ခွေးလေးတွေက တစ်ခါတရံ ထူးဆန်းတဲ့ အမူအရာတွေ ပြုလုပ်တတ်ကြပါတယ်။ သူတို့ရဲ့ အမူအရာတွေဟာ တစ်ခါတလေကျရင် နားလည်ရ ခက်ပါတယ်။ အဲဒါကြောင့် ခွေးလေး လုပ်တတ်တဲ့ ထူးဆန်းတဲ့ အမူအရာလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သီချင်းသံ ကြားတဲ့အခါ အူခြင်း

ဒီလိုအပြုအမူက အန္တရာယ်မရှိပါဘူး။ သီချင်းသံကြားရင် အူတာက သူတို့ရဲ့ သဘာဝပါပဲ။ ဒီလို ဆွဲဆွဲငင်ငင်အူတာက သူတို့အချင်းချင်း ဆက်သွယ်တဲ့ နည်းတစ်မျိုးပါပဲ။

၂။ ရုတ်တရက် အရမ်းတက်ကြွလာပြီး ပတ်ပြေးနေခြင်း

ဒီအပြုအမူကလည်း အန္တရာယ် မရှိတဲ့ အပြုအမူပါပဲ။ ခွေးလေးတွေ ပျော်ပြီး စိတ်ဖိစီးမှု နည်းတဲ့အခါ ပတ်ပြေးတတ်ပါတယ်။ ခွေးကို အကြာကြီး ပိတ်လှောင်ထားတယ်ဆိုရင်တော့ ခဏ လမ်းပေးလျှောက် သင့်ပါတယ်။

၃။ မာန်ဖီခြင်း

ခွေးတွေက ကြောက်နေတဲ့အခါမှာလည်း မာန်ဖီတတ်ပါတယ်။ အဲဒီအခါ လူကို တည့်တည့်ကြည့်ပြီး အမြီးက အောက်ကျနေပါတယ်။ နားရွက်တွေကလည်း ဘေးဘက်ကို ပြန့်ကားနေပါတယ်။ တစ်ခါတရံကျရင် အဲဒီ အနေအထားနဲ့ ရန်မူတတ်ပါတယ်။

၄။ ဖင်ထိုင်ချခြင်း

ခွေးလေးတွေ ဖင်ထိုင်ချနေတဲ့ပုံစံက ရယ်ချင်စရာ ကောင်းပါတယ်။ ဒါပေမယ့် ခွေးလေးက တစ်နေရာတည်းမှာ ထိုင်ချနေတာ မဟုတ်ဘဲ ဟိုနေရာထိုင် ဒီနေရာထိုင် လုပ်နေတယ် ဆိုရင် သူ့မှာ ယားယံတာ၊ နာကျင်တာ စတဲ့ ပြဿနာ တစ်ခုခု ရှိနေလို့ပါ။

၅။ ဟောဟဲ လိုက်ခြင်း

ခွေးလေးတွေက ရေဆာနေလို့ မောဟိုက်တဲ့ပုံစံ ဖြစ်နေတာ မဟုတ်ပါဘူး။ ကြောက်ရွံ့စိုးရိမ်တဲ့အခါ မောဟိုက်တဲ့ပုံစံ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ အစာကျွေးရင်လည်း မစားပါဘူး။ လမ်းလျှောက်ရင်လည်း ဖရိုဖရဲပုံစံ ဖြစ်နေပါတယ်။

၆။ သခင်ရဲ့ မျက်နှာကို လျှာနဲ့ လျက်ခြင်း

ခွေးလေးတွေက သင့်ဆီက ဂရုစိုက်မှုကို လိုချင်တဲ့အခါ၊ သင်စားနေတဲ့ အစားအစာကို စားချင်တဲ့အခါ သင့်ကို သူ့ရဲ့လျှာနဲ့ လျက်ပါလိမ့်မယ်။ ခွေးက သူမသိတဲ့ သူတစ်ယောက်ကို လျှာနဲ့ သွားလျက်ရင်တော့ အန္တရာယ် ရှိပါတယ်။ သင့်ဆီမှာ အနာတစ်ခုခု ရှိရင်တော့ ခွေးက လျှာနဲ့ လျက်တာကို မခံသင့်ပါဘူး။ ခွေးရဲ့လျှာကနေတစ်ဆင့် ရောဂါတွေ ပိုကူးနိုင်ပါတယ်။

