ချစ်ရတဲ့တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာက အထိခိုက်ဆုံးခံစားချက်ပါပဲ။ အဲဒီခံစားချက်က လူသားတွေမှာတင်မဟုတ်ဘဲ ခွေးလေးတွေမှာလည်း ရှိတတ်တယ်။ ခွေးလေးတွေဟာလည်း သခင်ဆုံးပါးသွားတာကို နားလည်ပြီး ဝမ်းနည်းခံစားတတ်ကြပါတယ်။

Sadie ဆိုတဲ့ ခွေးမလေးက အသက် ၁၃ နှစ်အရွယ်ရှိပါပြီ။ သူ့ရဲ့သခင် Andy Bae တို့အိမ်ကို အသက် ၈ပတ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တာပါ။ အဲဒါကြောင့် Andy Bae တို့မိသားစုနဲ့အရမ်းကို သံယောဇဉ်တွယ်နေခဲ့ပါတယ်။

Andy Bae က ရုတ်တရက်နှလုံးဖောက်သွားပြီး ကွယ်လွယ်သွားခဲ့ပါတယ်။ Sadie က Andy Bae ရဲ့အခေါင်းဘေးမှာမခွာဘဲ တစ်ချိန်လုံးရှိနေခဲ့ပါတယ်။ Andy Bae ရဲ့ဇနီးဖြစ်သူ Julia Baelieu ကလည်း ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်သွားတာကြောင့် အရမ်းကို ပူဆွေးနေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးလေးကလည်း သူ့သခင်ကွယ်လွန်သွားတာကို နားလည်ပြီး ဝမ်းနည်းနေတာကို Julia Baelieu သတိထားမိခဲ့ပါတယ်။

Sadie က နေ့စဉ်နေ့တိုင်း သူ့သခင် အလုပ်ပြန်လာတတ်တဲ့လမ်းကို မျှော်ကြည့်တတ်ပါတယ်။ Andy ကွယ်လွန်ပြီး ၁၀ရက်အကြာမှာတင် ခွေးလေးက အစားမစားတော့ဘဲ ၁၀ ပေါင်ခန့် ကိုယ်အလေးချိန်ကျသွားပါတယ်။ Sadie က ခွေးလေးဖြစ်နေပမယ့်လည်း ဝမ်းနည်းကြေကွဲတတ်ပါတယ်။

Sadie က သခင်ဖြစ်သူရဲ့ခေါင်းတလားပေါ်မှာ လက်ထောက်ပြီး ကြည့်နေတာကို မြင်ရသူတိုင်းက စိတ်မကောင်းဖြစ်နေကြပါတယ်။

Zombie (lovemedia)

for zawgyi

ကွယ်လွန်သွားတဲ့သခင်ရဲ့ခေါင်းတလားဘေးမှာ တစ်ချိန်လုံးရပ်ကြည့်နေခဲ့တဲ့ခွေးလေး






Zombie (lovemedia)