ခွေးလေးတွေမှာလည်း စိတ်ဓါတ်ကျပြီး မပျော်ရွှင်တဲ့ အချိန်ဆိုတာ ရှိပါတယ်။ ခွေးလေးတွေ မပျော်ရွှင်ရင် မှိုင်နေတာ၊ အစားမစားတော့တာ၊ မြေကြီးတွေကို တူးနေတတ်တာ စတာတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒါကြောင့် ခွေးလေးတွေကို အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာစေမယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ခရီးတိုလေးထွက်ရင် ခွေးလေးတွေကို ခေါ်သွားပေးပါ။

ခရီးတိုလေးတွေထွက်ရင် ခွေးလေးတွေကို ခေါ်သွားတာက သူတို့စိတ်ကို အပြောင်းအလဲ ဖြစ်စေသလို အတွေ့အကြုံအသစ်တွေလည်း ရစေပါတယ်။ ဒါမှမဟုတ် ခွေးလေးတွေကို ပန်းခြံခေါ်သွားပြီးကစားတာ၊ မုန့်ဝယ်ကျွေးတာတွေကလည်း ပျော်ရွှင်စေပါတယ်။

၂။ ခွေးလေးတွေ ဆော့ဖို့ တုတ်ချောင်း

ခွေးလေးတွေက တုတ်ချောင်းလေးတွေကို ကိုက်ပြီး ကစားရတာကို သဘောကျပါတယ်။ တုတ်ချောင်းလေးတွေကို ကိုက်တာ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကိုလည်း ပြေစေလို့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒါပေမယ့် တုတ်ချောင်းလေးတွေကို ဝါးမစားမိဖို့တော့ အရေးကြီးပါတယ်။

၃။ ရေကန်

ကလေးတွေ ရေချိုးတဲ့ရေကန်လေးထဲမှာ ရေစိမ်ရရင် ခွေးလေးတွေက အရမ်းပျော်ပါတယ်။ နွေရာသီဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်က တိုးလာတာကြောင့် ရေစိမ်တာက သင့်တော်ပါတယ်။

၄။ တူတူပုန်းခြင်း

ခွေးလေးတွေက သခင်နဲ့ တူတူပုန်းတမ်း ကစားရတာကို နှစ်သက်ပါတယ်။ သင်က ပုန်းပြီးတော့ အသံပေးလိုက်ပါ။ သင့်ခွေးလေးက တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နဲ့ သင့်ကို လိုက်ရှာနေမှာပါ။

၅။ ဆော့နည်းအသစ်

ပုံမှန်နဲ့မတူတဲ့ ဆော့နည်းအသစ်တွေက သင့်ခွေးလေးကို ပိုပြီးပျော်ရွှင်စေ ပါတယ်။ ခွေးလေးတွေက တုံ့ပြန်တတ်တဲ့ သတ္တဝါဖြစ်ပြီးတော့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို သခင်ကို ပြချင်ကြပါတယ်။ အဲဒါကြောင့် ဆော့နည်းအသစ်တွေနဲ့ ခွေးလေးတွေကို ပျော်ရွှင်တက်ကြွအောင် လုပ်ပေးနိုင်ပါတယ်။

၆။ ချီးမွမ်းစကား

ခွေးလေးတွေက သူတို့ကို ချီးမွမ်းစကား ပြောတာကို နားလည်ကြပါတယ်။ သူတို့ကို ချစ်ခင်ပေးတဲ့သူ၊ နားလည်ပေးတဲ့သူဆိုရင် ခွေးလေးတွေက အရမ်းကို ခင်တွယ်သွားပါတယ်။ ခွေးလေးတွေ မပျော်တဲ့အခါ သူတို့ရဲ့အမူအရာတွေပေါ် မူတည်ပြီး ချီးကျူးပေးဖို့ မမေ့ပါနဲ့နော်။

Zombie (lovemedia)

for zawgyi

စိတ္ညစ္ေနတဲ့ေခြးေလးကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးႏိုင္မယ့္ နည္းလမ္း (၆) ခု

