ပလက်စတစ်အမှိုက်တွေက သမုဒ္ဒရာထဲကို နှစ်စဉ်ဝင်ရောက်ပြီး ရေနေသတ္တဝါတွေအတွက် များစွာထိခိုက်နစ်နာရပါတယ်။ အဲဒါကြောင့် နယ်သာလန်အခြေစိုက် စတူရီတစ်ခုက 3D printer တွေကို အသုံးပြုပြီး စွန့်ပစ်ပစ္စည်းတွေကို အိမ်သုံးပရိဘောဂတွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ထိုင်ခုံတန်းရှည်ကနေ ညစာစားပွဲအဆုံး ပလက်စတစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး ဖန်တီးထားတာပါ။

Panos Sakkas နဲ့ Foteini Setaki တို့က ၂၀၁၅ ခုနှစ်ကတည်းက နယ်သာလန်နိုင်ငံမှာ စွန့်ပစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး တီထွင်ဖန်တီးခဲ့သူတွေပါ။ သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ စွန့်ပစ်ပစ္စည်းတွေ ပြန်လည်အသုံးချလို့ရကြောင်းကို လူအများသတိထားလာမိစေဖို့ ဖြစ်ပါတယ်။

3D printer တွေကို အသုံးပြုပြီး သုတေသနတွေပြုလုပ်ပြီးနောက်မှာတော့ မြို့ထဲမှာ စွန့်ပစ်ပစ္စည်းတွေပြန်လည်အသုံးချဖို့အကြောင်း အသိပေးလာနိုင်ခဲ့ပါတယ်။

စွန့်ပစ္စည်းတွေကနေ စာအုပ်စင်၊ အားကစားပစ္စည်း၊ အိမ်မွေးတိရစ္ဆာန်တွေအတွက် အစာခွက်၊ ထိုင်ခုံတို့ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ပလက်စတစ်စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး လူအများထိုင်လို့ရမယ့်ထိုင်ခုံတွေ ရရှိလာပါတယ်။ Amsterdam နဲ့ ဘယ်လ်ဂျီယံက Mechelen မြို့တို့မှာ စွန့်ပစ်ပစ္စည်းကနေ ပြုလုပ်ထားတဲ့ ထိုင်ခုံတွေကို ထားရှိပါတယ်။

အချက်အလက်တွေအရ ဘယ်လ်ဂျီယံနိုင်ငံက ဥရောပမှာ စွန့်ပစ်ပစ္စည်းအများဆုံးထွက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အစိုးရရဲ့ပညာပေးအစီအစဉ်တွေနဲ့ ပြည်သူတွေက စွန့်ပစ်ပစ္စည်းကို ပြန်လည်အသုံးပြုလာကြပါတယ်။

စွန့်ပစ်ပစ္စည်းကနေ ဒီလိုလှပတဲ့ အစိမ်းရောင်စားပွဲလေးကို ပြုလုပ်ထားခဲ့ပါတယ်။ ပလက်စတစ်တွေသာမက ငါးဖမ်းပိုက်တွေကလည်း ရေနေသတ္တဝါတွေအတွက် အန္တရာယ်ရှိစေပါတယ်။

နောက်ပိုင်းမှာတော့ စွန့်ပစ်ပလက်စတစ်တွေအပြင် စွန့်ပစ်ငါးဖမ်းပိုက်၊ ရေပိုက်ခေါင်း၊ ပန်းအိုးတွေကနေ အိမ်သုံးပရိဘောဂပစ္စည်းတွေကို ပိုမိုဖန်တီးလာနိုင်တော့မှာပါ။