၇။ နံစော်ညစ်ပတ်တဲ့အရာတွေကို ဆွဲလာခြင်း

ခွေးတွေရဲ့ အနံ့ခံအာရုံက လူတွေထက် ပိုကောင်းပါတယ်။ အဲဒီလို နံစော်ညစ်ပတ်တဲ့ အရာတွေကို ဆွဲလာတတ်တာက သခင်တွေ အတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ သူတို့ ကစားချင်တဲ့အခါ ဒါမှမဟုတ် သူတို့နဲ့ အတူနေတဲ့ အခြား ခွေးလေးတွေကို ပြချင်တဲ့အခါ ညစ်ညစ်ပတ်ပတ်တွေ ယူလာတတ်ပါတယ်။ တစ်ခါတရံ မြွေကိုပါ ယူလာတတ်ပါတယ်။

၈။ ခွေးက သခင်ကို ဦးဆောင်ခေါ်သွားခြင်း

ခွေးလေးတွေက သခင်နဲ့ လမ်းလျှောက်ထွက်တဲ့အခါ အရမ်းကို ပျော်တတ်ကြပါတယ်။ တစ်ခါတလေ သူတို့က အပြေးမြန်တာကြောင့် လိုက်ဆွဲလို့မရ ဖြစ်တတ်ပါတယ်။ ခွေးကို ကြိုးနဲ့ ထိန်းနေရင်း ပြေးတော့မယ်လို့ ထင်ရင် တခြားတည်နေရာကို ပြောင်းပြီးသွားလိုက်ပါ။ ဒါမှမဟုတ် သူ ပြေးချင်နေတာကို သင်က မသိချင်ယောင် ဆောင်လိုက်ရင် သူက သင့်ဆီ ပြန်လှည့်လာပါတယ်။

Zombie (Lovemedia)

for zawgyi

ေခြးေလးေတြရဲ႕ ထူးဆန္းတဲ့ အျပဳအမူ (၈) ခု

ေခြးေလးေတြက တစ္ခါတရံ ထူးဆန္းတဲ့ အမူအရာေတြ ျပဳလုပ္တတ္ၾကပါတယ္။ သူတို႔ရဲ႕ အမူအရာေတြဟာ တစ္ခါတေလက်ရင္ နားလည္ရ ခက္ပါတယ္။ အဲဒါေၾကာင့္ ေခြးေလး လုပ္တတ္တဲ့ ထူးဆန္းတဲ့ အမူအရာေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ သီခ်င္းသံ ၾကားတဲ့အခါ အူျခင္း

ဒီလိုအျပဳအမူက အႏၲရာယ္မရွိပါဘူး။ သီခ်င္းသံၾကားရင္ အူတာက သူတို႔ရဲ႕ သဘာဝပါပဲ။ ဒီလို ဆြဲဆြဲငင္ငင္အူတာက သူတို႔အခ်င္းခ်င္း ဆက္သြယ္တဲ့ နည္းတစ္မ်ိဳးပါပဲ။

၂။ ႐ုတ္တရက္ အရမ္းတက္ႂကြလာၿပီး ပတ္ေျပးေနျခင္း

ဒီအျပဳအမူကလည္း အႏၲရာယ္ မရွိတဲ့ အျပဳအမူပါပဲ။ ေခြးေလးေတြ ေပ်ာ္ၿပီး စိတ္ဖိစီးမႈ နည္းတဲ့အခါ ပတ္ေျပးတတ္ပါတယ္။ ေခြးကို အၾကာႀကီး ပိတ္ေလွာင္ထားတယ္ဆိုရင္ေတာ့ ခဏ လမ္းေပးေလွ်ာက္ သင့္ပါတယ္။

၃။ မာန္ဖီျခင္း

ေခြးေတြက ေၾကာက္ေနတဲ့အခါမွာလည္း မာန္ဖီတတ္ပါတယ္။ အဲဒီအခါ လူကို တည့္တည့္ၾကည့္ၿပီး အၿမီးက ေအာက္က်ေနပါတယ္။ နား႐ြက္ေတြကလည္း ေဘးဘက္ကို ျပန႔္ကားေနပါတယ္။ တစ္ခါတရံက်ရင္ အဲဒီ အေနအထားနဲ႔ ရန္မူတတ္ပါတယ္။

