ဆံပင်အရောင်ပြောင်းတာ၊ ဆံပင်ပုံစံပြောင်းတာ၊ မိတ်ကပ်လိမ်းပုံပြောင်းတာ စတဲ့ပြောင်းလဲမှု သေးသေးက သင့်ရဲ့ရုပ်ရည်ကို ပိုမိုလှပ စေနိုင်ပါတယ်။ လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။

ဒါပေမယ့် သင့်ရဲ့ရုပ်ရည်နဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျ ဖြစ်နေရင် ဒီအချက် (၄) ချက်နဲ့ စတင်ပြောင်းလဲ ကြည့်လိုက်ပါနော်။

၁။ ဆံပင်အရောင်

သင့်အသားအရေက ရွှေရောင်ဆိုရင် ရွှေရောင်ဖျော့ဖျော့ ဆံပင်အရောင်နဲ့လိုက်ဖက်ပြီး အသားလတ်သူဆိုရင် ချောကလက် အညိုရောင်နဲ့ လိုက်ဖက်ပါတယ်။ သင်က အသားညိုသူ ဆိုရင်တော့ ရွှေအိုရောင်၊ အညိုဖျော့ဖျော့နဲ့ဆို ပိုလှသွားမှာပါ။

အသားလတ်သူတွေက ပယင်းရောင် ဆံပင်နဲ့တော့ မလိုက်ဖက်ပါဘူး။ အသားညိုသူတွေက ဆံပင်အနက်နဲ့လည်း ပေါ်လွင်ပါတယ်။

အသားဖြူသူတွေကတော့ ရွေးချယ်စရာ ပိုများပါတယ်။ ပန်းရောင်၊ ကြေးနီရောင်ကို ရွေးချယ်ရင်လည်း အလှက မပျက်သွားပါဘူး။ အသားအရေက မဖြူမညိုဆိုရင် နီညိုရောင်ကို ပြောင်းဆိုးလည်း လှနေမှာပါ။

၂။ ဆံပင်ပုံစံ

မျက်နှာပုံစံကိုလိုက်ပြီး ဆံပင်ပုံစံတွေကလည်း ရွေးချယ်စရာ အများကြီး ရှိပါတယ်။ ဆံပင်ပါးသူတွေက ဆံပင်အတိုလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်ကို ပိုထူသယောင် ဖြစ်အောင် ဆံပင်ပုံသွင်းပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။

ဆံပင်ထူတဲ့သူတွေကတော့ အတိုလည်း လိုက်ဖက်သလို အရှည်နဲ့လည်း ကြည့်ကောင်းနေမှာပါ။ ဆံပင်အရှည်ထားမယ် ဆိုရင် အထပ်လေးတွေ ဖြစ်အောင်ညှပ်တာ၊ လှိုင်းတွန့်ကြီးတွေဖြစ်အောင် ကောက်တာတွေက သင့်ရဲ့ဆံပင်အလှနဲ့ မျက်နှာအလှကို ပိုပြီးပေါ်လွင် စေပါတယ်။

ဆံပင်ထူပြီး ကြမ်းတဲ့သူတွေက ဆံပင်ကို ခပ်ပါးပါးလေးဖြစ်အောင် ညှပ်ပါ။ ဆံပင်အတိုလေးနဲ့လည်း ဝိုင်းဝိုင်းလေး ညှပ်လိုက်ရင် ကြမ်းတာက သိပ်မသိသာတော့ပါဘူး။

၃။ မျက်ခုံးပုံစံ

မျက်ခုံးကလည်း မျက်နှာရဲ့အလှအပမှာ အရေးပါတဲ့ အစိတ်အပိုင်းပါ။

- နှာခေါင်းနဲ့ ဒေါင်လိုက် တန်းတန်းနေရာကနေ မျက်ခုံးကို စဆွဲပါ။

- နှာခေါင်းကနေ ထောင့်ဖြတ်နေရာဖြစ်တဲ့ မျက်လုံးအပေါ်ဘက်နေရာမှာ မျက်ခုံးကို နည်းနည်းလေး ကွေးလိုက်ပါ။

