တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်က အလုပ်ချိန်မှာ ၆ နာရီကြာ အိမ်သာကို အသုံးပြုနေတာကြောင့် အလုပ်ထုတ်ခံလိုက်ရပါတယ်။

Wang လို့ခေါ်တဲ့ ဝန်ထမ်းက သူ့ကို အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ရှင်ကို တရားစွဲလိုက်ပါတယ်။ Wang က အစာဟောင်းလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါရှိပြီး ခွဲစိတ်မှုခံယူထားရတဲ့သူပါ။ အဲဒါကြောင့် မခံမရပ်နိုင်အောင် နာကျင်နေလေ့ရှိပါတယ်။ လေ့စဉ် အိမ်သာတက်ရင် ၃ နာရီကနေ ၆ နာရီကြာတတ်ပါတယ်။

အရင်ကလည်း အိမ်သာသွားမယ်ဆိုပြီးတော့ တစ်နေ့ကို ၂၂ ကြိမ်လောက် ခွင့်တောင်းနေတတ်ပါတယ်။ ဒါ့အပြင် အိမ်သာတစ်ခါသွားရင် ၄၇ မိနစ်ကနေ ၆ နာရီအထိ ကြာမြင့်တတ်ပါတယ်။ အိမ်သာအသုံးပြုပြီး ပြန်ရောက်လာရင်လည်း အားကုန်တယ်ဆိုပြီး အလုပ်ကို စောစောဆင်းသွားတတ်ပါတယ်။

Wang က ခွဲစိတ်မှုကို ၂၀၁၄ ခုနှစ်ကတည်းက ပြုလုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ အလုပ်လည်း သေချာမလုပ်နိုင်တော့သလို အိမ်သာအသုံးပြုချိန်လည်း များလာပါတယ်။ အဲဒါကြောင့် အလုပ်ရှင်က သူ့ကို အလုပ်ထုတ်လိုက်ပါတယ်။ Wang ဘက်က တရားစတင် စွဲပေမယ့်လည်း အမှုမှာ ရှုံးသွားခဲ့ပါတယ်။ အဲဒါကြောင့် အလုပ်လည်း ပြန်မရခဲ့ပါဘူး။

ဒါပေမယ့်လည်း အွန်လိုင်းကရုဏာရှင်ကြီးတွေကတော့ ဒီလိုကျန်းမာရေးအခြေအနေကို အလုပ်ရှင်က နားလည်ပေးသင့်ကြောင်း ဝေဖန်နေကြပါတယ်။

Zombie (lovemedia)

for zawgyi

တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္က အလုပ္ခ်ိန္မွာ ၆ နာရီၾကာ အိမ္သာကို အသုံးျပဳေနတာေၾကာင့္ အလုပ္ထုတ္ခံလိုက္ရပါတယ္။

Wang လို႔ေခၚတဲ့ ဝန္ထမ္းက သူ႔ကို အလုပ္ထုတ္လိုက္တာေၾကာင့္ အလုပ္ရွင္ကို တရားစြဲလိုက္ပါတယ္။ Wang က အစာေဟာင္းလမ္းေၾကာင္းနဲ႔ပတ္သက္တဲ့ေရာဂါရွိၿပီး ခြဲစိတ္မႈခံယူထားရတဲ့သူပါ။ အဲဒါေၾကာင့္ မခံမရပ္ႏိုင္ေအာင္ နာက်င္ေနေလ့ရွိပါတယ္။ ေလ့စဥ္ အိမ္သာတက္ရင္ ၃ နာရီကေန ၆ နာရီၾကာတတ္ပါတယ္။

အရင္ကလည္း အိမ္သာသြားမယ္ဆိုၿပီးေတာ့ တစ္ေန႔ကို ၂၂ ႀကိမ္ေလာက္ ခြင့္ေတာင္းေနတတ္ပါတယ္။ ဒါ့အျပင္ အိမ္သာတစ္ခါသြားရင္ ၄၇ မိနစ္ကေန ၆ နာရီအထိ ၾကာျမင့္တတ္ပါတယ္။ အိမ္သာအသုံးျပဳၿပီး ျပန္ေရာက္လာရင္လည္း အားကုန္တယ္ဆိုၿပီး အလုပ္ကို ေစာေစာဆင္းသြားတတ္ပါတယ္။

Wang က ခြဲစိတ္မႈကို ၂၀၁၄ ခုႏွစ္ကတည္းက ျပဳလုပ္ခဲ့တာပါ။ အဲဒီေနာက္ပိုင္းမွာ အလုပ္လည္း ေသခ်ာမလုပ္ႏိုင္ေတာ့သလို အိမ္သာအသုံးျပဳခ်ိန္လည္း မ်ားလာပါတယ္။ အဲဒါေၾကာင့္ အလုပ္ရွင္က သူ႔ကို အလုပ္ထုတ္လိုက္ပါတယ္။ Wang ဘက္က တရားစတင္ စြဲေပမယ့္လည္း အမႈမွာ ရႈံးသြားခဲ့ပါတယ္။ အဲဒါေၾကာင့္ အလုပ္လည္း ျပန္မရခဲ့ပါဘူး။

ဒါေပမယ့္လည္း အြန္လိုင္းက႐ုဏာရွင္ႀကီးေတြကေတာ့ ဒီလိုက်န္းမာေရးအေျခအေနကို အလုပ္ရွင္က နားလည္ေပးသင့္ေၾကာင္း ေဝဖန္ေနၾကပါတယ္။

Zombie (lovemedia)