Zombie (lovemedia)

for zawgyi

စြန႔္ပစ္ပလက္စတစ္ေတြကေန အိမ္သုံးပရိေဘာဂေတြကို ဖန္တီးႏိုင္ခဲ့တဲ့ စတူဒီယို

ပလက္စတစ္အမႈိက္ေတြက သမုဒၵရာထဲကို ႏွစ္စဥ္ဝင္ေရာက္ၿပီး ေရေနသတၱဝါေတြအတြက္ မ်ားစြာထိခိုက္နစ္နာရပါတယ္။ အဲဒါေၾကာင့္ နယ္သာလန္အေျခစိုက္ စတူရီတစ္ခုက 3D printer ေတြကို အသုံးျပဳၿပီး စြန႔္ပစ္ပစၥည္းေတြကို အိမ္သုံးပရိေဘာဂေတြအျဖစ္ ေျပာင္းလဲလိုက္ပါတယ္။ ထိုင္ခုံတန္းရွည္ကေန ညစာစားပြဲအဆုံး ပလက္စတစ္ပစၥည္းေတြကို ျပန္လည္အသုံးျပဳၿပီး ဖန္တီးထားတာပါ။

Panos Sakkas နဲ႔ Foteini Setaki တို႔က ၂၀၁၅ ခုႏွစ္ကတည္းက နယ္သာလန္ႏိုင္ငံမွာ စြန႔္ပစ္ပစၥည္းေတြနဲ႔ပတ္သက္ၿပီး တီထြင္ဖန္တီးခဲ့သူေတြပါ။ သူတို႔ရဲ႕အဓိကရည္႐ြယ္ခ်က္ကေတာ့ စြန႔္ပစ္ပစၥည္းေတြ ျပန္လည္အသုံးခ်လို႔ရေၾကာင္းကို လူအမ်ားသတိထားလာမိေစဖို႔ ျဖစ္ပါတယ္။ 3D printer ေတြကို အသုံးျပဳၿပီး သုေတသနေတြျပဳလုပ္ၿပီးေနာက္မွာေတာ့ ၿမိဳ႕ထဲမွာ စြန႔္ပစ္ပစၥည္းေတြျပန္လည္အသုံးခ်ဖို႔အေၾကာင္း အသိေပးလာႏိုင္ခဲ့ပါတယ္။

စြန႔္ပစၥည္းေတြကေန စာအုပ္စင္၊ အားကစားပစၥည္း၊ အိမ္ေမြးတိရစာၦန္ေတြအတြက္ အစာခြက္၊ ထိုင္ခုံတို႔ ျပဳလုပ္လာႏိုင္ခဲ့ပါတယ္။ ပလက္စတစ္စြန႔္ပစ္ပစၥည္းေတြကို အသုံးျပဳၿပီး လူအမ်ားထိုင္လို႔ရမယ့္ထိုင္ခုံေတြ ရရွိလာပါတယ္။ Amsterdam နဲ႔ ဘယ္လ္ဂ်ီယံက Mechelen ၿမိဳ႕တို႔မွာ စြန႔္ပစ္ပစၥည္းကေန ျပဳလုပ္ထားတဲ့ ထိုင္ခုံေတြကို ထားရွိပါတယ္။

အခ်က္အလက္ေတြအရ ဘယ္လ္ဂ်ီယံႏိုင္ငံက ဥေရာပမွာ စြန႔္ပစ္ပစၥည္းအမ်ားဆုံးထြက္ရွိတဲ့ႏိုင္ငံျဖစ္ပါတယ္။ အစိုးရရဲ႕ပညာေပးအစီအစဥ္ေတြနဲ႔ ျပည္သူေတြက စြန႔္ပစ္ပစၥည္းကို ျပန္လည္အသုံးျပဳလာၾကပါတယ္။

စြန႔္ပစ္ပစၥည္းကေန ဒီလိုလွပတဲ့ အစိမ္းေရာင္စားပြဲေလးကို ျပဳလုပ္ထားခဲ့ပါတယ္။ ပလက္စတစ္ေတြသာမက ငါးဖမ္းပိုက္ေတြကလည္း ေရေနသတၱဝါေတြအတြက္ အႏၲရာယ္ရွိေစပါတယ္။ ေနာက္ပိုင္းမွာေတာ့ စြန႔္ပစ္ပလက္စတစ္ေတြအျပင္ စြန႔္ပစ္ငါးဖမ္းပိုက္၊ ေရပိုက္ေခါင္း၊ ပန္းအိုးေတြကေန အိမ္သုံးပရိေဘာဂပစၥည္းေတြကို ပိုမိုဖန္တီးလာႏိုင္ေတာ့မွာပါ။

Zombie (lovemedia)