လူတစ်ယောက်ဟာ အနည်းဆုံးတော့ တစ်နေ့ကို ၂ ကြိမ်လောက် သုံးတတ်ကြပါတယ်။ တချို့ဆိုသုံးရင် မထိုင်တမ်းမထ တမ်းမနားမနေ သုံးတတ်ကြပါတယ်။ စမတ်ဖုန်းတွေဟာ အခုအချိန်မှာဆိုရင် လူတွေ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အသုံးဝင်လာနေပါတယ်။

ရေချိုးရင်တောင် ဖုန်းကိုယူသွား တတ်ကြပါတယ်။ ဒါကြောင့် ဖုန်းကို ဘယ်လိုနေရာတွေမှာ ထားသင့်မထားသင့် ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ ဘောင်းဘီနောက်အိတ်ကပ်

ယောကျ်ားလေး တော်တော်များများကတော့ ဖုန်းကို ထည့်တဲ့နေရာမှာ သိပ်ပြီးတော့ အလုပ်ရှူပ်မခံကြပါဘူး။ ဖြစ်သလို ဘောင်းဘီနောက် အိတ်ကပ်ထဲကို ထည့်လိုက်ကြပါတယ်။ ဒီလိုအလွယ်ထည့်တာက မကောင်းပါဘူး။

ဖုန်းလာလို့ ရုတ်တရက် ဆွဲထုတ်လိုက်တာပဲဖြစ်ဖြစ်၊ အထိုင်အထ မတော်တာပဲဖြစ်ဖြစ် ဖုန်းက ထွက်ကျသွား နိုင်ပါတယ်။ ဒါ့အပြင် ဒီလိုထည့်တာက အစာအိမ်နဲ့ ခြေထောက်ကို သွားထိခိုက်စေပါတယ်။

၂။ ရှေ့အိတ်ကပ်

ဘောင်းဘီနောက်အိတ်ကပ်မှာ ထည့်လို့ အဆင်မပြေဘူး ဆိုတော့ ရှေ့မှာထည့်မယ် ဆိုတော့လည်း သင့်ကျန်းမာရေးကို ထိခိုက်စေနိုင် ပြန်ပါတယ်။ လေ့လာမှုတွေအရ ရှေ့အိတ်ကပ်ထဲမှာ ဖုန်းထည့်တာက သုတ်ပိုးအရေအတွက် ပမာဏ (၅) ဆလောက် ချို့တဲ့သွားနိုင်တယ်လို့ သိရပါတယ်။ ဘာလို့လဲ ဆိုတော့ ဖုန်းက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေကြောင့်ပဲ ဖြစ်ပါတယ်။

၃။ Bra

ဖုန်းထည့်ဖို့က နေရာမရှိတော့ဘူး၊ ကိုယ်တိုင်ကလည်း ခရီးသွားနေတော့ ဖုန်းကို လုခံရမှာ ကြောက်တယ်။ ပြီးတော့ သင့်ဖုန်းက သေးသေးလေး ဆိုပြီးတော့ Bra ကြားထဲ ထည့်မယ်ဆိုပြီးတော့ မလုပ်လိုက်ပါနဲ့။ ဖုန်းကထွက်တဲ့ ဓာတ်ရောင်ခြည်တွေက အရမ်းအရမ်းကို မြင့်ပြီးတော့ သင့်ကို ရင်သားကင်ဆာဖြစ်နိုင်ချေ (၆) ဆလောက် မြင့်တက်သွားစေ နိုင်ပါတယ်။ ပြီးတော့ ဖုန်းကို လည်ပင်းမှာလည်း မဆွဲထားသင့်ပါဘူး။

၄။ ခါးမှာချိတ်တဲ့ အိတ်သေးသေးလေးတွေ

သင့်ဖုန်းကို မထားသင့်တဲ့နေရာ နောက်တစ်ခုကတော့ ပေါင်နဲ့ခါးနားမှာ တွဲလောင်းချထားတဲ့ အိတ်လေးတွေပါပဲ။ သုတေသနတွေအရ ဖုန်းကို ပေါင်နဲ့ခါးနားမှာ ချိတ်ပါများရင် အဲ့နေရာ တစ်ဝိုက်မှာရှိတဲ့ အရိုးတွေ (၇) ခုလောက် အားနည်းသွားနိုင်တယ် လို့ ပြောပါတယ်။ တကယ်လို့ မဖြစ်မနေ ချိတ်ချင်တယ်ဆိုလည်း အိတ်ထူထူလေးကို သုံးသင့်ပါတယ်။