- မျက်ခုံးရဲ့အစွန်းကိုတော့ မျက်လုံးရဲ့ အပေါ်ဘက် ဘေးနားမှာ အဆုံးသတ်လိုက်ပါ။

၄။ ပါးနီ

ပါးနီကို လိမ်းခြယ်လိုက်ရင် မိန်းကလေးဆန်ပြီး ရုပ်ရည်က အရမ်းကို ပြောင်းလဲသွားပါတယ်။

- သင့်မျက်နှာက ဘဲဥပုံဆိုရင် ပါးရိုးတစ်ပြင်လုံးကို ပါးနီခြယ်ပါ။

- မျက်နှာက လေးထောင့်စပ်စပ် ဆိုရင် ပါးရိုးအောက်ကို ခြယ်ပါ။ အဲဒီအခါ နူးညံ့တဲ့အသွင်ကို ရစေပါတယ်။

- ရှည်သွယ်သွယ် မျက်နှာပိုင်ရှင်ဆိုရင် မျက်လုံးအောက်ဘက် ပါးရိုးပေါ်ကို ပါးနီလိမ်းခြယ်ပါ။

- အသည်းပုံပုံစံ မျက်နှာဆိုရင်တော့ နားရဲ့ဘေးနားကနေ နှာခေါင်းနားအထိ ပါးနီခြယ်ပါ။ အဲဒီအခါ မျက်နှာက ဘဲဥပုံစံပေါ်ပြီး ပါးရိုးကားတာ အရမ်းမသိသာတော့ပါဘူး။

- မျက်နှာဝိုင်းသူတွေက နားရဲ့ဘေးနားကနေ ပါးရိုးအောက်ဘက်အထိ လိမ်းခြယ်ပါ။

- တြိဂံမျက်နှာ ရှိသူတွေက ပါးရိုးမှာ V ပုံစံအတိုင်း လိမ်းခြယ်ပါ။

Bonus

မိတ်ကပ် foundation ရွေးချယ်ဖို့အတွက် ကိုယ့်ရဲ့အသားအရောင်ကို သေချာသိဖို့ လိုအပ်ပါတယ်။

- သင့်ရဲ့လက်ကောက်ဝတ်ကို ကြည့်လိုက်ပါ။ သွေးကြောတွေက အပြာရောင်နဲ့ ခရမ်းရောင်ဖြစ်နေရင် သင်က အသားဖြူသူပါ။ သွေးကြောက အစိမ်းရောင်ဘက်သန်းနေရင် အသားညိုသူပါ။ အရောင်က အပြာလိုလို၊ ခရမ်းလိုလို၊ အစိမ်းလိုလိုဆိုရင် အသားလတ်သူပါ။

- အသားညိုသူတွေက လက်ဝတ်ရတနာတွေ ရွေးမယ်ဆိုရင် ရွှေနဲ့လိုက်ဖက်ပြီး အသားလတ်သူတွေနဲ့ ဖြူသူတွေက ငွေထည်ပစ္စည်း၊ ပလက်တီနမ်ထည်တွေနဲ့ လိုက်ဖက်ပါတယ်။

- အသားအရေက နေရောင်ကြောင့်လည်း ပြောင်းလဲနိုင်ပါတယ်။ အသားအရေက နေလောင်လွယ်ရင် အသားလတ်သူဖြစ်ပြီး ကြေးနီရောင် ပြောင်းသွားရင်တော့ အသားညိုသူပါ။

Zombie (lovemedia)

for zawgyi

မိမိရဲ႕႐ုပ္ကို စိတ္တိုင္းမက်ရင္ ဒီအခ်က္ (၄) ခ်က္နဲ႔ ေျပာင္းလဲပါ

ဆံပင္အေရာင္ေျပာင္းတာ၊ ဆံပင္ပုံစံေျပာင္းတာ၊ မိတ္ကပ္လိမ္းပုံေျပာင္းတာ စတဲ့ေျပာင္းလဲမႈ ေသးေသးက သင့္ရဲ႕႐ုပ္ရည္ကို ပိုမိုလွပ သြားေစႏိုင္ပါတယ္။ လူတိုင္းမွာ အလွကိုယ္စီ ရွိၾကပါတယ္။ ဒါေပမယ့္ သင့္ရဲ႕႐ုပ္ရည္နဲ႔ ပတ္သက္ၿပီး စိတ္တိုင္းမက် ျဖစ္ေနရင္ ဒီအခ်က္ (၄) ခ်က္နဲ႔ စတင္ေျပာင္းလဲ ၾကည့္လိုက္ပါေနာ္။

