Max Alexander ဆိုတဲ့ကလေးလေးက အသက် ၇ နှစ်အရွယ်သာရှိသေးပေမယ့် ဒီဇိုင်နာဖြစ်လာခဲ့ပါတယ်။ သူဟာ အသက် ၄ နှစ်အရွယ်ကတည်းက ဝတ်စုံတွေကို ဖန်တီးနေနိုင်ပါပြီ။ ဒါ့အပြင် သူ့ကိုယ်သူလည်း အီတလီဒီဇိုင်နာ Guccio Gucci ဝင်စားတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

၇ နှစ်အရွယ်ကလေးလေးက Gucci ဆိုတာ ဘာလဲဆိုတာကို မသိနိုင်လောက်သေးပါဘူး။ ဒါပေမယ့် Max Alexander ဆိုတဲ့ကလေးလေးကတော့  Gucci ကို သိတဲ့အပြင် အရင်ဘဝက သူဟာ Guccio Gucci ဖြစ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

သူအသက် ၄ နှစ်တုန်းက အမေဖြစ်သူကို သူ့ရဲ့ပါရမီတွေထုတ်ပြချင်လို့ ဖက်ရှင်မယ်တစ်ယောက်လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ်မှာ အခြားသော ကလေးတွေက ပြေးလွှားဆော့ကစားတာကို သဘောကျပေမယ့် Max Alexander ကတော့ အချုပ်အလုပ်ကိုသာ စိတ်ဝင်စားပါတယ်။

Max Alexander မှာ ဖက်ရှင်နဲ့ပတ်သက်တဲ့ဗီဇပါဝင်တယ်လို့ မိဘတွေက ယုံကြည်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကလေးရဲ့ အဘိုးအဘွားတွေက Montreal မှာ ဖက်ရှင်လုပ်ငန်းကို လုပ်ကိုင်တာကြောင့်ပါ။ ဒါပေမယ့် အဘိုးအဘွားတွေ ဖက်ရှင်လုပ်ငန်းလုပ်ကိုင်ကြောင်းကို Max Alexander က မသိရှိပါဘူး။

Max က အမေဖြစ်သူ အပ်ချုပ်စက်ဘယ်လိုအသုံးပြုလဲဆိုတာကို ရက်သတ္တပတ်အနည်းငယ်ကြာအောင် လေ့လာပါတယ်။ အဲဒီနောက်မှာတော့ ဖက်ရှင်ပိုင်းကို အားစိုက်ပြီး လုပ်ကိုင်ပါတယ်။ ဖက်ရှင်မှာ ဝါသနာပါတာက ခဏတာလောက်ပဲဖြစ်မယ်လို့ မိဘတွေက ထင်ပေမယ့် အသက် ၇ နှစ်ရောက်တဲ့အထိ သူ့ရဲ့စိတ်ဝင်စားမှုတွေက မှေးမှိန်မသွားပါဘူး။ 

အသက် ၇ နှစ်အရွယ်ကလေးလေးက သူချုပ်လုပ်ထားတဲ့ဝတ်စုံတွေနဲ့ပတ်သက်ပြီးတော့လည်း ရှင်းပြနိုင်ပါတယ်။ People Magazine ကိုလည်း သူဟာ အရင်ဘဝက Guccio Gucci ဖြစ်ခဲ့ကြောင်း ပြောခဲ့ပါသေးတယ်။

Max ရဲ့အိပ်မက်ကတော့ Gucci Fashion House မှာ ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့ သို့မဟုတ် ကိုယ်ပိုင်ဖက်ရှင်စတူဒီယိုဖွင့်ဖို့ပါ။ လက်ရှိမှာတော့ ဝတ်စုံပေါင်းများစွာကို ချုပ်လုပ်ပြီးတော့ ရောင်းချနေနိုင်ပါပြီ။

vdo

Zombie (lovemedia)

for zawgyi

အသက္ ၇ ႏွစ္အ႐ြယ္နဲ႔ ဖက္ရွင္ဒီဇိုင္နာျဖစ္လာတဲ့ ကေလးေလး

Max Alexander ဆိုတဲ့ကေလးေလးက အသက္ ၇ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္ ဒီဇိုင္နာျဖစ္လာခဲ့ပါတယ္။ သူဟာ အသက္ ၄ ႏွစ္အ႐ြယ္ကတည္းက ဝတ္စုံေတြကို ဖန္တီးေနႏိုင္ပါၿပီ။ ဒါ့အျပင္ သူ႔ကိုယ္သူလည္း အီတလီဒီဇိုင္နာ Guccio Gucci ဝင္စားတယ္လို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။