၄။ ဖင္ထိုင္ခ်ျခင္း

ေခြးေလးေတြ ဖင္ထိုင္ခ်ေနတဲ့ပုံစံက ရယ္ခ်င္စရာ ေကာင္းပါတယ္။ ဒါေပမယ့္ ေခြးေလးက တစ္ေနရာတည္းမွာ ထိုင္ခ်ေနတာ မဟုတ္ဘဲ ဟိုေနရာထိုင္ ဒီေနရာထိုင္ လုပ္ေနတယ္ ဆိုရင္ သူ႔မွာ ယားယံတာ၊ နာက်င္တာ စတဲ့ ျပႆနာ တစ္ခုခု ရွိေနလို႔ပါ။

၅။ ေဟာဟဲ လိုက္ျခင္း

ေခြးေလးေတြက ေရဆာေနလို႔ ေမာဟိုက္တဲ့ပုံစံ ျဖစ္ေနတာ မဟုတ္ပါဘူး။ ေၾကာက္႐ြံ႕စိုးရိမ္တဲ့အခါ ေမာဟိုက္တဲ့ပုံစံ ျဖစ္လာပါတယ္။ အဲဒီအခ်ိန္မွာ အစာေကြၽးရင္လည္း မစားပါဘူး။ လမ္းေလွ်ာက္ရင္လည္း ဖ႐ိုဖရဲပုံစံ ျဖစ္ေနပါတယ္။

၆။ သခင္ရဲ႕ မ်က္ႏွာကို လွ်ာနဲ႔ လ်က္ျခင္း

ေခြးေလးေတြက သင့္ဆီက ဂ႐ုစိုက္မႈကို လိုခ်င္တဲ့အခါ၊ သင္စားေနတဲ့ အစားအစာကို စားခ်င္တဲ့အခါ သင့္ကို သူ႔ရဲ႕လွ်ာနဲ႔ လ်က္ပါလိမ့္မယ္။ ေခြးက သူမသိတဲ့ သူတစ္ေယာက္ကို လွ်ာနဲ႔ သြားလ်က္ရင္ေတာ့ အႏၲရာယ္ ရွိပါတယ္။ သင့္ဆီမွာ အနာတစ္ခုခု ရွိရင္ေတာ့ ေခြးက လွ်ာနဲ႔ လ်က္တာကို မခံသင့္ပါဘူး။ ေခြးရဲ႕လွ်ာကေနတစ္ဆင့္ ေရာဂါေတြ ပိုကူးႏိုင္ပါတယ္။

၇။ နံေစာ္ညစ္ပတ္တဲ့အရာေတြကို ဆြဲလာျခင္း

ေခြးေတြရဲ႕ အနံ႔ခံအာ႐ုံက လူေတြထက္ ပိုေကာင္းပါတယ္။ အဲဒီလို နံေစာ္ညစ္ပတ္တဲ့ အရာေတြကို ဆြဲလာတတ္တာက သခင္ေတြ အတြက္ေတာ့ စိတ္အေႏွာင့္အယွက္ ျဖစ္စရာ ေကာင္းပါတယ္။ သူတို႔ ကစားခ်င္တဲ့အခါ ဒါမွမဟုတ္ သူတို႔နဲ႔ အတူေနတဲ့ အျခား ေခြးေလးေတြကို ျပခ်င္တဲ့အခါ ညစ္ညစ္ပတ္ပတ္ေတြ ယူလာတတ္ပါတယ္။ တစ္ခါတရံ ေႁမြကိုပါ ယူလာတတ္ပါတယ္။

၈။ ေခြးက သခင္ကို ဦးေဆာင္ေခၚသြားျခင္း

ေခြးေလးေတြက သခင္နဲ႔ လမ္းေလွ်ာက္ထြက္တဲ့အခါ အရမ္းကို ေပ်ာ္တတ္ၾကပါတယ္။ တစ္ခါတေလ သူတို႔က အေျပးျမန္တာေၾကာင့္ လိုက္ဆြဲလို႔မရ ျဖစ္တတ္ပါတယ္။ ေခြးကို ႀကိဳးနဲ႔ ထိန္းေနရင္း ေျပးေတာ့မယ္လို႔ ထင္ရင္ တျခားတည္ေနရာကို ေျပာင္းၿပီးသြားလိုက္ပါ။ ဒါမွမဟုတ္ သူ ေျပးခ်င္ေနတာကို သင္က မသိခ်င္ေယာင္ ေဆာင္လိုက္ရင္ သူက သင့္ဆီ ျပန္လွည့္လာပါတယ္။

Zombie (Lovemedia)