၅။ မျက်နှာနဲ့ နီးနီးကပ်ကပ် ဖုန်းပြောခြင်း

သင်ဟာ ဖုန်းပြောရင် မျက်နှာနဲ့ဖုန်းကို အရမ်းကပ်ပြီး ပြောတတ်တဲ့သူလား။ ဒါဆိုရင်တော့ ဒီအကျင့်ကို ဆက်မလုပ်သင့်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဖုန်းမှာကပ်နေတဲ့ ဘတ်တီးရီးယားလေးတွေက မျက်နှာအရေပြားထဲကို စိမ့်ဝင်သွားပြီး အရေပြားပြဿနာတွေနဲ့ အခြားကိစ္စတွေကိုပါ ဖြစ်နိုင်စေလို့ပါ။ ဒါကြောင့် နောက်တစ်ခါ ဖုန်းပြောတော့မယ်ဆိုရင် မျက်နှာနဲ့ အနည်းဆုံး (၂) စင်တီမီတာလောက် ခွါပြောသင့်ပါတယ်။

၆။ ဖုန်းကို အလွန်အကျွံ အားသွင်းခြင်း

လူအများစုက ဖုန်းကို လုံးဝအားကုန်အောင် သုံးပြီးတော့ ညအိပ်ခါနီးမှ တစ်ညလုံး အားသွင်းတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက ဖုန်းကိုတော်တော် ထိခိုက်စေပြီးတော့ ဘက်ထရီသက်တမ်းကိုလည်း တိုစေပါတယ်။ ပြီးတော့ သုံးရပြုရတာလည်း နှေးလာပါတယ်။

၇။ အလွန်အေးတဲ့ နေရာတွေ

အခုသုံးနေတဲ့ ဖုန်းတွေကို အပူချိန် အတိုင်းအတာတစ်ခုထိသာ ခံနိုင်အောင် ထုတ်လုပ်ထားကြတာပဲ ဖြစ်ပါတယ်။ အပူချိန် ကန့်သတ်ချက်ထိ ကျော်ပြီးသုံးရင် ဖုန်းမှာ ပြဿနာလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ဖုန်းကို အရမ်းအေးတဲ့နေရာမှာသုံးပြီး အိမ်ထဲကို ပြန်ဝင်လာတဲ့ အချိန်ကြရင် အပူအအေး မမျှတတာတွေဖြစ်ပြီးတော့ အတွင်းပိုင်းတွေကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

၈။ အရမ်းပူလွန်းတဲ့ နေရာတွေ

အပေါ်မှာ ပြောခဲ့သလိုပဲ ဖုန်းဟာ အရမ်းပူလွန်းတဲ့ ဒဏ်တွေကို မခံနိုင်ပါဘူး။ အရမ်းပူပါ များလွန်ရင် ဘတ်ထရီကို သွားပြီးတော့ ထိခိုက်စေပါတယ်။ ဒါ့ကြောင့် မီးပုံဘေးမှာ ဖုန်းသုံးတာတွေ၊ နေရောင်ခြည် တိုက်ရိုက်ကျတဲ့ နေရာတွေမှာ ဖုန်းကို မထားသင့်ပါဘူး။

၉။ ကလေးရဲ့ တွန်းလှည်းအတွင်း

တချို့မိခင်တွေဟာ အပြင်သွားရင် ဖုန်းကိုသယ်ရတာ လွယ်အောင်ဆိုပြီးတော့ ကလေးရဲ့ တွန်းလှည်းလေးထဲမှာ ဖုန်းကိုထည့်သွားလေ့ ရှိပါတယ်။ ဒီလိုထည့်တာက ကလေးကို ထိခိုက်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားခါနီးအချိန်တွေမှာ ဖုန်းကိုသုံးတာကလည်း ကလေးကို အာရုံစူးစိုက်မှု ချို့ယွင်းခြင်းနှင့် hyperactivity လိုမျိုး ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

