တချို့မိဘတွေဟာ သားသမီးတွေကို အရမ်း ချစ်လွန်းတာကြောင့် နေရာတိုင်းမှာ လိုက်ပြီးကြည့်ရှုစောင့်ရှောက် ပေးတတ်ကြပါတယ်။ ဒီလို လုပ်ပေးတာဟာ ကလေးအတွက် လုံခြုံမှုရပေမယ့် ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းပြီးတော့ တစ်စုံတစ်ယောက်က ပြောပေး၊ လုပ်ပေးမှ လုပ်ရဲကိုင်ရဲတော့တဲ့ အခြေအနေ ဖြစ်သွားတတ်ပါတယ်။ ကလေးကို နှစ်နေသလိုပါပဲ။

ဒါကြောင့် ဘယ်လိုအပြုအမှုတွေက ကလေးအပေါ်ကို အရမ်း စိုးရိမ်လွန်နေလဲဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ အကြောင်းအရာ တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါပြောခြင်း

အစိုးရိမ်လွန်၊ အကြောက်လွန်တဲ့ မိဘတွေဟာ တူညီတဲ့ အကြောင်းအရာတွေကိုပဲ တစ်ကြိမ်ထက်ပိုပြီး ပြန်ပြောလေ့ ရှိပါတယ်။ ဥပမာ သင့်ကလေးကို ခွေးလေခွေးလွင့်တွေနဲ့ မကစားဖို့၊ သူတို့ဟာ အရမ်း ကြောက်ဖို့ကောင်းတယ် ဆိုတဲ့အကြောင်းကို ထပ်ခါထပ်ခါ ပြောပြနေတယ် ဆိုရင်တော့ ကလေးဟာ နောက်ဆုံးမှာ phobia ဖြစ်သွားမှာပဲဖြစ်ပါတယ်။

ဒီနည်းနဲ့ သင့်ကလေးဆီကို အကြောက်တရားတွေ ထည့်သွင်းပေးလိုက် သလိုပါပဲ။ လေ့လာမှုတွေအရ ဒီလို အကြောက်တရားနဲ့ အုပ်ချုပ်ခံရတဲ့ ကလေးတွေဟာ စိုးရိမ်ပူပန်မှု ပိုမိုဖြစ်ပွားတတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ကလေးတွေကို ဘယ်လို ရှင်းပြရမလဲ ဆိုတော့ ဒီလို ခွေးလေခွေးလွင့်တွေကို ကြောက်စရာပုံစံနဲ့ မမြင်စေဘဲ သူတို့ဟာ ရောဂါတွေများကြောင်း၊ မသန့်ရှင်းကြောင်း ပြောပြပါ။ ပြောပြတဲ့အခါမှာလည်း သင့်အသံက တည်ငြိမ်နေအောင် ဂရုစိုက်ပါ။

၂။ သင်ကိုယ်တိုင်ကလည်း ကြောက်တတ်ခြင်း

သင်ဟာ တစ်စုံတစ်ခုကို အရမ်းကြောက်တတ်ရင် သင့်ကလေးကလည်း လိုက်ပြီး ကြောက်တတ်ပါတယ်။ ကလေးတွေဟာ ရေမြှုပ်လေးတွေလိုပါပဲ။ အသက်ကလည်း ငယ်ရွယ်သေးတာကြောင့် ဘာမှမစဉ်းစားတတ်သေးပဲ သင်ကြောက်လို့ လိုက်ကြောက်တာမျိုးဖြစ်နေပါတယ်။

ဒါကြောင့် ကလေးတွေကိုပါ လိုက်မကြောက်စေချင်ဘူး ဆိုရင် သူတို့ရှေ့မှာ အတတ်နိုင်ဆုံး မကြောက်အောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပါ။ သင်က သူတို့ရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်နေတယ် ဆိုတာကို မမေ့ပါနဲ့။

