူး။ သူဟာ မွေးကတည်းက ခြေလက်အင်္ဂါမပါဘဲ မွေးဖွားလာခဲ့သူပါ။ ဒါပေမယ့် သူဟာ ဘဝကို အရှုံးမပေးဘဲ သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။

Pablo Acuna ကို သူ့ရဲ့အမေက ငယ်ငယ်ကတည်းက သေချာပြုစုစောင့်ရှောက် ခဲ့ရပါတယ်။ အမေဖြစ်သူက အခုဆို အသက် ၉၀ တောင်ရှိပါပြီ။ ဒါပေမယ့်လည်း သူ့ရဲ့သားလေးကို အဆုံးမရှိတဲ့မေတ္တာနဲ့ စောင့်ရှောက်နေတုန်းပါ။

Pablo Acuna ရဲ့ဘဝတစ်လျှောက်လုံးမှာ သွားလာဖို့အတွက် ဘီးတပ်ထားတဲ့လှမ်းလေးကို အသုံးပြုရပါတယ်။ အဲဒီလှည်းလေးပေါ်မှာပဲ သူ အိပ်ပါတယ်။ အဲဒီလှည်းလေးက သူ့ရဲ့ခြေထောက်လိုမျိုးဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ဘဝမှာ သမီးနှစ်ယောက်ရောက်လာတဲ့အခါ ရှေ့ဆက်ဖို့ ခွန်အားတွေ ဖြစ်လာခဲ့ပါတယ်။

အငယ်သမီးလေး လသားအရွယ်မှာပဲ Pablo Acuna ရဲ့ဇနီးက သူ့ကို သမီးနှစ်ယောက်နဲ့ ထားခဲ့ပါတယ်။ အခုဆိုရင် သမီးအငယ်က အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး သမီးအကြီးကတော့ အသက် ၂၉ နှစ်ရှိပါပြီ။ သမီးနှစ်ယောက်ကို Pablo Acuna နဲ့ Pablo Acuna ရဲ့အမေက စောင့်ရှောက်ပါတယ်။

သမီးနှစ်ယောက်က အဖေဖြစ်သူ Pablo Acuna ကို ရိုရိုသေသေဆက်ဆံပါတယ်။ Pablo Acuna က သူ့ကိုယ်သူ ဝမ်းနည်းတဲ့ပုံစံနဲ့မနေဘဲ အမြဲတက်ကြွအောင်နေထိုင်ပါတယ်။ ဒါ့အပြင် သမီးတွေ လိုအပ်တဲ့အကြံဉာဏ်တွေကိုလည်း ပေးနိုင်သူပါ။

Pablo Acuna ရဲ့အမေက အသက် ၉၀ ရောက်လာတဲ့အခါ အရင်လို အများကြီးမပြုစုနိုင်တော့ပါဘူး။ အဲဒါကြောင့် သမီးနှစ်ယောက်က အဖေကို ပြန်လည်ပြုစုပေးပါတယ်။ အဖေဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်း ဖြည့်ဆည်းပေးပါတယ်။ အခုဆိုရင် Pablo Acuna က သူ့ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ကိုတောင် ကျင်းပပြီးသွားပါပြီ။

Pablo Acuna က ခြေလက်အင်္ဂါတွေ ချွတ်ယွင်းပေမယ့် အဖေမေတ္တာမချွတ်ယွင်းဘဲ သမီးနှစ်ယောက် အရွယ်ရောက်လာအောင် ပြုစုပေးနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ပါပဲ။

Zombie (lovemedia)

for zawgyi

ေျခလက္အဂၤါေတြမပါေပမယ့္ သမီးႏွစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့အေဖ

အာဂ်င္တီးနားႏိုင္ငံက Pablo Acuna ရဲ႕ဘဝက အျခားသူေတြလို မလြယ္ကူခဲ့ပါဘူး။ သူဟာ ေမြးကတည္းက ေျခလက္အဂၤါမပါဘဲ ေမြးဖြားလာခဲ့သူပါ။ ဒါေပမယ့္ သူဟာ ဘဝကို အရႈံးမေပးဘဲ သမီးႏွစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ႏိုင္ခဲ့ပါတယ္။