၁၀။ ခေါင်းအုံးအောက်မှာ ထားအိပ်ခြင်း

ဒီလို ထားအိပ်တာက သင့်ကို ပြဿနာတွေနဲ့ ဖက်အိပ်သလိုမျိုး ဖြစ်နေပါတယ်။ ပထမဆုံးအနေနဲ့ ဖုန်းကို ခေါင်းအုံးအောက်မှာ ထားအိပ်တာက သင့်အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဖုန်းက သတိပေးချက်တစ်ခု ထွက်ပေါ်လာတိုင်း အလင်းက သင့်ရဲ့အိပ်စက်မှုဟော်မုန်း ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဒါ့အပြင် လျှပ်စစ်သံလိုက်လှိုင်းတွေကလည်း ခေါင်းမူးခြင်းနဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ ပြီးတော့ အားသွင်းပြီး အိပ်မယ် ဆိုရင် ဖုန်းပေါက်ကွဲတာနဲ့ အပူလွန်ကဲပြီး ပျက်စီးတာတွေလည်း ဖြစ်စေပါတယ်။

Zombie (Lovemedia)

for zawgyi

ပညာရွင္ေတြေျပာတဲ့ ဖုန္းကို မထားသင့္တဲ့ေနရာ (၁၀) ခု

လူတစ္ေယာက္ဟာ အနည္းဆုံးေတာ့ တစ္ေန႔ကို (၂) ႀကိမ္ေလာက္ သုံးတတ္ၾကပါတယ္။ တခ်ိဳ႕ဆိုသုံးရင္ မထိုင္တမ္းမထ တမ္းမနားမေန သုံးတတ္ၾကပါတယ္။ စမတ္ဖုန္းေတြဟာ အခုအခ်ိန္မွာဆိုရင္ လူေတြ ေန႔စဥ္ဘဝရဲ႕ မရွိမျဖစ္ အသုံးဝင္လာေနပါတယ္။ ေရခ်ိဳးရင္ေတာင္ ဖုန္းကိုယူသြား တတ္ၾကပါတယ္။ ဒါေၾကာင့္ ဖုန္းကို ဘယ္လိုေနရာေတြမွာ ထားသင့္မထားသင့္ ဆိုတာကို love media ကေန ေျပာျပေပးခ်င္ပါတယ္။

၁။ ေဘာင္းဘီေနာက္အိတ္ကပ္

ေယာက်္ားေလး ေတာ္ေတာ္မ်ားမ်ားကေတာ့ ဖုန္းကို ထည့္တဲ့ေနရာမွာ သိပ္ၿပီးေတာ့ အလုပ္ရႉပ္မခံၾကပါဘူး။ ျဖစ္သလို ေဘာင္းဘီေနာက္ အိတ္ကပ္ထဲကို ထည့္လိုက္ၾကပါတယ္။ ဒီလိုအလြယ္ထည့္တာက မေကာင္းပါဘူး။

ဖုန္းလာလို႔ ႐ုတ္တရက္ဆြဲထုတ္လိုက္တာပဲျဖစ္ျဖစ္၊ အထိုင္အထ မေတာ္တာပဲျဖစ္ျဖစ္ ဖုန္းက ထြက္က်သြား ႏိုင္ပါတယ္။ ဒါ့အျပင္ ဒီလိုထည့္တာက အစာအိမ္နဲ႔ ေျခေထာက္ကို သြားထိခိုက္ေစပါတယ္။

၂။ ေရွ႕အိတ္ကပ္

ေဘာင္းဘီေနာက္အိတ္ကပ္မွာ ထည့္လို႔ အဆင္မေျပဘူး ဆိုေတာ့ ေရွ႕မွာထည့္မယ္ ဆိုေတာ့လည္း သင့္က်န္းမာေရးကို ထိခိုက္ေစႏိုင္ ျပန္ပါတယ္။ ေလ့လာမႈေတြအရ ေရွ႕အိတ္ကပ္ထဲမွာ ဖုန္းထည့္တာက သုတ္ပိုးအေရအတြက္ ပမာဏ (၅) ဆေလာက္ ခ်ိဳ႕တဲ့သြားႏိုင္တယ္လို႔ သိရပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ဖုန္းက ထုတ္လႊတ္တဲ့ လွ်ပ္စစ္သံလိုက္လႈိင္း ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။