၃။ ကလေးကို 24/7 စောင့်ကြည့်နေခြင်း

စိုးရိမ်လွန်တဲ့ မိဘတွေဟာ ကလေးတွေကို အချိန်ပြည့် လိုက်ကြည့်နေ တတ်ပါတယ်။ အိမ်စာတွေ လုပ်ရင်လည်း အလွဲအချော်ဖြစ်မှာတွေ၊ ကစားနေရင်လည်း ချော်လဲမှောက်လဲ ဖြစ်မှာကို စိုးရိမ်ပြီး အရိပ်တကြည့်ကြည့်နဲ့ နေတတ်ပါတယ်။ ဒီလိုလိုက်လုပ်တဲ့အခါ ကလေးက စိတ်မွန်းကြပ်ပြီးတော့ လုပ်ရတာ အာရုံမစိုက်မိဘဲ ဖြစ်တတ်ပါတယ်။

မိဘတွေကတော့ အစိုးရိမ်လွန်ပြီး အရာအားလုံးကို ပုံကြီးလိုက်ချဲ့တွေးတတ်ကြပါတယ်။ ဒါကြောင့် သင့်ကလေးကို တကယ်ဂရုစိုက်ရင်၊ စာတကယ်လုပ်စေချင်ရင် သူတို့စိတ်ဝင်စားတဲ့ စာအုပ်တွေပဲ ဝယ်ပေးပါ။ ကစားတဲ့နေရာမှာ အန္တရာယ်ကင်းအောင် အကာအကွယ်တွေဝတ်ပေးပါ။ ကလေးလဲ ပျော်တဲ့အပြင် လိုက်ပြီးမစောင့်ကြည့်တာကြောင့် သူတို့လဲ ပျော်ရွှင်ရပါတယ်။

၄။ ကလေးကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မပေးခြင်း

သင့်ကလေးမှာ ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် အရင်ဆုံးဆူတာထက် နှစ်သိမ့်တာကိုပဲ ဦးစားပေးလုပ်ပေးပါ။ သူတို့ကို ဆူလိုက်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းစေတဲ့အပြင် နေရာတိုင်း သူတို့အပြစ်လို့ မြင်တတ်လာပါလိမ့်မယ်။

စိတ်ဝင်စားဖို့ ကောင်းတာက အရာရာကို ငြင်းဆန်နေတာကလည်း စိုးရိမ်ပူပန်မှုရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဥပမာ၊ ဆရာမေးတဲ့ မေးခွန်းကို ဖြေဆိုဖို့ ငြင်းလိုက်တာဟာ မှားသွားမှာ၊ သူငယ်ချင်းတွေက ဝိုင်းလှောင်မှာကို ကြောက်ရွံ့နေတာကြောင့် ဖြစ်ပါတယ်။

၅။ သင့်ကလေးကို မေးခွန်းတွေ ခဏခဏမေးခြင်း

မိဘတွေဟာ တစ်ခုခုကို အစိုးရိမ်လွန်တာကြောင့် သူတို့ကလေးတွေကို ဘာတွေလုပ်ထားလဲ၊ ဘာတွေလုပ်နေလဲလို့ ခဏခဏ မေးတတ်ကြပါတယ်။ ဒီလိုမေးလို့ ကလေးက ဘာမှမလုပ်ဘူး ဆိုရင်တော့ သူတို့က စိတ်ကျေနပ်သွား တတ်ကြပါတယ်။ တစ်ဖက်မှာတော့ ကလေးက မေးခွန်းတွေ ထပ်ခါထပ်ခါ မေးခံနေရတာကြောင့် စိတ်ထဲမှာ ငါဘာမှားနေလဲ ဆိုပြီး တွေးလာတတ်ပါတယ်။

ဒါကြောင့် ပစ္စုပ္ပန်ကို အာရုံစိုက်ခြင်းက သင့်ကို ပိုပြီး စိတ်အေးလက်အေး ခံစားရစေနိုင်ပါတယ်။ အဆိုးမြင်စိတ်တွေက အခြေအနေကို ပိုဆိုးစေတဲ့အတွက် ဖြတ်လိုက်ပါ။ အခြေအနေ အများစုဟာ သင်စိတ်ကူးထားသလို ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။

