မိဘတိုင်း သူတို့သားသမီးတွေကို သူတို့ထက် ပိုကောင်းတဲ့လူ ဖြစ်အောင် ကြီးပြင်းစေချင်ကြပါတယ်။ ဒါကြောင့် ဟားဗတ်တက္ကသိုလ်က ပညာရှင်တွေရဲ့ အကြံပြုထားတဲ့ သင့်ကလေးကို ကြင်နာမှု၊ တာဝန်သိမှု၊ သနားကြင်နာမှုတို့နဲ့ ဘယ်လို ရှေ့ဆက်လျှောက်စေမလဲ ဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးပါမယ်နော်။

၁။ သင့်ကလေးကို သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်တတ်အောင် သင်ပေးပါ။

ဒေါသ ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုတွေဟာ လူကြီးတွေမှာသာမက ကလေးတွေမှာပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေရာတိုင်းကို အဆိုးမမြင်စေပဲ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို သင်ကြားပေး သင့်ပါတယ်။

သင့်ကလေး စိတ်တည်ငြိမ်နေတဲ့ အချိန်ကျရင် ဒီနည်းလမ်းလေးတွေကို ပြောပြထားသင့်ပါတယ်။ နှာခေါင်းကနေ လေကို ဝဝရှုသွင်းပြီးတော့ (၅) စက္ကန့်လောက် ပါးစပ်ကနေ လေပြန်မှုတ်တတ်အောင် သင်ပေးပါ။ စိတ်ရှုပ်စရာ ကိစ္စတစ်ခုခု ကြုံလာပြီဆိုတိုင်း ဒီနည်းလမ်းလေးကို လုပ်ဖို့အတွက် ပြောပြထားပါ။

၂။ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိကြောင်း ပြောပြပါ။

ကလေးတွေ ဆိုတာဟာ အဖေနဲ့အမေရဲ့ လုပ်ရပ်တွေကို အမြဲ အတုလိုက်ယူတတ်ပါတယ်။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ အချင်းချင်း ကူညီတတ်ခြင်းနှင့် ကမ္ဘာကြီးကို ဂရုစိုက်ဖို့ စိတ်ကူးစိတ်သန်းတွေအကြောင်းကို သူတို့နှင့် ဆွေးနွေးပါ။ သူ့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူမှု ဆိုတာ ဘယ်လိုလဲ ဆိုတာကို ရှင်းပြပါ။ အရေးကြီးဆုံးကတော့ သင့်ကိုယ်ပိုင် စကားနဲ့အညီ ပြုမူနေထိုင်ဖို့ မမေ့ပါနဲ့။ သင့်ကလေးကို ကောင်းတဲ့အရာတွေလုပ်ဖို့ တိုက်တွန်းပါ။

၃။ သင့်ကလေးကို စာနာနားလည်တတ်အောင်နှင့် အားနည်းသူတွေကို ကူညီတတ်အောင် သင်ပေးပါ။

သင့်ကလေးကို သူချစ်ခင်ရသူနှင့် သူငယ်ချင်းများ အတွက်သာမက အကူအညီ လိုအပ်နေသူတိုင်း အတွက်ပါ သနားကြင်နာတတ်စေဖို့ သင်ပေးတာက အလွန်ကို အရေးကြီးပါတယ်။ နေရာအသစ် တစ်ခုခုကို ရောက်သွားတဲ့အခါ ဘယ်လို ခံစားရမလဲ၊ ကြင်နာဖေးမဖို့က ဘယ်လောက် အရေးကြီးလဲ ဆိုတာကို ပြောပြပါ။

ပြီးတော့ လမ်းဘေးမှာ စားစရာမရှိတဲ့သူတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုပြုမှုရမလဲ ဆိုတာကို ပြောပြပါ။ ဒီလိုတွေ ပြောပြတာက ကလေးတွေကို လူမှုတာဝန် ဝတ္တရားတွေရဲ့ အရေးပါပုံကို သိရှိနားလည် လာစေနိုင်ပါတယ်။

၄။ သင့်ကလေးကို ကျေးဇူးသိတတ်အောင် သင်ပေးပါ။

သင့်ကလေးဟာ တစ်စုံတစ်ခုအတွက် ဒါမှမဟုတ် တစ်စုံတစ်ဦးကို ကျေးဇူးတင်ကြောင်း အသိအမှတ် ပြုကြောင်းပြောဖို့ ဘယ်သောအခါမှ မရှက်ဖို့ ပြောပြထားခြင်းက အရေးကြီးပါတယ်။ ဥပမာအားဖြင့် သူ့အဘွားက လုပ်ပေးထားတဲ့ အရသာရှိတဲ့ မုန့်တွေအတွက် အဘွားကို ပွေ့ဖက်ပြီး ကျေးဇူးတင်ကြောင်းပြောတတ်ဖို့ပါ။