၁။ ဆံပင္အေရာင္

သင့္အသားအေရက ေ႐ႊေရာင္ဆိုရင္ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ ဆံပင္အေရာင္နဲ႔လိုက္ဖက္ၿပီး အသားလတ္သူဆိုရင္ ေခ်ာကလက္ အညိဳေရာင္နဲ႔ လိုက္ဖက္ပါတယ္။ သင္က အသားညိဳသူ ဆိုရင္ေတာ့ ေ႐ႊအိုေရာင္၊ အညိဳေဖ်ာ့ေဖ်ာ့နဲ႔ဆို ပိုလွသြားမွာပါ။

အသားလတ္သူေတြက ပယင္းေရာင္ ဆံပင္နဲ႔ေတာ့ မလိုက္ဖက္ပါဘူး။ အသားညိဳသူေတြက ဆံပင္အနက္နဲ႔လည္း ေပၚလြင္ပါတယ္။

အသားျဖဴသူေတြကေတာ့ ေ႐ြးခ်ယ္စရာ ပိုမ်ားပါတယ္။ ပန္းေရာင္၊ ေၾကးနီေရာင္ကို ေ႐ြးခ်ယ္ရင္လည္း အလွက မပ်က္သြားပါဘူး။ အသားအေရက မျဖဴမညိဳဆိုရင္ နီညိဳေရာင္ကို ေျပာင္းဆိုးလည္း လွေနမွာပါ။

၂။ ဆံပင္ပုံစံ

မ်က္ႏွာပုံစံကိုလိုက္ၿပီး ဆံပင္ပုံစံေတြကလည္း ေ႐ြးခ်ယ္စရာ အမ်ားႀကီး ရွိပါတယ္။ ဆံပင္ပါးသူေတြက ဆံပင္အတိုေလးေတြနဲ႔ လိုက္ဖက္ပါတယ္။ ဆံပင္ကို ပိုထူသေယာင္ ျဖစ္ေအာင္ ဆံပင္ပုံသြင္းပစၥည္းေတြကို အသုံးျပဳႏိုင္ပါတယ္။

ဆံပင္ထူတဲ့သူေတြကေတာ့ အတိုလည္း လိုက္ဖက္သလို အရွည္နဲ႔လည္း ၾကည့္ေကာင္းေနမွာပါ။ ဆံပင္အရွည္ထားမယ္ ဆိုရင္ အထပ္ေလးေတြ ျဖစ္ေအာင္ညႇပ္တာ၊ လႈိင္းတြန႔္ႀကီးေတြျဖစ္ေအာင္ ေကာက္တာေတြက သင့္ရဲ႕ဆံပင္အလွနဲ႔ မ်က္ႏွာအလွကို ပိုၿပီးေပၚလြင္ ေစပါတယ္။

ဆံပင္ထူၿပီး ၾကမ္းတဲ့သူေတြက ဆံပင္ကို ခပ္ပါးပါးေလးျဖစ္ေအာင္ ညႇပ္ပါ။ ဆံပင္အတိုေလးနဲ႔လည္း ဝိုင္းဝိုင္းေလး ညႇပ္လိုက္ရင္ ၾကမ္းတာက သိပ္မသိသာေတာ့ပါဘူး။

၃။ မ်က္ခုံးပုံစံ

မ်က္ခုံးကလည္း မ်က္ႏွာရဲ႕အလွအပမွာ အေရးပါတဲ့ အစိတ္အပိုင္းပါ။

- ႏွာေခါင္းနဲ႔ ေဒါင္လိုက္ တန္းတန္းေနရာကေန မ်က္ခုံးကို စဆြဲပါ။

- ႏွာေခါင္းကေန ေထာင့္ျဖတ္ေနရာျဖစ္တဲ့ မ်က္လုံးအေပၚဘက္ေနရာမွာ မ်က္ခုံးကို နည္းနည္းေလး ေကြးလိုက္ပါ။