၃။ Bra

ဖုန္းထည့္ဖို႔က ေနရာမရွိေတာ့ဘူး၊ ကိုယ္တိုင္ကလည္း ခရီးသြားေနေတာ့ ဖုန္းကို လုခံရမွာ ေၾကာက္တယ္။ ၿပီးေတာ့ သင့္ဖုန္းက ေသးေသးေလး ဆိုၿပီးေတာ့ Bra ၾကားထဲ ထည့္မယ္ဆိုၿပီးေတာ့ မလုပ္လိုက္ပါနဲ႔။ ဖုန္းကထြက္တဲ့ ဓာတ္ေရာင္ျခည္ေတြက အရမ္းအရမ္းကို ျမင့္ၿပီးေတာ့ သင့္ကို ရင္သားကင္ဆာျဖစ္ႏိုင္ေခ် (၆) ဆေလာက္ ျမင့္တက္သြားေစ ႏိုင္ပါတယ္။ ၿပီးေတာ့ ဖုန္းကို လည္ပင္းမွာလည္း မဆြဲထားသင့္ပါဘူး။

၄။ ခါးမွာခ်ိတ္တဲ့ အိတ္ေသးေသးေလးေတြ

သင့္ဖုန္းကို မထားသင့္တဲ့ေနရာ ေနာက္တစ္ခုကေတာ့ ေပါင္နဲ႔ခါးနားမွာ တြဲေလာင္းခ်ထားတဲ့ အိတ္ေလးေတြပါပဲ။ သုေတသနေတြအရ ဖုန္းကို ေပါင္နဲ႔ခါးနားမွာ ခ်ိတ္ပါမ်ားရင္ အဲ့ေနရာ တစ္ဝိုက္မွာရွိတဲ့ အ႐ိုးေတြ (၇) ခုေလာက္ အားနည္းသြားႏိုင္တယ္ လို႔ ေျပာပါတယ္။ တကယ္လို႔ မျဖစ္မေန ခ်ိတ္ခ်င္တယ္ဆိုလည္း အိတ္ထူထူေလးကို သုံးသင့္ပါတယ္။

၅။ မ်က္ႏွာနဲ႔ နီးနီးကပ္ကပ္ ဖုန္းေျပာျခင္း

သင္ဟာ ဖုန္းေျပာရင္ မ်က္ႏွာနဲ႔ဖုန္းကို အရမ္းကပ္ၿပီး ေျပာတတ္တဲ့သူလား။ ဒါဆိုရင္ေတာ့ ဒီအက်င့္ကို ဆက္မလုပ္သင့္ေတာ့ပါဘူး။ ဘာလို႔လဲ ဆိုေတာ့ ဖုန္းမွာကပ္ေနတဲ့ ဘတ္တီးရီးယားေလးေတြက မ်က္ႏွာအေရျပားထဲကို စိမ့္ဝင္သြားၿပီး အေရျပားျပႆနာေတြနဲ႔ အျခားကိစၥေတြကိုပါ ျဖစ္ႏိုင္ေစလို႔ပါ။ ဒါေၾကာင့္ ေနာက္တစ္ခါ ဖုန္းေျပာေတာ့မယ္ဆိုရင္ မ်က္ႏွာနဲ႔ အနည္းဆုံး (၂) စင္တီမီတာေလာက္ ခြါေျပာသင့္ပါတယ္။

၆။ ဖုန္းကို အလြန္အကြၽံ အားသြင္းျခင္း

လူအမ်ားစုက ဖုန္းကို လုံးဝအားကုန္ေအာင္ သုံးၿပီးေတာ့ ညအိပ္ခါနီးမွ တစ္ညလုံး အားသြင္းတာမ်ိဳးေတြ လုပ္တတ္ၾကပါတယ္။ ဒီလိုလုပ္တာက ဖုန္းကိုေတာ္ေတာ္ ထိခိုက္ေစၿပီးေတာ့ ဘက္ထရီသက္တမ္းကိုလည္း တိုေစပါတယ္။ ၿပီးေတာ့ သုံးရျပဳရတာလည္း ေႏွးလာပါတယ္။