လိုအပ်တဲ့အခါတိုင်း ကျေးဇူးတင်ကြောင်း အမြဲပြောတတ်ဖို့နဲ့ သူတို့အတွက် တစ်ခုခု လုပ်ပေးတယ်ဆိုလည်း ကျေးဇူးတင်ပြောင်း ပြောဖို့ ပြောပြထားပါ။ သုတေသနပြုချက်တွေအရ ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ မရှက်မကြောက်တဲ့ သူတွေဟာ ပြုလုပ်သူတွေထက် ပိုပြီးပျော်ရွှင်ကျန်းမာကြောင်း သိရပါတယ်။

၅။ မိသားစုကို တန်ဖိုးထားတတ်အောင် သင်ပေးပါ။

မိဘအများစုဟာ ကျောင်း ဒါမှမဟုတ် အားကစားမှာ သားသမီးများတွေ အောင်မြင်တာကိုပဲ လိုချင်ကြပါတယ်။ တစ်ခါတလေ သူများကို လေးစားတတ်အောင် သင်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် သင့်မိသားစုရဲ့ကိုယ်ပိုင်တန်ဖိုးတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပြီးတော့ သင့်ကလေးကို စကားလုံးတွေ နာခံတတ်အောင်၊ အကျင့်စာရိတ္တ ကောင်းမွန်အောင် သင်ကြားပေးပါ။

သင့်ကလေးက လူတွေကို လေးစားသမှု ပြုသူလား။ သူတို့ရဲ့ ကတိတွေကို လိုက်နာကြသလား။ သူတို့ရဲ့ ရွယ်တူတွေအပေါ် ဒါမှမဟုတ် သူတို့ကို စိတ်ဆိုးစေတဲ့ သူတွေအပေါ် ဘယ်လို ပြုမူနေထိုင်ကြမလဲ။ ပြီးတော့ သင့်ကလေးရဲ့ အကျင့်တွေဟာ ဘယ်သူ့ဆီကနေ ကူးစက်သလဲ ဆိုတာကို မမေ့ပါနဲ့နော်။

၆။ အချိန်တွေ တူတူဖြုန်းပေးပါ။

သင့်ကလေးကို ပေါင်းသင်းဆက်ဆံမှု အားလုံးရဲ့ စည်းကမ်းတွေ အကြောင်းပြောရုံနဲ့ ကလေးက အကုန်လိုက်နာနိုင်မှာ မဟုတ်ပါဘူး။ သင့်ကလေးနှင့် ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားပါ။ သူတို့နဲ့ စကားပြောပါ၊ သူတို့နဲ့ ကစားပါ၊ အတူတူ အချိန်ဖြုန်းပါ၊ တစ်နေရာရာကို ခရီးထွက်ပါ၊ ပြီးတော့ သူတို့ကို သင်ဘယ်လောက် ချစ်ကြောင်း ပြောပြဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

ဒီလိုတွေ လုပ်ပေးတာဟာ ချစ်ခြင်းမေတ္တာနှင့် လေးစားမှုတို့ကို နားလည်သဘောပေါက်ပြီး ဒီခံစားချက်တွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့ တခြားသူတွေဆီကို ဝေမျှပေးနိုင်တဲ့ ကြင်နာ၊ ရိုးသားသူ ဖြစ်လာစေဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။

Zombie (lovemedia)

for zawgyi

လိမၼာတဲ့ကေလးျဖစ္လာေအာင္ ပ်ိဳးေထာင္ေပးလို႔ရမယ့္ လွ်ိဳ႕ဝွက္ခ်က္ (၆) ခ်က္

မိဘတိုင္းက သူတို႔သားသမီးေတြကို သူတို႔ထက္ ပိုေကာင္းတဲ့လူ ျဖစ္ေအာင္ ႀကီးျပင္းေစခ်င္ၾကပါတယ္။ ဒါေၾကာင့္ ဟားဗတ္တကၠသိုလ္က ပညာရွင္ေတြရဲ႕ အႀကံျပဳထားတဲ့ သင့္ကေလးကို ၾကင္နာမႈ၊ တာဝန္သိမႈ၊ သနားၾကင္နာမႈတို႔နဲ႔ ဘယ္လို ေရွ႕ဆက္ေလွ်ာက္ေစမလဲ ဆိုတဲ့ နည္းလမ္းေတြကို love media ကေန ေျပာျပေပးပါမယ္ေနာ္။