ေခြးေလးေတြမွာလည္း စိတ္ဓါတ္က်ၿပီး မေပ်ာ္႐ႊင္တဲ့ အခ်ိန္ဆိုတာ ရွိပါတယ္။ ေခြးေလးေတြ မေပ်ာ္႐ႊင္ရင္ မႈိင္ေနတာ၊ အစားမစားေတာ့တာ၊ ေျမႀကီးေတြကို တူးေနတတ္တာ စတာေတြ ျပဳလုပ္တတ္ၾကပါတယ္။ အဲဒါေၾကာင့္ ေခြးေလးေတြကို အရင္လို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျပန္ျဖစ္လာေစမယ့္ နည္းလမ္းေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ခရီးတိုေလးထြက္ရင္ ေခြးေလးေတြကို ေခၚသြားေပးပါ။

ခရီးတိုေလးေတြထြက္ရင္ ေခြးေလးေတြကို ေခၚသြားတာက သူတို႔စိတ္ကို အေျပာင္းအလဲ ျဖစ္ေစသလို အေတြ႕အႀကဳံအသစ္ေတြလည္း ရေစပါတယ္။ ဒါမွမဟုတ္ ေခြးေလးေတြကို ပန္းၿခံေခၚသြားၿပီးကစားတာ၊ မုန႔္ဝယ္ေကြၽးတာေတြကလည္း ေပ်ာ္႐ႊင္ေစပါတယ္။

၂။ ေခြးေလးေတြ ေဆာ့ဖို႔ တုတ္ေခ်ာင္း

ေခြးေလးေတြက တုတ္ေခ်ာင္းေလးေတြကို ကိုက္ၿပီး ကစားရတာကို သေဘာက်ပါတယ္။ တုတ္ေခ်ာင္းေလးေတြကို ကိုက္တာ သူတို႔ရဲ႕ စိတ္ဖိစီးမႈေတြကိုလည္း ေျပေစလို႔ က်န္းမာေရးနဲ႔လည္း ညီၫြတ္ပါတယ္။ ဒါေပမယ့္ တုတ္ေခ်ာင္းေလးေတြကို ဝါးမစားမိဖို႔ေတာ့ အေရးႀကီးပါတယ္။

၃။ ေရကန္

ကေလးေတြ ေရခ်ိဳးတဲ့ေရကန္ေလးထဲမွာ ေရစိမ္ရရင္ ေခြးေလးေတြက အရမ္းေပ်ာ္ပါတယ္။ ေႏြရာသီဆိုရင္ သူတို႔ရဲ႕ခႏၶာကိုယ္အပူခ်ိန္က တိုးလာတာေၾကာင့္ ေရစိမ္တာက သင့္ေတာ္ပါတယ္။

၄။ တူတူပုန္းျခင္း

ေခြးေလးေတြက သခင္နဲ႔ တူတူပုန္းတမ္း ကစားရတာကို ႏွစ္သက္ပါတယ္။ သင္က ပုန္းၿပီးေတာ့ အသံေပးလိုက္ပါ။ သင့္ေခြးေလးက တက္တက္ႂကြႂကြေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ သင့္ကို လိုက္ရွာေနမွာပါ။

၅။ ေဆာ့နည္းအသစ္

ပုံမွန္နဲ႔မတူတဲ့ ေဆာ့နည္းအသစ္ေတြက သင့္ေခြးေလးကို ပိုၿပီးေပ်ာ္႐ႊင္ေစ ပါတယ္။ ေခြးေလးေတြက တုံ႔ျပန္တတ္တဲ့ သတၱဝါျဖစ္ၿပီးေတာ့ သူတို႔ရဲ႕ ကြၽမ္းက်င္မႈေတြကို သခင္ကို ျပခ်င္ၾကပါတယ္။ အဲဒါေၾကာင့္ ေဆာ့နည္းအသစ္ေတြနဲ႔ ေခြးေလးေတြကို ေပ်ာ္႐ႊင္တက္ႂကြေအာင္ လုပ္ေပးႏိုင္ပါတယ္။

၆။ ခ်ီးမြမ္းစကား

ေခြးေလးေတြက သူတို႔ကို ခ်ီးမြမ္းစကား ေျပာတာကို နားလည္ၾကပါတယ္။ သူတို႔ကို ခ်စ္ခင္ေပးတဲ့သူ၊ နားလည္ေပးတဲ့သူဆိုရင္ ေခြးေလးေတြက အရမ္းကို ခင္တြယ္သြားပါတယ္။ ေခြးေလးေတြ မေပ်ာ္တဲ့အခါ သူတို႔ရဲ႕အမူအရာေတြေပၚ မူတည္ၿပီး ခ်ီးက်ဴးေပးဖို႔ မေမ့ပါနဲ႔ေနာ္။

Zombie (lovemedia)