တခါတုန်းက မြည်းတကောင်ဟာ ကျားတကောင်နဲ့ လမ်းမှာတွေ့တော့ အခုလို ပြောတယ်။ "ဟေ့ ကိုရွှေကျား ကြည့်စမ်းပါဦး မြက်တွေက ပြာလဲ့နေတာပဲဗျို့"
ထိုအခါ ကိုဖိုးရွှေကျားကလည်း "ဟာ ကိုမြည်းကြီးရာ ခင်ဗျားကတော့ နောက်ပြီဗျာ။ သေချာကြည့်စမ်းပါဦး အစိမ်းရောင်တွေပါဗျ။ ဗရမ်းဗတာတွေ လျှောက်ပြောမနေစမ်းပါနဲ့ ကိုမြည်းရာ"
"မဟုတ်ဘူး ကိုရွှေကျား ခင်ဗျားကသာ သေချာ မကြည့်တာဗျ။ မြက်တွေက အပြာရောင်မှ အပြာရောင်ဗျ။ ပြာလဲ့နေတာဘဲ"
"မဟုတ်ဘူး အစိမ်းရောင်ကွ"
"အပြာရောင်ကွ"
ဒီလိုနဲ့ ကိုရွှေကျားနဲ့ ကိုမြည်းကြီးတို့ နှစ်ယောက် အပြိုင်ငြင်းကြရာ အဆုံး၌ ဘယ်သူမှားတယ် မှန်တယ် ဆိုတာ ဆုံးဖြတ်ရန် ကေသရာဇာ ခြင်္သေ့မင်းကြီးထံသို့ သွားလေးသည်။
ကေသရာဇာမင်းကြီးထံသို့ ရောက်သော် ကိုမြည်းကြီးက "အရှင်မင်းကြီး မြက်က အပြာရောင် အဆင်း ရှိသည် မဟုတ်ပါလားဘုရား။ ထိုအချင်းအရာကို ကိုရွှေကျားက အစိမ်းရောင် ရှိတယ်လို့ ငြင်းခုန်နေပါတယ် ဘုရား။ အရှင်မင်းကြီး ကျနော်မျိုးတို့ ပြဿနာရပ်ကို ဖြေရှင်းပေးတော်မူပါ"
ထိုအခါ ကေသရာမင်းကြီးက "အသင်မြည်း ပြောသည်မှာ မှန်ပေစွ။ မြက်သည် အပြာရောင် ရှိ၏" ဟု ပြောလေသည်။ ထို့နောက် ကိုရွှေကျားကို အပြစ်ပေး၏။
ထို့နောက်မှာတော့ မြည်းက "ကိုရွှေကျား ကျုပ်ပြောတယ်မဟုတ်လား မြက်ဆိုတာ အပြာရောင်ဆိုတာ။ အခုတော့ ဘယ့်နှယ့်လဲ ခင်ဗျားအမှားကို လက်ခံပြီမလား " လို့ ပြောရင်း ကေသရာမင်းကြီးကို နှုတ်ဆက်ပြီး အလွန်ပျော်ရွှင်စွာ ခုန်ပေါက် ထွက်ခွာလေတော့သည်။
ထိုအခါ ကိုရွှေကျားက မကျေနပ်၍ "အရှင်မင်းကြီး မြက်ဆိုတာ အစိမ်းရောင် ရှိရက်နဲ့ အဘယ့်ကြောင့် ကျနော်မျိုးကို အပြစ်ပေးတော် မူရသနည်း ဘုရား" လို့ မေးတယ်။