၁။ သင့္ကေလးကို သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္တတ္ေအာင္ သင္ေပးပါ။

ေဒါသ၊ ဝမ္းနည္းမႈႏွင့္ စိတ္ပ်က္မႈေတြဟာ လူႀကီးေတြမွာသာမက ကေလးေတြမွာပါ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေနရာတိုင္းကို အဆိုးမျမင္ေစပဲ အေျခအေနေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ဘယ္လိုေျဖရွင္းရမလဲ ဆိုတာကို သင္ၾကားေပး သင့္ပါတယ္။ သင့္ကေလး စိတ္တည္ၿငိမ္ေနတဲ့ အခ်ိန္က်ရင္ ဒီနည္းလမ္းေလးေတြကို ေျပာျပထားသင့္ပါတယ္။ ႏွာေခါင္းကေန ေလကို ဝဝရႈသြင္းၿပီးေတာ့ (၅) စကၠန႔္ေလာက္ ပါးစပ္ကေန ေလျပန္မႈတ္တတ္ေအာင္ သင္ေပးပါ။ စိတ္ရႈပ္စရာ ကိစၥတစ္ခုခု ႀကဳံလာၿပီဆိုတိုင္း ဒီနည္းလမ္းေလးကို လုပ္ဖို႔အတြက္ ေျပာျပထားပါ။

၂။ သူတို႔ရဲ႕ လုပ္ရပ္ေတြအတြက္ တာဝန္ရွိေၾကာင္း ေျပာျပပါ။

ကေလးေတြ ဆိုတာဟာ အေဖနဲ႔အေမရဲ႕ လုပ္ရပ္ေတြကို အၿမဲ အတုလိုက္ယူတတ္ပါတယ္။ အက်င့္စာရိတၱ ေကာင္းမြန္ျခင္း၊ အခ်င္းခ်င္း ကူညီတတ္ျခင္းႏွင့္ ကမာၻႀကီးကို ဂ႐ုစိုက္ဖို႔ စိတ္ကူးစိတ္သန္းေတြအေၾကာင္းကို သူတို႔ႏွင့္ ေဆြးေႏြးပါ။ သူ႔ရဲ႕လုပ္ရပ္ေတြအတြက္ တာဝန္ယူမႈ ဆိုတာ ဘယ္လိုလဲ ဆိုတာကို ရွင္းျပပါ။ အေရးႀကီးဆုံးကေတာ့ သင့္ကိုယ္ပိုင္ စကားနဲ႔အညီ ျပဳမူေနထိုင္ဖို႔ မေမ့ပါနဲ႔။ သင့္ကေလးကို ေကာင္းတဲ့အရာေတြလုပ္ဖို႔ တိုက္တြန္းပါ။

၃။ သင့္ကေလးကို စာနာနားလည္တတ္ေအာင္ႏွင့္ အားနည္းသူေတြကို ကူညီတတ္ေအာင္ သင္ေပးပါ။

သင့္ကေလးကို သူခ်စ္ခင္ရသူႏွင့္ သူငယ္ခ်င္းမ်ား အတြက္သာမက အကူအညီ လိုအပ္ေနသူတိုင္း အတြက္ပါ သနားၾကင္နာတတ္ေစဖို႔ သင္ေပးတာက အလြန္ကို အေရးႀကီးပါတယ္။ ေနရာအသစ္ တစ္ခုခုကို ေရာက္သြားတဲ့အခါ ဘယ္လို ခံစားရမလဲ၊ ၾကင္နာေဖးမဖို႔က ဘယ္ေလာက္ အေရးႀကီးလဲ ဆိုတာကို ေျပာျပပါ။ ၿပီးေတာ့ လမ္းေဘးမွာ စားစရာမရွိတဲ့သူေတြနဲ႔ ေတြ႕တဲ့အခါ ဘယ္လိုျပဳမႈရမလဲ ဆိုတာကို ေျပာျပပါ။ ဒီလိုေတြ ေျပာျပတာက ကေလးေတြကို လူမႈတာဝန္ ဝတၱရားေတြရဲ႕ အေရးပါပုံကို သိရွိနားလည္ လာေစႏိုင္ပါတယ္။

