တခါတုန်းက လမ်းပေါ်မှာ တောင်းစားနေတဲ့ ကလေးတယောက်ကို လူတယောက်က ပိုးထိုးနေတဲ့ ပန်းသီးတလုံး ပေးသွားတယ်။ နောက်လူတယောက်ကလည်း မှိုတက်နေတဲ့ ပေါင်မုန့်တထုပ် ပေးသွားတယ်။

ဒီတော့ ကလေးက ပန်းသီးကို ပိုးထိုးနေတဲ့ အပိုင်းကို ဖယ်လိုက်ပြီး ကောင်းတဲ့အပိုင်းကို စားလိုက်တယ်။ ပေါင်မုန့်ကိုလဲ မှိုတက်နေတဲ့ အပိုင်းကို ဖယ်ပြီး စားလိုက်တယ်။

အဲဒါကို အစအဆုံး မြင်လိုက်တဲ့ လူတယောက်က ကလေးကို မေးတယ်။ "ညီလေး မင်းရောဂါဖြစ်မှာ မစိုးရိမ်ဘူးလား" တဲ့။ ဒီတော့ ကလေးလေးက အခုလို ပြန်ဖြေတယ်။

"လောကမှာ အကောင်းချည်းပဲ ဘယ်တော့မှ မဖြစ်နိုင်ပါဘူးအကို။ အကောင်းရော အဆိုးရော ရောထွေးနေတဲ့ အထဲကမှ ကောင်းတာလေးတွေ ရွေးယူတတ်မှ အဆင်ပြေလိမ့်မယ်။ မကောင်းလို့သာ အကုန် ပစ်လိုက်ရမယ်ဆို ကျွန်တော့်အတွက် စားစရာ တခုတောင် ကျန်မှာမဟုတ်ဘူး" တဲ့။

ကျွန်တော်တို့ ဘဝတွေမှာလဲ ဒီဥပမာလေးလို ပါပဲ။ အကောင်းနဲ့ အဆိုးတွေက ဒွန်တွဲ ဝင်လာတတ်ပါတယ်။ အဲဒါကို မကောင်းဘူး မကောင်းဘူးဆိုပြီး ပယ်ချလိုက် ပစ်ချလိုက်လို့ ရတဲ့အခါလဲရှိမယ်၊ မရတဲ့ အခါမျိုးတွေလဲ ရှိမှာပါ။

ဒါဆို ပြန်စစ်ကြည့်ဖို့ လိုလာပြီ။ အဲ့ဒီတော့ မိမိကိုယ်မိမိ ပြန်စမ်းစစ်ကြည့်ပါ။ ဘယ်နေရာမှာ မှားနေတာလဲ။ ဘာလို့ အဆင်မပြေတာလဲ။ ဘာကြောင့် လိုက်လျော့ညီထွေ မဖြစ်ရတာလဲ။ ဘာကို လက်မခံနိုင်တာလဲ။

အဲဒီလို ပြန်သုံးသပ်ပြီးရင် မကောင်းတာလေးကို ဖယ်ထုတ်လိုက်ပါ။ မကောင်းတာတွေကို ဥပေက္ခာ ပြုလိုက်ပါ။ ကောင်းတာလေးနဲ့ အစားထိုး ပြုပြင်လိုက်ပါ။ ဒါဆို ကောင်းတာလေးတွေ ကျန်ရစ်မယ်။

အဲဒီလို ကောင်းတာလေးတွေ စုမိပြီဆိုရင် ဘဝရဲ့တိုးတတ်ရာ လမ်းကြောင်းမှန်းကို စနစ်တကျ ဖြည်းဖြည်း မှန်မှန်သာ ကြိုးစား လျှောက်လှမ်းပြီး မိမိရည်ရွယ်ချက် ပန်းတိုင်ကို အပြစ်အနာအစာ နည်းပါစွာနဲ့ မုချ ရောက်ရမှာ အသေအချာပါပဲ။ crd

