ကမ္ဘာပေါ်မှာ အချစ်စစ်က တကယ်ရှိပေမယ့် ရှာတွေ့ဖို့ခက်ခဲ့ပါတယ်။ ဒါပေမယ့် အချစ်ရှိကြောင်းကို Bruna de Sousa က လက်တွေ့မြင်ခဲ့ရပါတယ်။ သူမရဲ့ဘဝ လုံးဝကို ပြောင်းလဲသွားတဲ့အခါ အချစ်စစ်ကို ပိုမိုသိရှိလာခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့အကြောင်းလေးကတော့ အင်တာနက်တစ်ခွင်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံက David Cesar က ရောဂါခံစားနေရတဲ့ ဇနီးသည် Bruna ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့ပါတယ်။ Bruna က ခန္ဓာကိုယ်နိုးနေပေမယ့် အသိစိတ်လုံးဝမရှိတော့တဲ့ ဝေဒနာကို ခံစားနေရတာပါ။

အဲဒါကြောင့် David က သူမကို ပြုစုဖို့ အလုပ်ထွက်လိုက်ရပါတယ်။ David က အလုပ်ထွက်ရတာကိုလည်း မမှုဘဲ မမောတမ်းမပန်းတမ်း ပြုစုပါတယ်။ David ပြုစုစောင့်ရှောက်နေတာကို Bruna က နိုးနေပေမယ့်လည်း လုံးဝကို မသိရှိနိုင်တဲ့ရောဂါအခြေအနေပါ။

Bruna က ၂ နှစ်ကြာ ဆေးရုံတက်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဆေးရုံကနေ ဆင်းပြီး အိမ်မှာတင်ဘဲ ဆေးကုပါတယ်။ David မှာ အလုပ်မရှိတော့တာကြောင့် Bruna လိုအပ်သမျှကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။

အဲဒါကြောင့် အလုပ်ကနေ ထွက်ပြီးတော့ ကားမောင်းတဲ့အလုပ်ကို လုပ်ပါတယ်။ ကားမောင်းတဲ့အလုပ်ကနေလည်း ဆေးကုသဖို့ ငွေကြေးမလုံလောက်တဲ့အခါ အလှူငွေကောက်ခံဖို့အတွက်ပါ ဖြစ်ပေါ်လာပါတယ်။

မျက်လုံးတွေ ပွင့်နေပေမယ့်လည်း အသိစိတ်လုံးဝမရှိတော့တဲ့ ဇနီးသည်ကို ပစ်ပယ်မသွားဘဲ စိတ်ရောကိုယ်ပါပြုစုတာကြောင့် သူတို့အတွက် အလှူငွေတွေ ရရှိခဲ့ပါတယ်။ အတုအယောင်တွေ ပေါများနေတဲ့ခေတ်မှာ‌ David က အချစ်အစစ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

အသိစိတ္လုံးဝမရွိေတာ့တဲ့ ဇနီးသည္ကို မထားခဲ့ဘဲ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ်ျပဳစုတဲ့အမ်ိဳးသား

ကမာၻေပၚမွာ အခ်စ္စစ္က တကယ္ရွိေပမယ့္ ရွာေတြ႕ဖို႔ခက္ခဲ့ပါတယ္။ ဒါေပမယ့္ အခ်စ္ရွိေၾကာင္းကို Bruna de Sousa က လက္ေတြ႕ျမင္ခဲ့ရပါတယ္။ သူမရဲ႕ဘဝ လုံးဝကို ေျပာင္းလဲသြားတဲ့အခါ အခ်စ္စစ္ကို ပိုမိုသိရွိလာခဲ့ပါတယ္။

သူတို႔ႏွစ္ဦးရဲ႕အေၾကာင္းေလးကေတာ့ အင္တာနက္တစ္ခြင္မွာ လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ဘရာဇီးႏိုင္ငံက David Cesar က ေရာဂါခံစားေနရတဲ့ ဇနီးသည္ Bruna ကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ေရွာက္ခဲ့ပါတယ္။ Bruna က ခႏၶာကိုယ္ႏိုးေနေပမယ့္ အသိစိတ္လုံးဝမရွိေတာ့တဲ့ ေဝဒနာကို ခံစားေနရတာပါ။ အဲဒါေၾကာင့္ David က သူမကို ျပဳစုဖို႔ အလုပ္ထြက္လိုက္ရပါတယ္။ David က အလုပ္ထြက္ရတာကိုလည္း မမႈဘဲ မေမာတမ္းမပန္းတမ္း ျပဳစုပါတယ္။ David ျပဳစုေစာင့္ေရွာက္ေနတာကို Bruna က ႏိုးေနေပမယ့္လည္း လုံးဝကို မသိရွိႏိုင္တဲ့ေရာဂါအေျခအေနပါ။

Bruna က ၂ ႏွစ္ၾကာ ေဆး႐ုံတက္ခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ ေဆး႐ုံကေန ဆင္းၿပီး အိမ္မွာတင္ဘဲ ေဆးကုပါတယ္။ David မွာ အလုပ္မရွိေတာ့တာေၾကာင့္ Bruna လိုအပ္သမွ်ကို မျဖည့္ဆည္းေပးႏိုင္ခဲ့ပါဘူး။

အဲဒါေၾကာင့္ အလုပ္ကေန ထြက္ၿပီးေတာ့ ကားေမာင္းတဲ့အလုပ္ကို လုပ္ပါတယ္။ ကားေမာင္းတဲ့အလုပ္ကေနလည္း ေဆးကုသဖို႔ ေငြေၾကးမလုံေလာက္တဲ့အခါ အလႉေငြေကာက္ခံဖို႔အတြက္ပါ ျဖစ္ေပၚလာပါတယ္။

မ်က္လုံးေတြ ပြင့္ေနေပမယ့္လည္း အသိစိတ္လုံးဝမရွိေတာ့တဲ့ ဇနီးသည္ကို ပစ္ပယ္မသြားဘဲ စိတ္ေရာကိုယ္ပါျပဳစုတာေၾကာင့္ သူတို႔အတြက္ အလႉေငြေတြ ရရွိခဲ့ပါတယ္။ အတုအေယာင္ေတြ ေပါမ်ားေနတဲ့ေခတ္မွာ‌ David က အခ်စ္အစစ္ဆိုတာကို သက္ေသျပခဲ့ပါတယ္။

Zombie (lovemedia)