၆။ လျှို့ဝှက်ချက်တွေတိုင်းကို လိုက်မေးခြင်း

စိတ်ပူပန်သောက ရောက်တတ်တဲ့ မိဘတွေဟာ သားသမီးတွေကို သူတို့နဲ့ပတ်သက်တဲ့ အရာအားလုံးအကြောင်း အစအဆုံး လိုက်မေးနေတတ်ပါတယ်။ လူတိုင်းမှာတော့ လျှို့ဝှက်ချက်ကိုယ်စီဆိုတာ ရှိကြပါတယ်။ တချို့အရာတွေက မိဘနဲ့သားသမီး ဖြစ်နေပေမယ့်လည်း လိုက်မေးတိုင်း မကောင်းပါဘူး။

ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှို့ဝှက်ချက်တွေက မရှိမဖြစ် လိုအပ်ပါတယ်။ လျှို့ဝှက်ချက် အမျိုးအစား ၂ မျိုး ရှိပါတယ်။ အကောင်း (အံ့အားသင့်မှုတွေ) နှင့် အဆိုး (သင့်ကလေးကို ဝမ်းနည်းစေတဲ့ ဒါမှမဟုတ် ရှက်ရွံ့စေတဲ့ အခြေအနေများ)။ ဒီနှစ်ခုရဲ့ ခြားနားချက်ကို သေချာလေး စဉ်းစားပြီးမှ မတတ်သာတဲ့ အခြေအနေ ဒါမှမဟုတ် အသက်အန္တရာယ် ရှိနိုင်တယ်လို့ သင်ခံစားရမှသာ ဝင်ရောက်စွက်ဖက်ပါ။

၇။ ကလေးကို သင်မပါပဲ ဘယ်အရာမှ လုပ်ခွင့်မပြုခြင်း

တချို့မိဘတွေဟာ သူတို့သားသမီးတွေ အပြင်သွားတိုင်း ဘေးကနေ လိုက်ကြည့်နေမှ စိတ်ချရတယ်လို့ ခံယူထားကြပါတယ်။ ဒီလို လိုက်တာကြောင့် သူတို့က စိတ်အေးချမ်းနေပေမယ့် သားသမီးတွေမှာတော့ မွန်းကြပ်နေတတ်ပါတယ်။ ကြာရင် သူတို့ကိုယ်သူတို့ အားကိုးနိုင်စွမ်းမရှိပဲ ဖြစ်သွားတတ်ပါတယ်။ သင့်ကလေးကို အမှီအခိုကင်းကင်းနဲ့ လုပ်ဆောင်တတ်ဖို့ သေးငယ်တဲ့ အလုပ်တစ်ခုကို ခိုင်းတာကနေ စတင်ပါ။

တစ်ချိန်တည်းမှာပဲ ကလေးကို အဆက်မပြတ်အာရုံစိုက်နေတာက လွတ်လပ်မှု မရှိသလို ခံစားရစေပါတယ်။ ဒါကြောင့် သင့်ရဲ့ အုပ်ထိန်းမှုကို အနည်းငယ် လျှော့ချဖို့ ကြိုးစားပါ။ သင့်ကလေး လုပ်ဆောင်တာတစ်ခုခု မှားယွင်းနေမှာကို စိုးရိမ်နေသေးတယ် ဆိုရင်လည်း အဆင့်တစ်ဆင့်ချင်းစီ ရှင်းပြပေးပါ။

Zombie (lovemedia)

for zawgyi

ကေလးကို အစိုးရိမ္လြန္တတ္တဲ့ မိဘျဖစ္ေၾကာင္း ေဖာ္ျပေနတဲ့လကၡဏာ (၇) ခု

တခ်ိဳ႕မိဘေတြဟာ သားသမီးေတြကို အရမ္း ခ်စ္လြန္းတာေၾကာင့္ ေနရာတိုင္းမွာ လိုက္ၿပီးၾကည့္ရႈေစာင့္ေရွာက္ ေပးတတ္ၾကပါတယ္။ ဒီလို လုပ္ေပးတာဟာ ကေလးအတြက္ လုံၿခဳံမႈရေပမယ့္ ၾကာလာတဲ့အခါ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ အားနည္းၿပီးေတာ့ တစ္စုံတစ္ေယာက္က ေျပာေပး၊ လုပ္ေပးမွ လုပ္ရဲကိုင္ရဲေတာ့တဲ့ အေျခအေန ျဖစ္သြားတတ္ပါတယ္။ ကေလးကို ႏွစ္ေနသလိုပါပဲ။ ဒါေၾကာင့္ ဘယ္လိုအျပဳအမႈေတြက ကေလးအေပၚကို အရမ္း စိုးရိမ္လြန္ေနလဲဆိုတာကို love media ကေန ေျပာျပေပးခ်င္ပါတယ္။

