Xian Mangia ဆိုတဲ့ လျှစ်စစ်ကားလေးက ကုန်ကျစရိတ်သက်သာရုံတင်မကပါဘူး။ အိမ်ရှေ့အရောက်လာပို့ပေးတဲ့ ဝန်ဆောင်မှုလည်း ပါဝင်ပါသေးတယ်။ သူ့ရဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃ ထောင်ခန့် ရှိပါတယ်။

အခုနောက်ပိုင်းမှာတော့ လျှစ်စစ်ကားတွေက လူသိများလာပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့လျှစ်စစ်ကားလေးကို တရုတ်နိုင်ငံက Alibaba ဝက်ဘ်ဆိုက်မှာ မှာယူနိုင်ပြီး ဒေါ်လာ ၂၉၂၀ သာ ကျသင့်မှာပါ။ မှာယူပြီးတော့ ၁၅ ရက်ကနေ ၂၀ ရက်အကြာမှာတော့ အိမ်ရှေ့အရောက်ထိ လာပို့ပေးမှာပါ။

ကားရဲ့အလေးချိန်ကတော့ ၆၈၀ ကီလိုဂရမ်ကနေ ၇၈၅ ကီလိုဂရမ်အထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကားမှာ လေအေးပေးစက်မပါဝင်သလို အပူပေးစက်လည်း မပါဝင်ပါဘူး။ လေအိတ်လည်း မပါဝင်ပါဘူး။ ဒါတွေ ထပ်ထည့်ချင်တယ်ဆိုရင် ဒေါ်လာ ၃၂၀ အပိုဆောင်းထပ်ပေးရမှာပါ။

ကားရဲ့ပုံစံက ထရပ်ကားလေးနဲ့လည်း အနည်းငယ်ဆင်တူပါတယ်။ တစ်နာရီကို ၃၄ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ ဒါပေမယ့် ကားရဲ့ဘက္ထရီက တစ်နာရီကို ၈၀ ကီလိုမီတာအထိ သွားလို့ရတယ်လို့လည်း ဆိုထားပါသေးတယ်။ ကားကို ဒီထက်ပိုပြီး upgrade လုပ်လို့လည်း ရပါသေးတယ်။

ကားက သေးပေမယ့် လူ ၄ ယောက်စာကို ကောင်းကောင်းထိုင်နိုင်ပါတယ်။ ဒါ့အပြင် အနောက်မှာ ပစ္စည်းတင်ဖို့ နေရာလွတ်လည်း ရှိတာကြောင့် တဖြည်းဖြည်းနဲ့ လူကြိုက်များတဲ့လျှစ်စစ်ကားလေးဖြစ်လာပါတယ်။

vdo

Zombie (lovemedia)

for zawgyi

ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးနဲ့ အသေးဆုံး လျှပ်စစ်ကား






Zombie (lovemedia)