ကမ္ဘာပေါ်မှာ နေ့စားအလုပ်က အလွယ်ကူဆုံး အလုပ်တခုပါပဲ။ ဒါကြောင့်လည်း လူတိုင်းနီးပါး လုပ်နေနိုင်ကြတာပေါ့။ နေ့စားအလုပ်မှာ လုပ်နေရင်း အချိန်ကြာလာတာနဲ့ အမျှ မိတ်ဆွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျလာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာကိုမှ ကိုယ်ကိုတိုင် မစီမံ မခန့်ခွဲ ရလို့ပါဘဲ။

ကျနော်တို့ နိုင်ငံသားတွေဟာ ဘာကြောင့် ဆင်းရဲကြသလဲ ဆိုတော့ အသက်ငယ်ငယ်နဲ့ နိုင်ငံခြားကို အလုပ်လုပ်ဖို့ ရောက်ခဲ့တယ်။ တချို့က မြန်မာပြည်မှာပေါ့။ ကိုယ့်ရဲ့ အစွမ်းအစနဲ့ တိုးတက်သွားတဲ့ သူတွေ နည်းပြီး သူဌေး စီစဉ်ထားတဲ့ အလုပ်မှာအလိုက်သင့် ဝင်ရောက်ကြရတယ်။ မန်နေဂျာတွေ၊ အလုပ်ကြီးကြပ်ရေးတွေ အဖြစ်နဲ့ ခိုင်းတဲ့အတိုင်း လိုက်လုပ်ကြရတယ်လေ။

နောက်ပြီး အလုပ်က ပြန်လာတော့လည်း အသောက်အစားနဲ့ အပျော်အပါးကို ဦးစားပေးကြပါတယ်။ ဒါကြောင့် နေ့စားဆိုတဲ့ နာမည်ကြားရုံနဲ့ အတော်လေး သနားစရာဘဝပါ။ နေ့စားဘဝ အကြောင်းတွေကို ကျနော့် မိတ်ဆွေသူငယ်ချင်းတချို့ ခုထိ မသိကြသေးပါဘူး သူတို့ကို လေ့လာစေချင်ပါတယ်။ လေ့လာရတာလည်း မခက်ခဲပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က အသက်ကြီးတဲ့သူ တချို့ရဲ့ အတိတ်သမိုင်းကို လေ့လာလိုက်ရင် ရပါပြီ။

လူငယ်တွေကို အမြင်ကျယ်စေချင်ပါတယ်။ ရွာလောက်ကိုဘဲ ကြည့်နေရင်တော့ လယ်ထွန်စက်လောက်ပဲ မြင်ရမှာဖြစ်ပြီး၊ မြို့ကို ကြည့်ရင်တော့ ပြိုင်ကားတွေကို မြင်ရပါလိမ့်မယ်။ ဒီထက်မက ကမ္ဘာကြီးကို မြင်အောင်ကြည့်ရင်တော့ လေယာဉ်တွေနဲ့ အပျော်စီး သင်္ဘောတွေကို တွေ့ရမှာပါ။

ဆိုရိုးစကား ရှိသလိုမျိုး ပေါ့။ ဆင်ပိန်တော့ ကျွဲတဲ့လေ။ ဒါကြောင့် ပြိုင်ကားဝယ်ဖို့ စိတ်ကူးသူ တယောက်ဟာ လယ်ထွန်စက်ဝယ်ဖို့ စိတ်ကူး သူထက်တော့ အစစ အရာရာ သာပါတယ်။

ကိုယ်လိုချင်တာတွေ ရဖို့၊ ကိုယ့်ရဲ့ မိသားစုကို ကောင်းကောင်းကူညီနိုင်ဖို့၊ ကိုယ့်ရပ်ရွာ ကိုယ့်နိုင်ငံအတွက် တန်ဖိုးရှိတဲ့လူတယောက် ဖြစ်ချင်တယ်ဆိုရင် အဓိပ္ပါယ်ရှိတဲ့ လူတယောက် ဖြစ်ချင်တယ် ဆိုရင်တော့ "နေ့စား" ဆိုတဲ့ ဘဝနဲ့ လုံးဝ မရရှိနိုင်ဘူး ဆိုတာကို စောစောသိပြီး စောစော ကြိုးစားကာ အောင်မြင်ကြပါစေဗျာ။ crd