၁။ အေၾကာင္းအရာ တစ္ခုတည္းကိုပဲ ထပ္ခါထပ္ခါေျပာျခင္း

အစိုးရိမ္လြန္၊ အေၾကာက္လြန္တဲ့ မိဘေတြဟာ တူညီတဲ့ အေၾကာင္းအရာေတြကိုပဲ တစ္ႀကိမ္ထက္ပိုၿပီး ျပန္ေျပာေလ့ ရွိပါတယ္။ ဥပမာ သင့္ကေလးကို ေခြးေလေခြးလြင့္ေတြနဲ႔ မကစားဖို႔၊ သူတို႔ဟာ အရမ္း ေၾကာက္ဖို႔ေကာင္းတယ္ ဆိုတဲ့အေၾကာင္းကို ထပ္ခါထပ္ခါ ေျပာျပေနတယ္ ဆိုရင္ေတာ့ ကေလးဟာ ေနာက္ဆုံးမွာ phobia ျဖစ္သြားမွာပဲျဖစ္ပါတယ္။ ဒီနည္းနဲ႔ သင့္ကေလးဆီကို အေၾကာက္တရားေတြ ထည့္သြင္းေပးလိုက္ သလိုပါပဲ။ ေလ့လာမႈေတြအရ ဒီလို အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ခံရတဲ့ ကေလးေတြဟာ စိုးရိမ္ပူပန္မႈ ပိုမိုျဖစ္ပြားတတ္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ ကေလးေတြကို ဘယ္လို ရွင္းျပရမလဲ ဆိုေတာ့ ဒီလို ေခြးေလေခြးလြင့္ေတြကို ေၾကာက္စရာပုံစံနဲ႔ မျမင္ေစဘဲ သူတို႔ဟာ ေရာဂါေတြမ်ားေၾကာင္း၊ မသန႔္ရွင္းေၾကာင္း ေျပာျပပါ။ ေျပာျပတဲ့အခါမွာလည္း သင့္အသံက တည္ၿငိမ္ေနေအာင္ ဂ႐ုစိုက္ပါ။

၂။ သင္ကိုယ္တိုင္ကလည္း ေၾကာက္တတ္ျခင္း

သင္ဟာ တစ္စုံတစ္ခုကို အရမ္းေၾကာက္တတ္ရင္ သင့္ကေလးကလည္း လိုက္ၿပီး ေၾကာက္တတ္ပါတယ္။ ကေလးေတြဟာ ေရျမႇဳပ္ေလးေတြလိုပါပဲ။ အသက္ကလည္း ငယ္႐ြယ္ေသးတာေၾကာင့္ ဘာမွမစဥ္းစားတတ္ေသးပဲ သင္ေၾကာက္လို႔ လိုက္ေၾကာက္တာမ်ိဳးျဖစ္ေနပါတယ္။

ဒါေၾကာင့္ ကေလးေတြကိုပါ လိုက္မေၾကာက္ေစခ်င္ဘူး ဆိုရင္ သူတို႔ေရွ႕မွာ အတတ္ႏိုင္ဆုံး မေၾကာက္ေအာင္ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ပါ။ သင္က သူတို႔ရဲ႕ ေရွ႕ေဆာင္လမ္းျပ ျဖစ္ေနတယ္ ဆိုတာကို မေမ့ပါနဲ႔။