၇။ အလြန္ေအးတဲ့ ေနရာေတြ

အခုသုံးေနတဲ့ ဖုန္းေတြကို အပူခ်ိန္ အတိုင္းအတာတစ္ခုထိသာ ခံႏိုင္ေအာင္ ထုတ္လုပ္ထားၾကတာပဲ ျဖစ္ပါတယ္။ အပူခ်ိန္ ကန႔္သတ္ခ်က္ထိ ေက်ာ္ၿပီးသုံးရင္ ဖုန္းမွာ ျပႆနာေလးေတြ ျဖစ္လာႏိုင္ပါတယ္။ ဥပမာ ဖုန္းကို အရမ္းေအးတဲ့ေနရာမွာသုံးၿပီး အိမ္ထဲကို ျပန္ဝင္လာတဲ့ အခ်ိန္ၾကရင္ အပူအေအး မမွ်တတာေတြျဖစ္ၿပီးေတာ့ အတြင္းပိုင္းေတြကို အႀကီးအက်ယ္ ထိခိုက္ေစႏိုင္ပါတယ္။

၈။ အရမ္းပူလြန္းတဲ့ ေနရာေတြ

အေပၚမွာ ေျပာခဲ့သလိုပဲ ဖုန္းဟာ အရမ္းပူလြန္းတဲ့ ဒဏ္ေတြကို မခံႏိုင္ပါဘူး။ အရမ္းပူပါ မ်ားလြန္ရင္ ဘတ္ထရီကို သြားၿပီးေတာ့ ထိခိုက္ေစပါတယ္။ ဒါ့ေၾကာင့္ မီးပုံေဘးမွာ ဖုန္းသုံးတာေတြ၊ ေနေရာင္ျခည္ တိုက္႐ိုက္က်တဲ့ ေနရာေတြမွာ ဖုန္းကို မထားသင့္ပါဘူး။

၉။ ကေလးရဲ႕ တြန္းလွည္းအတြင္း

တခ်ိဳ႕မိခင္ေတြဟာ အျပင္သြားရင္ ဖုန္းကိုသယ္ရတာ လြယ္ေအာင္ဆိုၿပီးေတာ့ ကေလးရဲ႕တြန္းလွည္းေလးထဲမွာ ဖုန္းကိုထည့္သြားေလ့ ရွိပါတယ္။ ဒီလိုထည့္တာက ကေလးကို ထိခိုက္ႏိုင္တယ္လို႔ သုေတသီေတြက ဆိုပါတယ္။ ၿပီးေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ မီးဖြားခါနီးအခ်ိန္ေတြမွာ ဖုန္းကိုသုံးတာကလည္း ကေလးကို အာ႐ုံစူးစိုက္မႈ ခ်ိဳ႕ယြင္းျခင္းႏွင့္ hyperactivity လိုမ်ိဳး ေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။

၁၀။ ေခါင္းအုံးေအာက္မွာ ထားအိပ္ျခင္း

ဒီလို ထားအိပ္တာက သင့္ကို ျပႆနာေတြနဲ႔ ဖက္အိပ္သလိုမ်ိဳး ျဖစ္ေနပါတယ္။ ပထမဆုံးအေနနဲ႔ ဖုန္းကို ေခါင္းအုံးေအာက္မွာ ထားအိပ္တာက သင့္အိပ္စက္ျခင္းကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ဖုန္းက သတိေပးခ်က္တစ္ခု ထြက္ေပၚလာတိုင္း အလင္းကသင့္ရဲ႕အိပ္စက္မႈေဟာ္မုန္း ထုတ္လုပ္မႈကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။

ဒါ့အျပင္ လွ်ပ္စစ္သံလိုက္လႈိင္းေတြကလည္း ေခါင္းမူးျခင္းနဲ႔ ေခါင္းကိုက္ျခင္းကို ျဖစ္ေစပါတယ္။ ၿပီးေတာ့ အားသြင္းၿပီး အိပ္မယ္ ဆိုရင္ ဖုန္းေပါက္ကြဲတာနဲ႔ အပူလြန္ကဲၿပီး ပ်က္စီးတာေတြလည္း ျဖစ္ေစပါတယ္။

Zombie (Lovemedia)