ထိုအခါ ခြင်္သေ့က "အသင့်လို ရဲရင့်ပြီး ထက်မြက်တဲ့ ကျားတကောင်က မြည်းလို ဉာဏ်နည်းတဲ့ကောင်နဲ့ အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတခုအတွက် ငြင်းခုန်ပြီး အချိန်ဖြုန်းနေတဲ့အတွက်ကြောင့် ငါကိုယ်တော်မြတ် အပြစ်ပေးရခြင်း ဖြစ်တယ်။ နောက်ကို ဘယ်တော့မှ ဉာဏ်တိမ်တဲ့ သူတွေနဲ့ ဘယ်တော့မှ အငြင်းအခုန် မလုပ်ပါနဲ့တော့" ဆိုပြီး ဆုံးမလိုက်ပါတော့တယ်။
ပုံပြင်လေးကတော့ ရှင်းရှင်းလေးပါဘဲ။ ဉာဏ်တိမ်နေတဲ့ သူတွေနဲ့ ပြိုင်ငြင်းနေမယ်ဆို ကိုယ့်ရဲ့အချိန်တွေ ကုန်မယ် အကျိုးမရှိဘဲ ဖြစ်မယ်။ ကိုယ်ပါ ဉာဏ်တိမ်တဲ့သူ ဖြစ်သွားမယ်။ ကိုယ့်တန်ဖိုးကို ဟိုချောက်ထဲထိ ဆွဲချသလို ဖြစ်သွားလိမ့်မယ်။
သင်ခန်းစာယူပါ။ ပညာရှိတွေရဲ့ စကားကို လိုက်နာပြီး အရူးတွေနဲ့ ပြိုင်ငြင်းမနေပါနဲ့တော့။ ဉာဏ်တိမ်တဲ့ အရူးတွေနဲ့ ပြိုင်ငြင်းနေမယ့်အစား တိတ်တိတ်သာ နေလိုက်ပါတော့။ crd
for zawgyi
အ႐ူးေတြနဲ႔ ၿပိဳင္မျငင္းပါနဲ႔
တခါတုန္းက ျမည္းတေကာင္ဟာ က်ားတေကာင္နဲ႔ လမ္းမွာေတြ႕ေတာ့ အခုလို ေျပာတယ္။ "ေဟ့ ကိုေ႐ႊက်ား ၾကည့္စမ္းပါဦး ျမက္ေတြက ျပာလဲ့ေနတာပဲဗ်ိဳ႕"
ထိုအခါ ကိုဖိုးေ႐ႊက်ားကလည္း "ဟာ ကိုျမည္းႀကီးရာ ခင္ဗ်ားကေတာ့ ေနာက္ၿပီဗ်ာ။ ေသခ်ာၾကည့္စမ္းပါဦး အစိမ္းေရာင္ေတြပါဗ်။ ဗရမ္းဗတာေတြ ေလွ်ာက္ေျပာမေနစမ္းပါနဲ႔ ကိုျမည္းရာ"
"မဟုတ္ဘူး ကိုေ႐ႊက်ား ခင္ဗ်ားကသာ ေသခ်ာ မၾကည့္တာဗ်။ ျမက္ေတြက အျပာေရာင္မွ အျပာေရာင္ဗ်။ ျပာလဲ့ေနတာဘဲ"
"မဟုတ္ဘူး အစိမ္းေရာင္ကြ"
"အျပာေရာင္ကြ"
ဒီလိုနဲ႔ ကိုေ႐ႊက်ားနဲ႔ ကိုျမည္းႀကီးတို႔ ႏွစ္ေယာက္ အၿပိဳင္ျငင္းၾကရာ အဆုံး၌ ဘယ္သူမွားတယ္ မွန္တယ္ ဆိုတာ ဆုံးျဖတ္ရန္ ေကသရာဇာ ျခေသၤ့မင္းႀကီးထံသို႔ သြားေလးသည္။