Pablo Acuna ကို သူ႔ရဲ႕အေမက ငယ္ငယ္ကတည္းက ေသခ်ာျပဳစုေစာင့္ေရွာက္ခဲ့ရပါတယ္။ အေမျဖစ္သူက အခုဆို အသက္ ၉၀ ေတာင္ရွိပါၿပီ။ ဒါေပမယ့္လည္း သူ႔ရဲ႕သားေလးကို အဆုံးမရွိတဲ့ေမတၱာနဲ႔ ေစာင့္ေရွာက္ေနတုန္းပါ။

Pablo Acuna ရဲ႕ဘဝတစ္ေလွ်ာက္လုံးမွာ သြားလာဖို႔အတြက္ ဘီးတပ္ထားတဲ့လွမ္းေလးကို အသုံးျပဳရပါတယ္။ အဲဒီလွည္းေလးေပၚမွာပဲ သူ အိပ္ပါတယ္။ အဲဒီလွည္းေလးက သူ႔ရဲ႕ေျခေထာက္လိုမ်ိဳးျဖစ္ေနခဲ့ပါတယ္။ သူ႔ရဲ႕ဘဝမွာ သမီးႏွစ္ေယာက္ေရာက္လာတဲ့အခါ ေရွ႕ဆက္ဖို႔ ခြန္အားေတြ ျဖစ္လာခဲ့ပါတယ္။

အငယ္သမီးေလး လသားအ႐ြယ္မွာပဲ Pablo Acuna ရဲ႕ဇနီးက သူ႔ကို သမီးႏွစ္ေယာက္နဲ႔ ထားခဲ့ပါတယ္။ အခုဆိုရင္ သမီးအငယ္က အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္ၿပီး သမီးအႀကီးကေတာ့ အသက္ ၂၉ ႏွစ္ရွိပါၿပီ။ သမီးႏွစ္ေယာက္ကို Pablo Acuna နဲ႔ Pablo Acuna ရဲ႕အေမက ေစာင့္ေရွာက္ပါတယ္။

သမီးႏွစ္ေယာက္က အေဖျဖစ္သူ Pablo Acuna ကို ႐ို႐ိုေသေသဆက္ဆံပါတယ္။ Pablo Acuna က သူ႔ကိုယ္သူ ဝမ္းနည္းတဲ့ပုံစံနဲ႔မေနဘဲ အၿမဲတက္ႂကြေအာင္ေနထိုင္ပါတယ္။ ဒါ့အျပင္ သမီးေတြ လိုအပ္တဲ့အႀကံဉာဏ္ေတြကိုလည္း ေပးႏိုင္သူပါ။

Pablo Acuna ရဲ႕အေမက အသက္ ၉၀ ေရာက္လာတဲ့အခါ အရင္လို အမ်ားႀကီးမျပဳစုႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ သမီးႏွစ္ေယာက္က အေဖကို ျပန္လည္ျပဳစုေပးပါတယ္။ အေဖျဖစ္ခ်င္တဲ့ဆႏၵေတြကိုလည္း ျဖည့္ဆည္းေပးပါတယ္။ အခုဆိုရင္ Pablo Acuna က သူ႔ရဲ႕ အသက္ ၆၀ ျပည့္ေမြးေန႔ကိုေတာင္ က်င္းပၿပီးသြားပါၿပီ။

Pablo Acuna က ေျခလက္အဂၤါေတြ ခြၽတ္ယြင္းေပမယ့္ အေဖေမတၱာမခြၽတ္ယြင္းဘဲ သမီးႏွစ္ေယာက္ အ႐ြယ္ေရာက္လာေအာင္ ျပဳစုေပးႏိုင္တဲ့ ဖခင္ေကာင္းတစ္ေယာက္ပါပဲ။

Zombie (lovemedia)