တယောက်တည်း အနေကြာလာတာများပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံလေ့မရှိတဲ့သူ တယောက်ဟာ လူအများကြားထဲ သွားရင် ရှက်သလိုလို၊ ယုံကြည်မှု မရှိသလိုလို ဖြစ်ကြရတယ်။ ရှက်ကြောက်ခြင်းဆိုတာ မိမိရဲ့ စိတ်အတွင်းကနေ လာတဲ့အရာ တခုပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ရှက်ကြောက်ခြင်းဟာ သိမ်ငယ်စိတ်ကနေ ဖြစ်ပေါ်လာတာလို့လည်း ပြောလို့ရပါတယ်။

ဒါဆို ရှက်ကြောက်တဲ့စိတ်က လူတယောက်ကို ဘာဖြစ်သွားစေနိုင်လဲ။ တကယ်တော့ ဘာမှ မဖြစ်သွားစေပါဘူး။ ပြောတာနည်းနည်း ရှုပ်သွားမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ လူတယောက်ဟာ အရာရာမှာ ရှက်နေကြောက်နေတဲ့အခါ သူလုပ်ချင်တာကို လုပ်ဖို့လည်း သတ္တိမရှိတော့ဘူး။

အများကြားသွားဖို့ကိုလည်း အဆင်မပြေတော့ဘူး။ အဲတော့ ဘာမှ မလုပ်ဖြစ်တော့ဘူး။ ဘာမှမလုပ်ဖြစ်တော့ ဘယ်နေရာမှ ထထမြောက်မြောက် ဖြစ်သွားတယ်ဆိုတာ မရှိတော့ဘူး။ တချိန်လုံး ဒီရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်ကသာ အချိန်တိုင်း ကြီးစိုးနေတော့တာပေါ့။

ဒါဆို ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်ကို ဘယ်လိုဖြေဖျောက်ရမလဲလို့ ခင်ဗျားတို့ ကျွန်တော့်ကို မေးကြမှာပါပဲ။ အဲ့ဒီအတွက်တော့ ဝမ်းနည်းပါတယ်။ ဖြေဖျောက်ဖို့အတွက် လုံးဝ နည်းလမ်းကို ကျွန်တော်မသိပါဘူး။ ကျွန်တော့်တုန်းကလည်း ဒီလိုစာတွေ စတင်ဖို့အတွက်ကို တော်တော်လေး ကြောက်ခဲ့တယ်။

လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော်က Low profile နဲ့ နေနေကျသူ တဦးဖြစ်တယ်။ ဘာ Post မှလည်း မတင်သလို၊ My day တောင်မှ ကျွန်တော် တင်လေ့မရှိပါဘူး။

အမှန်တိုင်းပြောရရင် အဲဒီတုန်းက ငယ်သေးတဲ့ အရွယ်ဖြစ်တာရယ်၊ အေးအေးဆေးဆေး နေတတ်တာရယ်ကြောင့်လားမသိ သို့သော် ကျွန်တော် Post တွေ့တင်ရင် ငါ့ကိုလူတွေ ဘာလာပြောမလဲစတဲ့ ရှက်ကြောက်စိတ်လေးကြောင့်လည်း ကျွန်တော် အတော်ကြာ ဘယ်သူမှမသိ ကိုယ့်နေရာလေးမှာပဲ နေခဲ့ဖူးတယ်။

ဒါဆို ဘာလို့ ကျွန်တော်မရှက်တော့တာလဲ၊ တခုခု လုပ်ရမှာကို မကြောက်တော့တာလဲ။ ကျွန်တော် အထက်မှာပြောခဲ့သလိုပဲ အဲဒီလိုလုပ်ဖို့ကို ကျွန်တော် နည်းလမ်းမသိပါဘူး။ ဒါပေမယ့် ကျွန်တော် စခဲ့တယ်။

ကျွန်တော် ဝါသနာပါတဲ့ အရာကို စခဲ့တယ်။ စာတွေ စရေးတယ်၊ Video တွေ လုပ်တယ်၊ အဆက်မပြတ် လုပ်နေခဲ့တယ်။ လုပ်ရင်းလုပ်ရင်း ကျွန်တော်ရဲ့ ငယ်ငယ်က ရှက်တတ်တဲ့စိတ်၊ ကြောက်တဲ့စိတ်တွေ ပျောက်သွားခဲ့တယ်။ နားလည်အောင် ပြောရရင် အလုပ်တခု၊ ဝါသနာပါတဲ့ အရာတခုကို စလုပ်လိုက်တာဟာ အချိန်ကြာလာတဲ့အခါ ကိုယ့်ဘဝရဲ့ ပြောင်းလဲမှုကို တကယ် တွေ့ရပါလိမ့်မယ်။