Zawgyi

ေန႔စားဘဝနဲ့ ၾကီးပြားနိုင္သလား

ကမာၻေပၚမွာ ေန႔စားအလုပ္က အလြယ္ကူဆုံး အလုပ္တခုပါပဲ။ ဒါေၾကာင့္လည္း လူတိုင္းနီးပါး လုပ္ေနႏိုင္ၾကတာေပါ့။ ေန႔စားအလုပ္မွာ လုပ္ေနရင္း အခ်ိန္ၾကာလာတာနဲ႔ အမွ် မိတ္ေဆြရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေတြ က်လာပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဘာကိုမွ ကိုယ္ကိုတိုင္ မစီမံ မခန႔္ခြဲ ရလို႔ပါဘဲ။

က်ေနာ္တို႔ ႏိုင္ငံသားေတြဟာ ဘာေၾကာင့္ ဆင္းရဲၾကသလဲ ဆိုေတာ့ အသက္ငယ္ငယ္နဲ႔ ႏိုင္ငံျခားကို အလုပ္လုပ္ဖို႔ ေရာက္ခဲ့တယ္။ တခ်ိဳ႕က ျမန္မာျပည္မွာေပါ့။ ကိုယ့္ရဲ႕ အစြမ္းအစနဲ႔ တိုးတက္သြားတဲ့ သူေတြ နည္းၿပီး သူေဌး စီစဥ္ထားတဲ့ အလုပ္မွာအလိုက္သင့္ ဝင္ေရာက္ၾကရတယ္။ မန္ေနဂ်ာေတြ၊ အလုပ္ႀကီးၾကပ္ေရးေတြ အျဖစ္နဲ႔ ခိုင္းတဲ့အတိုင္း လိုက္လုပ္ၾကရတယ္ေလ။

ေနာက္ၿပီး အလုပ္က ျပန္လာေတာ့လည္း အေသာက္အစားနဲ႔ အေပ်ာ္အပါးကို ဦးစားေပးၾကပါတယ္။ ဒါေၾကာင့္ ေန႔စားဆိုတဲ့ နာမည္ၾကား႐ုံနဲ႔ အေတာ္ေလး သနားစရာဘဝပါ။ ေန႔စားဘဝ အေၾကာင္းေတြကို က်ေနာ့္ မိတ္ေဆြသူငယ္ခ်င္းတခ်ိဳ႕ ခုထိ မသိၾကေသးပါဘူး သူတို႔ကို ေလ့လာေစခ်င္ပါတယ္။ ေလ့လာရတာလည္း မခက္ခဲပါဘူး။ ကိုယ့္ပတ္ဝန္းက်င္က အသက္ႀကီးတဲ့သူ တခ်ိဳ႕ရဲ႕ အတိတ္သမိုင္းကို ေလ့လာလိုက္ရင္ ရပါၿပီ။

လူငယ္ေတြကို အျမင္က်ယ္ေစခ်င္ပါတယ္။ ႐ြာေလာက္ကိုဘဲ ၾကည့္ေနရင္ေတာ့ လယ္ထြန္စက္ေလာက္ပဲ ျမင္ရမွာျဖစ္ၿပီး၊ ၿမိဳ႕ကို ၾကည့္ရင္ေတာ့ ၿပိဳင္ကားေတြကို ျမင္ရပါလိမ့္မယ္။ ဒီထက္မက ကမာၻႀကီးကို ျမင္ေအာင္ၾကည့္ရင္ေတာ့ ေလယာဥ္ေတြနဲ႔ အေပ်ာ္စီး သေဘၤာေတြကို ေတြ႕ရမွာပါ။

ဆို႐ိုးစကား ရွိသလိုမ်ိဳး ေပါ့။ ဆင္ပိန္ေတာ့ ကြၽဲတဲ့ေလ။ ဒါေၾကာင့္ ၿပိဳင္ကားဝယ္ဖို႔ စိတ္ကူးသူ တေယာက္ဟာ လယ္ထြန္စက္ဝယ္ဖို႔ စိတ္ကူး သူထက္ေတာ့ အစစ အရာရာ သာပါတယ္။ ကိုယ္လိုခ်င္တာေတြ ရဖို႔၊ ကိုယ့္ရဲ႕ မိသားစုကို ေကာင္းေကာင္းကူညီႏိုင္ဖို႔၊ ကိုယ့္ရပ္႐ြာ ကိုယ့္ႏိုင္ငံအတြက္ တန္ဖိုးရွိတဲ့လူတေယာက္ ျဖစ္ခ်င္တယ္ဆိုရင္ အဓိပၸါယ္ရွိတဲ့ လူတေယာက္ ျဖစ္ခ်င္တယ္ ဆိုရင္ေတာ့ "ေန႔စား" ဆိုတဲ့ ဘဝနဲ႔ လုံးဝ မရရွိႏိုင္ဘူး ဆိုတာကို ေစာေစာသိၿပီး ေစာေစာ ႀကိဳးစားကာ ေအာင္ျမင္ၾကပါေစဗ်ာ။ crd