Paul Karason ဆိုတဲ့အမျိုးသားကို Papa Smurf လို့ လူသိများကြပါတယ်။ လှပတဲ့အသားအရေ၊ ရွှေအိုရောင် နှုတ်ခမ်းမွေးတွေကြောင့် ၂၀၀၀ ပြည့်နှစ်တွေတုန်းကဆိုရင် တီဗွီအစီအစဉ်တွေမှာ နာမည်ကြီးခဲ့သူပါ။ ဒါပေမယ့် Paul Karason က လှပတဲ့အသားအရေကနေ အပြာအရောင်အသားအရေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

Paul Karason က ရင်ပူတာ၊ အသားပက်တာ၊ အဆစ်ရောင်နာခံစားရပေမယ့် ဆေးခန်းမပြဘဲ သူ့ဘာသာသူ ဆေးတွေသောက်နေခဲ့ပါတယ်။ သူသောက်တဲ့ဆေးကတော့ colloidal silver လို့ခေါ်ပြီး ငွေအရည်တစ်မျိုးပါ။

အဲဒီငွေရည်ကို ရေနဲ့ဖျော်ပြီးသောက်ကြပါတယ်။ ၁၉၃၀ ခုနှစ်တွေတုန်းက ပက်နင်ဆလင်မပေါ်ခင်မှာ ဒီငွေရည်ကို ပဋိဇီဝဆေးအဖြစ် သုံးစွဲကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ colloidal silver ဟာ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေတာကြောင့် သုံးစွဲမှုကို တားမြစ်လိုက်ပါတယ်။

Paul Karason က colloidal silver အရည်ကို ဆယ်စုနှစ်ပေါင်းများစွာ သောက်သုံးခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရင်ပူတဲ့အခါတိုင်း၊ အဆစ်ရောင်တိုင်းအခါတိုင်း ဒီဆေးရည်က သက်သာသွားစေတယ်ဆိုတာကြောင့်ပါ။

နှစ်ပေါင်းများစွာ ငွေပါတဲ့အရည်ကို သောက်လာပြီးနောက်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ ငွေတွေ စုလာပါတယ်။ အဲဒါကြောင့် သူ့ရဲ့အသားအရေက ပုံမှန်ကနေ အပြာရောင်ဘက်ကို ပြောင်းလဲသွားခဲ့ပါတယ်။

အသားအရေက အပြာရောင်ကို ပြောင်းလဲသွားတာကြောင့် နေမလောင်တော့ကြောင်း၊ နေကာမျက်မှန်တပ်စရာမလိုတော့ကြောင်း ပြောပါတယ်။

ဒါပေမယ့် နေ့စဉ်ဘဝမှာတော့ ပြောင်းလဲသွားတဲ့အသားအရေကြောင့် အခက်အခဲတွေအများကြီးတွေ့ခဲ့ရပါတယ်။ Paul Karason က ၂၀၁၃ ခုနှစ် အသက် ၆၂ အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒါကြောင့် ဆေးတွေကို ဆရာဝန်ရဲ့ညွှန်ကြားချက်ပါဝင်မှသာ သောက်သုံးသင့်ပါတယ်။

Zombie (lovemedia)

for zawgyi

ေဆးမွားေသာက္မိရာကေန အျပာေရာင္အသားအေရအျဖစ္ ေျပာင္းလဲသြားသူ

Paul Karason ဆိုတဲ့အမ်ိဳးသားကို Papa Smurf လို႔ လူသိမ်ားၾကပါတယ္။ လွပတဲ့အသားအေရ၊ ေ႐ႊအိုေရာင္ ႏႈတ္ခမ္းေမြးေတြေၾကာင့္ ၂၀၀၀ ျပည့္ႏွစ္ေတြတုန္းကဆိုရင္ တီဗြီအစီအစဥ္ေတြမွာ နာမည္ႀကီးခဲ့သူပါ။ ဒါေပမယ့္ Paul Karason က လွပတဲ့အသားအေရကေန အျပာအေရာင္အသားအေရအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

Paul Karason က ရင္ပူတာ၊ အသားပက္တာ၊ အဆစ္ေရာင္နာခံစားရေပမယ့္ ေဆးခန္းမျပဘဲ သူ႔ဘာသာသူ ေဆးေတြေသာက္ေနခဲ့ပါတယ္။ သူေသာက္တဲ့ေဆးကေတာ့ colloidal silver လို႔ေခၚၿပီး ေငြအရည္တစ္မ်ိဳးပါ။ အဲဒီေငြရည္ကို ေရနဲ႔ေဖ်ာ္ၿပီးေသာက္ၾကပါတယ္။ ၁၉၃၀ ခုႏွစ္ေတြတုန္းက ပက္နင္ဆလင္မေပၚခင္မွာ ဒီေငြရည္ကို ပဋိဇီဝေဆးအျဖစ္ သုံးစြဲၾကပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ colloidal silver ဟာ ကိုယ္တြင္းအဂၤါေတြကို ထိခိုက္ေစတာေၾကာင့္ သုံးစြဲမႈကို တားျမစ္လိုက္ပါတယ္။

Paul Karason က colloidal silver အရည္ကို ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေသာက္သုံးခဲ့ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ရင္ပူတဲ့အခါတိုင္း၊ အဆစ္ေရာင္တိုင္းအခါတိုင္း ဒီေဆးရည္က သက္သာသြားေစတယ္ဆိုတာေၾကာင့္ပါ။

ႏွစ္ေပါင္းမ်ားစြာ ေငြပါတဲ့အရည္ကို ေသာက္လာၿပီးေနာက္မွာေတာ့ သူ႔ရဲ႕ခႏၶာကိုယ္မွာ ေငြေတြ စုလာပါတယ္။ အဲဒါေၾကာင့္ သူ႔ရဲ႕အသားအေရက ပုံမွန္ကေန အျပာေရာင္ဘက္ကို ေျပာင္းလဲသြားခဲ့ပါတယ္။

အသားအေရက အျပာေရာင္ကို ေျပာင္းလဲသြားတာေၾကာင့္ ေနမေလာင္ေတာ့ေၾကာင္း၊ ေနကာမ်က္မွန္တပ္စရာမလိုေတာ့ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ေန႔စဥ္ဘဝမွာေတာ့ ေျပာင္းလဲသြားတဲ့အသားအေရေၾကာင့္ အခက္အခဲေတြအမ်ားႀကီးေတြ႕ခဲ့ရပါတယ္။ Paul Karason က ၂၀၁၃ ခုႏွစ္ အသက္ ၆၂ အ႐ြယ္မွာ ႏွလုံးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။ အဲဒါေၾကာင့္ ေဆးေတြကို ဆရာဝန္ရဲ႕ၫႊန္ၾကားခ်က္ပါဝင္မွသာ ေသာက္သုံးသင့္ပါတယ္။

Zombie (lovemedia)