ဟုတ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို အရမ်း အပြစ်တင်ကြတယ်။ "ငါက အသုံးကိုမကျဘူး၊ ဒီနေရာမှာပဲ ဒီနှစ်ကလဲ၊ ငါက တကယ်ကို ငတုံး" စတဲ့စတဲ့ အရာတွေနဲ့ ကိုယ့်ကိုယ်ကို ဝေဖန်ပြီးတော့ နေ့စဉ် စိတ်ဆင်းရဲမှုတွေကို ဝယ်ယူနေကြတယ်။

တကယ်တော့ အဲဒီလို အချိန်ကုန်ခံပြီး ကိုယ့်ကိုယ်ကို ပြန်ဝေဖန်နေမယ့်အစား ကိုယ့်ရဲ့ ဝါသနာပါတဲ့အရာ၊ ကိုယ်တကယ် ရူးသွပ်တဲ့ အရာတွေကို ကြိုးစားပြီး လုပ်စေချင်တယ်။ စလုပ်တဲ့ အချိန်မှာတော့ ရှက်နေ၊ ကြောက်နေမှာပါပဲ။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့်ဘဝ ပြောင်းလဲမှုကို ကြည့်လိုက်ပါ။ ရှက်နေကြောက်နေပြီး မလုပ်လိုက်ရင်တော့ ဆက်ပြီး ရှက်နေကြောက်နေအုံးမှာပါပဲ။ မင်းပြောင်းလဲနိုင်ပါတယ်။ crd

Zawgyi

လူေတာမတိုးခ်င္တဲ့စိတ္ကို ေျပာင္းလဲလိုက္ပါ

တေယာက္တည္း အေနၾကာလာတာမ်ားၿပီး လူေတြနဲ႔ ထိေတြ႕ဆက္ဆံေလ့မရွိတဲ့သူ တေယာက္ဟာ လူအမ်ားၾကားထဲ သြားရင္ ရွက္သလိုလို၊ ယုံၾကည္မႈ မရွိသလိုလို ျဖစ္ၾကရတယ္။ ရွက္ေၾကာက္ျခင္းဆိုတာ မိမိရဲ႕ စိတ္အတြင္းကေန လာတဲ့အရာ တခုပဲ ျဖစ္ပါတယ္။ တနည္းအားျဖင့္ ရွက္ေၾကာက္ျခင္းဟာ သိမ္ငယ္စိတ္ကေန ျဖစ္ေပၚလာတာလို႔လည္း ေျပာလို႔ရပါတယ္။

ဒါဆို ရွက္ေၾကာက္တဲ့စိတ္က လူတေယာက္ကို ဘာျဖစ္သြားေစႏိုင္လဲ။ တကယ္ေတာ့ ဘာမွ မျဖစ္သြားေစပါဘူး။ ေျပာတာနည္းနည္း ရႈပ္သြားမယ္ ထင္ပါတယ္။ ဟုတ္ပါတယ္။ လူတေယာက္ဟာ အရာရာမွာ ရွက္ေနေၾကာက္ေနတဲ့အခါ သူလုပ္ခ်င္တာကို လုပ္ဖို႔လည္း သတၱိမရွိေတာ့ဘူး။ အမ်ားၾကားသြားဖို႔ကိုလည္း အဆင္မေျပေတာ့ဘူး။ အဲေတာ့ ဘာမွ မလုပ္ျဖစ္ေတာ့ဘူး။ ဘာမွမလုပ္ျဖစ္ေတာ့ ဘယ္ေနရာမွ ထထေျမာက္ေျမာက္ ျဖစ္သြားတယ္ဆိုတာ မရွိေတာ့ဘူး။ တခ်ိန္လုံး ဒီရွက္တဲ့စိတ္၊ ေၾကာက္တဲ့စိတ္ကသာ အခ်ိန္တိုင္း ႀကီးစိုးေနေတာ့တာေပါ့။

ဒါဆို ရွက္တဲ့စိတ္၊ ေၾကာက္တဲ့စိတ္ကို ဘယ္လိုေျဖေဖ်ာက္ရမလဲလို႔ ခင္ဗ်ားတို႔ ကြၽန္ေတာ့္ကို ေမးၾကမွာပါပဲ။ အဲ့ဒီအတြက္ေတာ့ ဝမ္းနည္းပါတယ္။ ေျဖေဖ်ာက္ဖို႔အတြက္ လုံးဝ နည္းလမ္းကို ကြၽန္ေတာ္မသိပါဘူး။ ကြၽန္ေတာ့္တုန္းကလည္း ဒီလိုစာေတြ စတင္ဖို႔အတြက္ကို ေတာ္ေတာ္ေလး ေၾကာက္ခဲ့တယ္။ လြန္ခဲ့တဲ့ႏွစ္ေတြက ကြၽန္ေတာ္က Low profile နဲ႔ ေနေနက်သူ တဦးျဖစ္တယ္။ ဘာ Post မွလည္း မတင္သလို၊ My day ေတာင္မွ ကြၽန္ေတာ္ တင္ေလ့မရွိပါဘူး။