Zawgyi

ေ႐ြးခ်ယ္တတ္ဖို႔ လိုပါတယ္

တခါတုန္းက လမ္းေပၚမွာ ေတာင္းစားေနတဲ့ ကေလးတေယာက္ကို လူတေယာက္က ပိုးထိုးေနတဲ့ ပန္းသီးတလုံး ေပးသြားတယ္။ ေနာက္လူတေယာက္ကလည္း မႈိတက္ေနတဲ့ ေပါင္မုန႔္တထုပ္ ေပးသြားတယ္။

ဒီေတာ့ ကေလးက ပန္းသီးကို ပိုးထိုးေနတဲ့ အပိုင္းကို ဖယ္လိုက္ၿပီး ေကာင္းတဲ့အပိုင္းကို စားလိုက္တယ္။ ေပါင္မုန႔္ကိုလဲ မႈိတက္ေနတဲ့ အပိုင္းကို ဖယ္ၿပီး စားလိုက္တယ္။

အဲဒါကို အစအဆုံး ျမင္လိုက္တဲ့ လူတေယာက္က ကေလးကို ေမးတယ္။ "ညီေလး မင္းေရာဂါျဖစ္မွာ မစိုးရိမ္ဘူးလား" တဲ့။ ဒီေတာ့ ကေလးေလးက အခုလို ျပန္ေျဖတယ္။

"ေလာကမွာ အေကာင္းခ်ည္းပဲ ဘယ္ေတာ့မွ မျဖစ္ႏိုင္ပါဘူးအကို။ အေကာင္းေရာ အဆိုးေရာ ေရာေထြးေနတဲ့ အထဲကမွ ေကာင္းတာေလးေတြ ေ႐ြးယူတတ္မွ အဆင္ေျပလိမ့္မယ္။ မေကာင္းလို႔သာ အကုန္ ပစ္လိုက္ရမယ္ဆို ကြၽန္ေတာ့္အတြက္ စားစရာ တခုေတာင္ က်န္မွာမဟုတ္ဘူး" တဲ့။

ကြၽန္ေတာ္တို႔ ဘဝေတြမွာလဲ ဒီဥပမာေလးလို ပါပဲ။ အေကာင္းနဲ႔ အဆိုးေတြက ဒြန္တြဲ ဝင္လာတတ္ပါတယ္။ အဲဒါကို မေကာင္းဘူး မေကာင္းဘူးဆိုၿပီး ပယ္ခ်လိုက္ ပစ္ခ်လိုက္လို႔ ရတဲ့အခါလဲရွိမယ္၊ မရတဲ့ အခါမ်ိဳးေတြလဲ ရွိမွာပါ။

ဒါဆို ျပန္စစ္ၾကည့္ဖို႔ လိုလာၿပီ။ အဲ့ဒီေတာ့ မိမိကိုယ္မိမိ ျပန္စမ္းစစ္ၾကည့္ပါ။ ဘယ္ေနရာမွာ မွားေနတာလဲ။ ဘာလို႔ အဆင္မေျပတာလဲ။ ဘာေၾကာင့္ လိုက္ေလ်ာ့ညီေထြ မျဖစ္ရတာလဲ။ ဘာကို လက္မခံႏိုင္တာလဲ။

အဲဒီလို ျပန္သုံးသပ္ၿပီးရင္ မေကာင္းတာေလးကို ဖယ္ထုတ္လိုက္ပါ။ မေကာင္းတာေတြကို ဥေပကၡာ ျပဳလိုက္ပါ။ ေကာင္းတာေလးနဲ႔ အစားထိုး ျပဳျပင္လိုက္ပါ။ ဒါဆို ေကာင္းတာေလးေတြ က်န္ရစ္မယ္။

အဲဒီလို ေကာင္းတာေလးေတြ စုမိၿပီဆိုရင္ ဘဝရဲ႕တိုးတတ္ရာ လမ္းေၾကာင္းမွန္းကို စနစ္တက် ျဖည္းျဖည္း မွန္မွန္သာ ႀကိဳးစား ေလွ်ာက္လွမ္းၿပီး မိမိရည္႐ြယ္ခ်က္ ပန္းတိုင္ကို အျပစ္အနာအစာ နည္းပါစြာနဲ႔ မုခ် ေရာက္ရမွာ အေသအခ်ာပါပဲ။ crd