၇ ႏွစ္အ႐ြယ္ကေလးေလးက Gucci ဆိုတာ ဘာလဲဆိုတာကို မသိႏိုင္ေလာက္ေသးပါဘူး။ ဒါေပမယ့္ Max Alexander ဆိုတဲ့ကေလးေလးကေတာ့  Gucci ကို သိတဲ့အျပင္ အရင္ဘဝက သူဟာ Guccio Gucci ျဖစ္ခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။ သူအသက္ ၄ ႏွစ္တုန္းက အေမျဖစ္သူကို သူ႔ရဲ႕ပါရမီေတြထုတ္ျပခ်င္လို႔ ဖက္ရွင္မယ္တစ္ေယာက္လိုအပ္ေၾကာင္း ေျပာခဲ့ပါတယ္။ အသက္ ၄ ႏွစ္အ႐ြယ္မွာ အျခားေသာ ကေလးေတြက ေျပးလႊားေဆာ့ကစားတာကို သေဘာက်ေပမယ့္ Max Alexander ကေတာ့ အခ်ဳပ္အလုပ္ကိုသာ စိတ္ဝင္စားပါတယ္။

Max Alexander မွာ ဖက္ရွင္နဲ႔ပတ္သက္တဲ့ဗီဇပါဝင္တယ္လို႔ မိဘေတြက ယုံၾကည္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ကေလးရဲ႕ အဘိုးအဘြားေတြက Montreal မွာ ဖက္ရွင္လုပ္ငန္းကို လုပ္ကိုင္တာေၾကာင့္ပါ။ ဒါေပမယ့္ အဘိုးအဘြားေတြ ဖက္ရွင္လုပ္ငန္းလုပ္ကိုင္ေၾကာင္းကို Max Alexander က မသိရွိပါဘူး။

Max က အေမျဖစ္သူ အပ္ခ်ဳပ္စက္ဘယ္လိုအသုံးျပဳလဲဆိုတာကို ရက္သတၱပတ္အနည္းငယ္ၾကာေအာင္ ေလ့လာပါတယ္။ အဲဒီေနာက္မွာေတာ့ ဖက္ရွင္ပိုင္းကို အားစိုက္ၿပီး လုပ္ကိုင္ပါတယ္။ ဖက္ရွင္မွာ ဝါသနာပါတာက ခဏတာေလာက္ပဲျဖစ္မယ္လို႔ မိဘေတြက ထင္ေပမယ့္ အသက္ ၇ ႏွစ္ေရာက္တဲ့အထိ သူ႔ရဲ႕စိတ္ဝင္စားမႈေတြက ေမွးမွိန္မသြားပါဘူး။ 

အသက္ ၇ ႏွစ္အ႐ြယ္ကေလးေလးက သူခ်ဳပ္လုပ္ထားတဲ့ဝတ္စုံေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း ရွင္းျပႏိုင္ပါတယ္။ People Magazine ကိုလည္း သူဟာ အရင္ဘဝက Guccio Gucci ျဖစ္ခဲ့ေၾကာင္း ေျပာခဲ့ပါေသးတယ္။ Max ရဲ႕အိပ္မက္ကေတာ့ Gucci Fashion House မွာ ဦးေဆာင္သူတစ္ေယာက္ျဖစ္လာဖို႔ သို႔မဟုတ္ ကိုယ္ပိုင္ဖက္ရွင္စတူဒီယိုဖြင့္ဖို႔ပါ။ လက္ရွိမွာေတာ့ ဝတ္စုံေပါင္းမ်ားစြာကို ခ်ဳပ္လုပ္ၿပီးေတာ့ ေရာင္းခ်ေနႏိုင္ပါၿပီ။

Zombie (lovemedia)