၄။ သင့္ကေလးကို ေက်းဇူးသိတတ္ေအာင္ သင္ေပးပါ။

သင့္ကေလးဟာ တစ္စုံတစ္ခုအတြက္ ဒါမွမဟုတ္ တစ္စုံတစ္ဦးကို ေက်းဇူးတင္ေၾကာင္း အသိအမွတ္ ျပဳေၾကာင္းေျပာဖို႔ ဘယ္ေသာအခါမွ မရွက္ဖို႔ ေျပာျပထားျခင္းက အေရးႀကီးပါတယ္။ ဥပမာအားျဖင့္ သူ႔အဘြားက လုပ္ေပးထားတဲ့ အရသာရွိတဲ့ မုန႔္ေတြအတြက္ အဘြားကို ေပြ႕ဖက္ၿပီး ေက်းဇူးတင္ေၾကာင္းေျပာတတ္ဖို႔ပါ။ လိုအပ္တဲ့အခါတိုင္း ေက်းဇူးတင္ေၾကာင္း အၿမဲေျပာတတ္ဖို႔နဲ႔ သူတို႔အတြက္ တစ္ခုခု လုပ္ေပးတယ္ဆိုလည္း ေက်းဇူးတင္ေျပာင္း ေျပာဖို႔ ေျပာျပထားပါ။ သုေတသနျပဳခ်က္ေတြအရ ေက်းဇူးတင္ေၾကာင္း ေဖာ္ျပဖို႔ မရွက္မေၾကာက္တဲ့ သူေတြဟာ ျပဳလုပ္သူေတြထက္ ပိုၿပီးေပ်ာ္႐ႊင္က်န္းမာေၾကာင္း သိရပါတယ္။

၅။ မိသားစုကို တန္ဖိုးထားတတ္ေအာင္ သင္ေပးပါ။

မိဘအမ်ားစုဟာ ေက်ာင္း ဒါမွမဟုတ္ အားကစားမွာ သားသမီးမ်ားေတြ ေအာင္ျမင္တာကိုပဲ လိုခ်င္ၾကပါတယ္။ တစ္ခါတေလ သူမ်ားကို ေလးစားတတ္ေအာင္ သင္ေပးဖို႔ ေမ့ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္မိသားစုရဲ႕ကိုယ္ပိုင္တန္ဖိုးေတြကို ရွင္းရွင္းလင္းလင္း သတ္မွတ္ၿပီးေတာ့ သင့္ကေလးကို စကားလုံးေတြ နာခံတတ္ေအာင္၊ အက်င့္စာရိတၱ ေကာင္းမြန္ေအာင္ သင္ၾကားေပးပါ။ သင့္ကေလးက လူေတြကို ေလးစားသမႈ ျပဳသူလား။ သူတို႔ရဲ႕ ကတိေတြကို လိုက္နာၾကသလား။ သူတို႔ရဲ႕ ႐ြယ္တူေတြအေပၚ ဒါမွမဟုတ္ သူတို႔ကို စိတ္ဆိုးေစတဲ့ သူေတြအေပၚ ဘယ္လို ျပဳမူေနထိုင္ၾကမလဲ။ ၿပီးေတာ့ သင့္ကေလးရဲ႕ အက်င့္ေတြဟာ ဘယ္သူ႔ဆီကေန ကူးစက္သလဲ ဆိုတာကို မေမ့ပါနဲ႔ေနာ္။

၆။ အခ်ိန္ေတြ တူတူျဖဳန္းေပးပါ။

သင့္ကေလးကို ေပါင္းသင္းဆက္ဆံမႈ အားလုံးရဲ႕ စည္းကမ္းေတြ အေၾကာင္းေျပာ႐ုံနဲ႔ ကေလးက အကုန္လိုက္နာႏိုင္မွာ မဟုတ္ပါဘူး။ သင့္ကေလးႏွင့္ ယုံၾကည္စိတ္ခ်ရတဲ့ ဆက္ဆံေရး တည္ေဆာက္ဖို႔ ႀကိဳးစားပါ။ သူတို႔နဲ႔ စကားေျပာပါ၊ သူတို႔နဲ႔ ကစားပါ၊ အတူတူ အခ်ိန္ျဖဳန္းပါ၊ တစ္ေနရာရာကို ခရီးထြက္ပါ၊ ၿပီးေတာ့ သူတို႔ကို သင္ဘယ္ေလာက္ ခ်စ္ေၾကာင္း ေျပာျပဖို႔ ဘယ္ေတာ့မွ မေမ့ပါနဲ႔။ ဒီလိုေတြ လုပ္ေပးတာဟာ ခ်စ္ျခင္းေမတၱာႏွင့္ ေလးစားမႈတို႔ကို နားလည္သေဘာေပါက္ၿပီး ဒီခံစားခ်က္ေတြဟာ ပတ္ဝန္းက်င္မွာရွိတဲ့ တျခားသူေတြဆီကို ေဝမွ်ေပးႏိုင္တဲ့ ၾကင္နာ၊ ႐ိုးသားသူ ျဖစ္လာေစဖို႔ ကူညီေပးမွာပဲျဖစ္ပါတယ္။

Zombie (lovemedia)