ရှန်ဟိုင်းက အမျိုးသမီးတစ်ယောက်ဟာ သစ်ပင်တွေကို ဖက်ပြီး အကျိုးကျေးဇူးတွေရလာတယ်လို့ ဆိုတာကြောင့် နာမည်ကြီးလာပါတယ်။ Qishishiqi ဆိုတဲ့ အမျိုးသမီးက ဧပြီလတုန်းက အရမ်းကို စိတ်တွေလေလွင့်နေခဲ့ပါတယ်။ အဲဒါကြောင့် လမ်းမှာတွေ့တဲ့သစ်ပင်တစ်ပင်ကို ဖက်လိုက်ပါတယ်။

ဖက်ပြီးနောက် ချက်ချင်းပဲ ဝမ်းနည်းတာတွေပျောက်ပြီး ပျော်ရွှင်လာခဲ့ပါတယ်။ သစ်ပင်ကို ဖက်လိုက်ချိန်မှာ နားထဲမှာ ခေါင်းလောင်းသံတစ်သံကို ကြားလိုက်ရပြီးနောက် စိတ်ဖိစီးမှုတွေ လွင့်ပျယ်သွားပါတယ်။ အဲဒါကြောင့် သစ်ပင်ကို ဖက်တာက အကျိုးကျေးဇူးတွေ ရကြောင်း အခြားသူတွေကို ပြောပြခဲ့ပါတယ်။

သူမ ဖက်ခဲ့တဲ့သစ်ပင်ကတော့ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ သစ်ပင်ကြီးတစ်ပင်ကိုပါ။ သစ်ပင်ကို ဖက်လိုက်ချိန်မှာ သစ်ပင်ကလည်း ပြန်ဖက်တယ်လို့ ခံစားရကြောင်း ပြောပါတယ်။ သစ်ပင်က သူမသယ်ဆောင်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖြေလျှော့ပေးလိုက်သလိုပါပဲ။

အရင်က Qishishiqi တစ်ယောက် စိတ်ဓာတ်တွေကျတိုင်း လူသားတွေကို ဖက်ပြီး ရင်ဖွင့်တတ်ပါတယ်။ ဒါပေမယ့်လည်း လူသားတွေကို ဖက်ပြီး ရလာတဲ့ အာနိသင်နဲ့ မတူပါဘူး။ သစ်ပင်တွေက လူသားတွေရဲ့ စိတ်ခံစားချက်ကို နားလည်ပြီး စိတ်ရှည်ရှည်နားထောင်ပေးတယ်လို့ ဆိုပါတယ်။

တရုတ်ဆေးပညာမှာလည်း သစ်ပင်တွေကို ဖက်တာက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းစေကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အချို့တွေကတော့ သစ်ပင်ကို ဖက်ရမှာ အိုးတို့အန်းတန့်ဖြစ်နေပါတယ်။

လူသားတွေအချင်း ၂၁ စက္ကန့်လောက် ဖက်လိုက်ရင် အောက်စီတိုစင်ဟော်မုန်းတွေ ထွက်လာပြီး စိတ်ညစ်တာတွေ လျော့ပါးသွားကြောင်း အနောက်တိုင်းဆေးပညာမှာ ဖော်ပြထားပါတယ်။

Zombie (lovemedia)

for zawgyi

သစ္ပင္ေတြကို ဖက္ျခင္းက စိတ္ဖိစီးေတြကို ေလ်ာ့နည္းေစေၾကာင္း မွ်ေဝေပးတဲ့အမ်ိဳးသမီး

ရွန္ဟိုင္းက အမ်ိဳးသမီးတစ္ေယာက္ဟာ သစ္ပင္ေတြကို ဖက္ၿပီး အက်ိဳးေက်းဇူးေတြရလာတယ္လို႔ ဆိုတာေၾကာင့္ နာမည္ႀကီးလာပါတယ္။

Qishishiqi ဆိုတဲ့ အမ်ိဳးသမီးက ဧၿပီလတုန္းက အရမ္းကို စိတ္ေတြေလလြင့္ေနခဲ့ပါတယ္။ အဲဒါေၾကာင့္ လမ္းမွာေတြ႕တဲ့သစ္ပင္တစ္ပင္ကို ဖက္လိုက္ပါတယ္။ ဖက္ၿပီးေနာက္ ခ်က္ခ်င္းပဲ ဝမ္းနည္းတာေတြေပ်ာက္ၿပီး ေပ်ာ္႐ႊင္လာခဲ့ပါတယ္။ သစ္ပင္ကို ဖက္လိုက္ခ်ိန္မွာ နားထဲမွာ ေခါင္းေလာင္းသံတစ္သံကို ၾကားလိုက္ရၿပီးေနာက္ စိတ္ဖိစီးမႈေတြ လြင့္ပ်ယ္သြားပါတယ္။ အဲဒါေၾကာင့္ သစ္ပင္ကို ဖက္တာက အက်ိဳးေက်းဇူးေတြ ရေၾကာင္း အျခားသူေတြကို ေျပာျပခဲ့ပါတယ္။

သူမ ဖက္ခဲ့တဲ့သစ္ပင္ကေတာ့ ႏွစ္ေပါင္းရာခ်ီေနၿပီျဖစ္တဲ့ သစ္ပင္ႀကီးတစ္ပင္ကိုပါ။ သစ္ပင္ကို ဖက္လိုက္ခ်ိန္မွာ သစ္ပင္ကလည္း ျပန္ဖက္တယ္လို႔ ခံစားရေၾကာင္း ေျပာပါတယ္။ သစ္ပင္က သူမသယ္ေဆာင္ထားရတဲ့ ဝန္ထုပ္ဝန္ပိုးေတြကို ေျဖေလွ်ာ့ေပးလိုက္သလိုပါပဲ။

အရင္က Qishishiqi တစ္ေယာက္ စိတ္ဓာတ္ေတြက်တိုင္း လူသားေတြကို ဖက္ၿပီး ရင္ဖြင့္တတ္ပါတယ္။ ဒါေပမယ့္လည္း လူသားေတြကို ဖက္ၿပီး ရလာတဲ့ အာနိသင္နဲ႔ မတူပါဘူး။ သစ္ပင္ေတြက လူသားေတြရဲ႕ စိတ္ခံစားခ်က္ကို နားလည္ၿပီး စိတ္ရွည္ရွည္နားေထာင္ေပးတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ေဆးပညာမွာလည္း သစ္ပင္ေတြကို ဖက္တာက စိတ္ပိုင္းဆိုင္ရာက်န္းမာေရးေကာင္းေစေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ေတြကေတာ့ သစ္ပင္ကို ဖက္ရမွာ အိုးတို႔အန္းတန႔္ျဖစ္ေနပါတယ္။

လူသားေတြအခ်င္း ၂၁ စကၠန႔္ေလာက္ ဖက္လိုက္ရင္ ေအာက္စီတိုစင္ေဟာ္မုန္းေတြ ထြက္လာၿပီး စိတ္ညစ္တာေတြ ေလ်ာ့ပါးသြားေၾကာင္း အေနာက္တိုင္းေဆးပညာမွာ ေဖာ္ျပထားပါတယ္။

Zombie (lovemedia)