အမွန္တိုင္းေျပာရရင္ အဲဒီတုန္းက ငယ္ေသးတဲ့ အ႐ြယ္ျဖစ္တာရယ္၊ ေအးေအးေဆးေဆး ေနတတ္တာရယ္ေၾကာင့္လားမသိ သို႔ေသာ္ ကြၽန္ေတာ္ Post ေတြ႕တင္ရင္ ငါ့ကိုလူေတြ ဘာလာေျပာမလဲစတဲ့ ရွက္ေၾကာက္စိတ္ေလးေၾကာင့္လည္း ကြၽန္ေတာ္ အေတာ္ၾကာ ဘယ္သူမွမသိ ကိုယ့္ေနရာေလးမွာပဲ ေနခဲ့ဖူးတယ္။ ဒါဆို ဘာလို႔ ကြၽန္ေတာ္မရွက္ေတာ့တာလဲ၊ တခုခု လုပ္ရမွာကို မေၾကာက္ေတာ့တာလဲ။ ကြၽန္ေတာ္ အထက္မွာေျပာခဲ့သလိုပဲ အဲဒီလိုလုပ္ဖို႔ကို ကြၽန္ေတာ္ နည္းလမ္းမသိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ စခဲ့တယ္။

ကြၽန္ေတာ္ ဝါသနာပါတဲ့ အရာကို စခဲ့တယ္။ စာေတြ စေရးတယ္၊ Video ေတြ လုပ္တယ္၊ အဆက္မျပတ္ လုပ္ေနခဲ့တယ္။ လုပ္ရင္းလုပ္ရင္း ကြၽန္ေတာ္ရဲ႕ ငယ္ငယ္က ရွက္တတ္တဲ့စိတ္၊ ေၾကာက္တဲ့စိတ္ေတြ ေပ်ာက္သြားခဲ့တယ္။ နားလည္ေအာင္ ေျပာရရင္ အလုပ္တခု၊ ဝါသနာပါတဲ့ အရာတခုကို စလုပ္လိုက္တာဟာ အခ်ိန္ၾကာလာတဲ့အခါ ကိုယ့္ဘဝရဲ႕ ေျပာင္းလဲမႈကို တကယ္ ေတြ႕ရပါလိမ့္မယ္။

ဟုတ္ပါတယ္။ လူေတြဟာ ကိုယ့္ကိုယ္ကို အရမ္း အျပစ္တင္ၾကတယ္။ "ငါက အသုံးကိုမက်ဘူး၊ ဒီေနရာမွာပဲ ဒီႏွစ္ကလဲ၊ ငါက တကယ္ကို ငတုံး" စတဲ့စတဲ့ အရာေတြနဲ႔ ကိုယ့္ကိုယ္ကို ေဝဖန္ၿပီးေတာ့ ေန႔စဥ္ စိတ္ဆင္းရဲမႈေတြကို ဝယ္ယူေနၾကတယ္။ တကယ္ေတာ့ အဲဒီလို အခ်ိန္ကုန္ခံၿပီး ကိုယ့္ကိုယ္ကို ျပန္ေဝဖန္ေနမယ့္အစား ကိုယ့္ရဲ႕ ဝါသနာပါတဲ့အရာ၊ ကိုယ္တကယ္ ႐ူးသြပ္တဲ့ အရာေတြကို ႀကိဳးစားၿပီး လုပ္ေစခ်င္တယ္။ စလုပ္တဲ့ အခ်ိန္မွာေတာ့ ရွက္ေန၊ ေၾကာက္ေနမွာပါပဲ။ ဒါေပမယ့္ လုပ္ရင္းလုပ္ရင္းနဲ႔ ကိုယ့္ဘဝ ေျပာင္းလဲမႈကို ၾကည့္လိုက္ပါ။ ရွက္ေနေၾကာက္ေနၿပီး မလုပ္လိုက္ရင္ေတာ့ ဆက္ၿပီး ရွက္ေနေၾကာက္ေနအုံးမွာပါပဲ။ မင္းေျပာင္းလဲႏိုင္ပါတယ္။ crd