ေကသရာဇာမင္းႀကီးထံသို႔ ေရာက္ေသာ္ ကိုျမည္းႀကီးက "အရွင္မင္းႀကီး ျမက္က အျပာေရာင္ အဆင္း ရွိသည္ မဟုတ္ပါလားဘုရား။ ထိုအခ်င္းအရာကို ကိုေ႐ႊက်ားက အစိမ္းေရာင္ ရွိတယ္လို႔ ျငင္းခုန္ေနပါတယ္ ဘုရား။ အရွင္မင္းႀကီး က်ေနာ္မ်ိဳးတို႔ ျပႆနာရပ္ကို ေျဖရွင္းေပးေတာ္မူပါ"
ထိုအခါ ေကသရာမင္းႀကီးက "အသင္ျမည္း ေျပာသည္မွာ မွန္ေပစြ။ ျမက္သည္ အျပာေရာင္ ရွိ၏" ဟု ေျပာေလသည္။ ထို႔ေနာက္ ကိုေ႐ႊက်ားကို အျပစ္ေပး၏။
ထို႔ေနာက္မွာေတာ့ ျမည္းက "ကိုေ႐ႊက်ား က်ဳပ္ေျပာတယ္မဟုတ္လား ျမက္ဆိုတာ အျပာေရာင္ဆိုတာ။ အခုေတာ့ ဘယ့္ႏွယ့္လဲ ခင္ဗ်ားအမွားကို လက္ခံၿပီမလား " လို႔ ေျပာရင္း ေကသရာမင္းႀကီးကို ႏႈတ္ဆက္ၿပီး အလြန္ေပ်ာ္႐ႊင္စြာ ခုန္ေပါက္ ထြက္ခြာေလေတာ့သည္။
ထိုအခါ ကိုေ႐ႊက်ားက မေက်နပ္၍ "အရွင္မင္းႀကီး ျမက္ဆိုတာ အစိမ္းေရာင္ ရွိရက္နဲ႔ အဘယ့္ေၾကာင့္ က်ေနာ္မ်ိဳးကို အျပစ္ေပးေတာ္ မူရသနည္း ဘုရား" လို႔ ေမးတယ္။
ထိုအခါ ျခေသၤ့က "အသင့္လို ရဲရင့္ၿပီး ထက္ျမက္တဲ့ က်ားတေကာင္က ျမည္းလို ဉာဏ္နည္းတဲ့ေကာင္နဲ႔ အဓိပၸာယ္မရွိတဲ့ ေမးခြန္းတခုအတြက္ ျငင္းခုန္ၿပီး အခ်ိန္ျဖဳန္းေနတဲ့အတြက္ေၾကာင့္ ငါကိုယ္ေတာ္ျမတ္ အျပစ္ေပးရျခင္း ျဖစ္တယ္။ ေနာက္ကို ဘယ္ေတာ့မွ ဉာဏ္တိမ္တဲ့ သူေတြနဲ႔ ဘယ္ေတာ့မွ အျငင္းအခုန္ မလုပ္ပါနဲ႔ေတာ့" ဆိုၿပီး ဆုံးမလိုက္ပါေတာ့တယ္။
ပုံျပင္ေလးကေတာ့ ရွင္းရွင္းေလးပါဘဲ။ ဉာဏ္တိမ္ေနတဲ့ သူေတြနဲ႔ ၿပိဳင္ျငင္းေနမယ္ဆို ကိုယ့္ရဲ႕အခ်ိန္ေတြ ကုန္မယ္ အက်ိဳးမရွိဘဲ ျဖစ္မယ္။ ကိုယ္ပါ ဉာဏ္တိမ္တဲ့သူ ျဖစ္သြားမယ္။ ကိုယ့္တန္ဖိုးကို ဟိုေခ်ာက္ထဲထိ ဆြဲခ်သလို ျဖစ္သြားလိမ့္မယ္။
သင္ခန္းစာယူပါ။ ပညာရွိေတြရဲ႕ စကားကို လိုက္နာၿပီး အ႐ူးေတြနဲ႔ ၿပိဳင္ျငင္းမေနပါနဲ႔ေတာ့။ ဉာဏ္တိမ္တဲ့ အ႐ူးေတြနဲ႔ ၿပိဳင္ျငင္းေနမယ့္အစား တိတ္တိတ္သာ ေနလိုက္ပါေတာ့။ crd
0 Comments