၃။ ကေလးကို 24/7 ေစာင့္ၾကည့္ေနျခင္း

စိုးရိမ္လြန္တဲ့ မိဘေတြဟာ ကေလးေတြကို အခ်ိန္ျပည့္ လိုက္ၾကည့္ေန တတ္ပါတယ္။ အိမ္စာေတြ လုပ္ရင္လည္း အလြဲအေခ်ာ္ျဖစ္မွာေတြ၊ ကစားေနရင္လည္း ေခ်ာ္လဲေမွာက္လဲ ျဖစ္မွာကို စိုးရိမ္ၿပီး အရိပ္တၾကည့္ၾကည့္နဲ႔ ေနတတ္ပါတယ္။ ဒီလိုလိုက္လုပ္တဲ့အခါ ကေလးက စိတ္မြန္းၾကပ္ၿပီးေတာ့ လုပ္ရတာ အာ႐ုံမစိုက္မိဘဲ ျဖစ္တတ္ပါတယ္။ မိဘေတြကေတာ့ အစိုးရိမ္လြန္ၿပီး အရာအားလုံးကို ပုံႀကီးလိုက္ခ်ဲ႕ေတြးတတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္ကေလးကို တကယ္ဂ႐ုစိုက္ရင္၊ စာတကယ္လုပ္ေစခ်င္ရင္ သူတို႔စိတ္ဝင္စားတဲ့ စာအုပ္ေတြပဲ ဝယ္ေပးပါ။ ကစားတဲ့ေနရာမွာ အႏၲရာယ္ကင္းေအာင္ အကာအကြယ္ေတြဝတ္ေပးပါ။ ကေလးလဲ ေပ်ာ္တဲ့အျပင္ လိုက္ၿပီးမေစာင့္ၾကည့္တာေၾကာင့္ သူတို႔လဲ ေပ်ာ္႐ႊင္ရပါတယ္။

၄။ ကေလးကို ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ မေပးျခင္း

သင့္ကေလးမွာ ျပႆနာတစ္ခုခု ျဖစ္ၿပီဆိုရင္ အရင္ဆုံးဆူတာထက္ ႏွစ္သိမ့္တာကိုပဲ ဦးစားေပးလုပ္ေပးပါ။ သူတို႔ကို ဆူလိုက္တာက ကိုယ့္ကိုယ္ကို ယုံၾကည္မႈအားနည္းေစတဲ့အျပင္ ေနရာတိုင္း သူတို႔အျပစ္လို႔ ျမင္တတ္လာပါလိမ့္မယ္။

စိတ္ဝင္စားဖို႔ ေကာင္းတာက အရာရာကို ျငင္းဆန္ေနတာကလည္း စိုးရိမ္ပူပန္မႈရဲ႕ လကၡဏာတစ္ခု ျဖစ္ပါတယ္။ ဥပမာ၊ ဆရာေမးတဲ့ ေမးခြန္းကို ေျဖဆိုဖို႔ ျငင္းလိုက္တာဟာ မွားသြားမွာ၊ သူငယ္ခ်င္းေတြက ဝိုင္းေလွာင္မွာကို ေၾကာက္႐ြံ႕ေနတာေၾကာင့္ ျဖစ္ပါတယ္။

၅။ သင့္ကေလးကို ေမးခြန္းေတြ ခဏခဏေမးျခင္း

မိဘေတြဟာ တစ္ခုခုကို အစိုးရိမ္လြန္တာေၾကာင့္ သူတို႔ကေလးေတြကို ဘာေတြလုပ္ထားလဲ၊ ဘာေတြလုပ္ေနလဲလို႔ ခဏခဏ ေမးတတ္ၾကပါတယ္။ ဒီလိုေမးလို႔ ကေလးက ဘာမွမလုပ္ဘူး ဆိုရင္ေတာ့ သူတို႔က စိတ္ေက်နပ္သြား တတ္ၾကပါတယ္။ တစ္ဖက္မွာေတာ့ ကေလးက ေမးခြန္းေတြ ထပ္ခါထပ္ခါ ေမးခံေနရတာေၾကာင့္ စိတ္ထဲမွာ ငါဘာမွားေနလဲ ဆိုၿပီး ေတြးလာတတ္ပါတယ္။ ဒါေၾကာင့္ ပစၥဳပၸန္ကို အာ႐ုံစိုက္ျခင္းက သင့္ကို ပိုၿပီး စိတ္ေအးလက္ေအး ခံစားရေစႏိုင္ပါတယ္။ အဆိုးျမင္စိတ္ေတြက အေျခအေနကို ပိုဆိုးေစတဲ့အတြက္ ျဖတ္လိုက္ပါ။ အေျခအေန အမ်ားစုဟာ သင္စိတ္ကူးထားသလို ဘယ္ေတာ့မွ ျဖစ္မလာႏိုင္ပါဘူး။