- မ်က္ခုံးရဲ႕အစြန္းကိုေတာ့ မ်က္လုံးရဲ႕ အေပၚဘက္ ေဘးနားမွာ အဆုံးသတ္လိုက္ပါ။

၄။ ပါးနီ

ပါးနီကို လိမ္းျခယ္လိုက္ရင္ မိန္းကေလးဆန္ၿပီး ႐ုပ္ရည္က အရမ္းကို ေျပာင္းလဲသြားပါတယ္။

- သင့္မ်က္ႏွာက ဘဲဥပုံဆိုရင္ ပါး႐ိုးတစ္ျပင္လုံးကို ပါးနီျခယ္ပါ။

- မ်က္ႏွာက ေလးေထာင့္စပ္စပ္ ဆိုရင္ ပါး႐ိုးေအာက္ကို ျခယ္ပါ။ အဲဒီအခါ ႏူးညံ့တဲ့အသြင္ကို ရေစပါတယ္။

- ရွည္သြယ္သြယ္ မ်က္ႏွာပိုင္ရွင္ဆိုရင္ မ်က္လုံးေအာက္ဘက္ ပါး႐ိုးေပၚကို ပါးနီလိမ္းျခယ္ပါ။

- အသည္းပုံပုံစံ မ်က္ႏွာဆိုရင္ေတာ့ နားရဲ႕ေဘးနားကေန ႏွာေခါင္းနားအထိ ပါးနီျခယ္ပါ။ အဲဒီအခါ မ်က္ႏွာက ဘဲဥပုံစံေပၚၿပီး ပါး႐ိုးကားတာ အရမ္းမသိသာေတာ့ပါဘူး။

- မ်က္ႏွာဝိုင္းသူေတြက နားရဲ႕ေဘးနားကေန ပါး႐ိုးေအာက္ဘက္အထိ လိမ္းျခယ္ပါ။

- ႀတိဂံမ်က္ႏွာ ရွိသူေတြက ပါး႐ိုးမွာ V ပုံစံအတိုင္း လိမ္းျခယ္ပါ။

Bonus

မိတ္ကပ္ foundation ေ႐ြးခ်ယ္ဖို႔အတြက္ ကိုယ့္ရဲ႕အသားအေရာင္ကို ေသခ်ာသိဖို႔ လိုအပ္ပါတယ္။

- သင့္ရဲ႕လက္ေကာက္ဝတ္ကို ၾကည့္လိုက္ပါ။ ေသြးေၾကာေတြက အျပာေရာင္နဲ႔ ခရမ္းေရာင္ျဖစ္ေနရင္ သင္က အသားျဖဴသူပါ။ ေသြးေၾကာက အစိမ္းေရာင္ဘက္သန္းေနရင္ အသားညိဳသူပါ။ အေရာင္က အျပာလိုလို၊ ခရမ္းလိုလို၊ အစိမ္းလိုလိုဆိုရင္ အသားလတ္သူပါ။

- အသားညိဳသူေတြက လက္ဝတ္ရတနာေတြ ေ႐ြးမယ္ဆိုရင္ ေ႐ႊနဲ႔လိုက္ဖက္ၿပီး အသားလတ္သူေတြနဲ႔ ျဖဴသူေတြက ေငြထည္ပစၥည္း၊ ပလက္တီနမ္ထည္ေတြနဲ႔ လိုက္ဖက္ပါတယ္။

- အသားအေရက ေနေရာင္ေၾကာင့္လည္း ေျပာင္းလဲႏိုင္ပါတယ္။ အသားအေရက ေနေလာင္လြယ္ရင္ အသားလတ္သူျဖစ္ၿပီး ေၾကးနီေရာင္ ေျပာင္းသြားရင္ေတာ့ အသားညိဳသူပါ။

Zombie (lovemedia)