၆။ လွ်ိဳ႕ဝွက္ခ်က္ေတြတိုင္းကို လိုက္ေမးျခင္း

စိတ္ပူပန္ေသာက ေရာက္တတ္တဲ့ မိဘေတြဟာ သားသမီးေတြကို သူတို႔နဲ႔ပတ္သက္တဲ့ အရာအားလုံးအေၾကာင္း အစအဆုံး လိုက္ေမးေနတတ္ပါတယ္။ လူတိုင္းမွာေတာ့ လွ်ိဳ႕ဝွက္ခ်က္ကိုယ္စီဆိုတာ ရွိၾကပါတယ္။ တခ်ိဳ႕အရာေတြက မိဘနဲ႔သားသမီး ျဖစ္ေနေပမယ့္လည္း လိုက္ေမးတိုင္း မေကာင္းပါဘူး။

ကေလးတစ္ေယာက္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ လွ်ိဳ႕ဝွက္ခ်က္ေတြက မရွိမျဖစ္ လိုအပ္ပါတယ္။ လွ်ိဳ႕ဝွက္ခ်က္ အမ်ိဳးအစား ၂ မ်ိဳး ရွိပါတယ္။ အေကာင္း (အံ့အားသင့္မႈေတြ) ႏွင့္ အဆိုး (သင့္ကေလးကို ဝမ္းနည္းေစတဲ့ ဒါမွမဟုတ္ ရွက္႐ြံ႕ေစတဲ့ အေျခအေနမ်ား)။ ဒီႏွစ္ခုရဲ႕ ျခားနားခ်က္ကို ေသခ်ာေလး စဥ္းစားၿပီးမွ မတတ္သာတဲ့ အေျခအေန ဒါမွမဟုတ္ အသက္အႏၲရာယ္ ရွိႏိုင္တယ္လို႔ သင္ခံစားရမွသာ ဝင္ေရာက္စြက္ဖက္ပါ။

၇။ ကေလးကို သင္မပါပဲ ဘယ္အရာမွ လုပ္ခြင့္မျပဳျခင္း

တခ်ိဳ႕မိဘေတြဟာ သူတို႔သားသမီးေတြ အျပင္သြားတိုင္း ေဘးကေန လိုက္ၾကည့္ေနမွ စိတ္ခ်ရတယ္လို႔ ခံယူထားၾကပါတယ္။ ဒီလို လိုက္တာေၾကာင့္ သူတို႔က စိတ္ေအးခ်မ္းေနေပမယ့္ သားသမီးေတြမွာေတာ့ မြန္းၾကပ္ေနတတ္ပါတယ္။ ၾကာရင္ သူတို႔ကိုယ္သူတို႔ အားကိုးႏိုင္စြမ္းမရွိပဲ ျဖစ္သြားတတ္ပါတယ္။ သင့္ကေလးကို အမွီအခိုကင္းကင္းနဲ႔ လုပ္ေဆာင္တတ္ဖို႔ ေသးငယ္တဲ့ အလုပ္တစ္ခုကို ခိုင္းတာကေန စတင္ပါ။ တစ္ခ်ိန္တည္းမွာပဲ ကေလးကို အဆက္မျပတ္အာ႐ုံစိုက္ေနတာက လြတ္လပ္မႈ မရွိသလို ခံစားရေစပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ အုပ္ထိန္းမႈကို အနည္းငယ္ ေလွ်ာ့ခ်ဖို႔ ႀကိဳးစားပါ။ သင့္ကေလး လုပ္ေဆာင္တာတစ္ခုခု မွားယြင္းေနမွာကို စိုးရိမ္ေနေသးတယ္ ဆိုရင္လည္း အဆင့္တစ္ဆင့္ခ်င္းစီ ရွင္းျပေပးပါ။

Zombie (lovemedia)