Bijin-Hime (လှပတဲ့မင်းသမီးလေး) လို့နာမည်ပေးထားတဲ့ စတော်ဘယ်သီးလေးဟာ ကမ္ဘာ့ဈေးအကြီးဆုံး စတော်ဘယ်ရီသီးဖြစ်ပါတယ်။ စတော်ဘယ်ရီသီးတစ်လုံးကို အမေရိကန်ဒေါ်လာ ၃၅၀ ပေးရတဲ့အထိ ဈေးကြီးတာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး အသီးဖြစ်လာပါတယ်။

ဒီစတော်ဘယ်ရီသီးကို ဂျပန်လူမျိုး ခြံစိုက်တောင်သူ Mikio Okuda ကစိုက်ပျိုးခဲ့တာပါ။ Bijin-Hime စတော်ဘယ်ရီမျိုးကို ၁၅ နှစ်ကြာ အမျိုးမျိုးစမ်းသပ်ပြီးနောက်မှာတော့ အောင်မြင်လာခဲ့ပါတယ်။ Bijin-Hime စတော်ဘယ်ရီသီးရဲ့အကြီးဆုံးအလုံးက တင်းနစ်ဘောလုံးခန့်ရှိပြီး အလေးချိန်က ၁၀၀ ဂရမ်ရှိပါတယ်။ ဒါပေမယ့် စတော်ဘယ်ရီသီးရဲ့ ကြီးမားတဲ့ပမာဏက ဈေးကြီးသွားစေတာမဟုတ်ပါဘူး။

ပုံမှန် စတော်ဘယ်ရီသီးတွေမှာ အရွယ်အစားကြီးလေ သူ့မှာပါဝင်တဲ့အချိုဓာတ်က နည်းပါးသွားလေပါ။ Bijin-Hime စတော်ဘယ်ရီသီးကတော့ အရွယ်အစားကြီးပေမယ့်လည်း အရသာက ချိုပါတယ်။ စတော်ဘယ်ရီသီးရဲ့အရသာက ချိုပြီး အနံ့ကလည်း နှင်းဆီပန်းရနံ့လေးလို မွှေးနေပါတယ်။

စားကြည့်တဲ့အခါ အရသာ နူးညံ့နေပါတယ်။ အသီးက ပြဲသွားတာ၊ ရိသွားတာလည်း မရှိပါဘူး။ အရောင်ကလည်း နီရောင်တောက်ပြောင်နေတာကြောင့် မြင်တာနဲ့ စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ Bijin-Hime စတော်ဘယ်ရီသီးကို ဆောင်းရာသီမှာ ပေါပေါများများ ရရှိနိုင်ပါတယ်။

စတော်ဘယ်ရီသီးရဲ့ အရည်အသွေးကောင်းဖို့အတွက် စိုက်တဲ့အခါ မြေတဲ့အပူချိန်၊ မုန်လုံအိမ်ထဲမှာရှိတဲ့ လေထုရဲ့အရည်အသွေးကိုလည်း ဂရုစိုက်ရပါသေးတယ်။ Bijin-Hime စတော်ဘယ်ရီသီးက မှည့်တာနှေးပါတယ်။

စတော်ဘယ်ရီသီးက အရသာလည်းရှိ၊ ရနံ့လည်းမွှေး၊ ပါဝင်တဲ့အလေးချိန်ကလည်း များတာကြောင့် ဈေးအရမ်းကြီးသွားပါတယ်။ ဒါပေမယ့် ဒီလို‌ဈေးကြီးတဲ့ စတော်ဘယ်ရီသီးကို ကြိုက်နှစ်သက်ကြတာကြောင့် စားသုံးသူတွေက အလုအယက်ဝယ်နေကြပါတယ်။

Zombie (lovemedia)

for zawgyi

ကမာၻ႔ေဈးအႀကီးဆုံးစေတာ္ဘယ္ရီသီး

Bijin-Hime (လွပတဲ့မင္းသမီးေလး) လို႔နာမည္ေပးထားတဲ့ စေတာ္ဘယ္သီးေလးဟာ ကမာၻ႔ေဈးအႀကီးဆုံး စေတာ္ဘယ္ရီသီးျဖစ္ပါတယ္။ စေတာ္ဘယ္ရီသီးတစ္လုံးကို အေမရိကန္ေဒၚလာ ၃၅၀ ေပးရတဲ့အထိ ေဈးႀကီးတာေၾကာင့္ ကမာၻ႔ေဈးအႀကီးဆုံး အသီးျဖစ္လာပါတယ္။

ဒီစေတာ္ဘယ္ရီသီးကို ဂ်ပန္လူမ်ိဳး ၿခံစိုက္ေတာင္သူ Mikio Okuda ကစိုက္ပ်ိဳးခဲ့တာပါ။ Bijin-Hime စေတာ္ဘယ္ရီမ်ိဳးကို ၁၅ ႏွစ္ၾကာ အမ်ိဳးမ်ိဳးစမ္းသပ္ၿပီးေနာက္မွာေတာ့ ေအာင္ျမင္လာခဲ့ပါတယ္။ Bijin-Hime စေတာ္ဘယ္ရီသီးရဲ႕အႀကီးဆုံးအလုံးက တင္းနစ္ေဘာလုံးခန႔္ရွိၿပီး အေလးခ်ိန္က ၁၀၀ ဂရမ္ရွိပါတယ္။ ဒါေပမယ့္ စေတာ္ဘယ္ရီသီးရဲ႕ ႀကီးမားတဲ့ပမာဏက ေဈးႀကီးသြားေစတာမဟုတ္ပါဘူး။

ပုံမွန္ စေတာ္ဘယ္ရီသီးေတြမွာ အ႐ြယ္အစားႀကီးေလ သူ႔မွာပါဝင္တဲ့အခ်ိဳဓာတ္က နည္းပါးသြားေလပါ။ Bijin-Hime စေတာ္ဘယ္ရီသီးကေတာ့ အ႐ြယ္အစားႀကီးေပမယ့္လည္း အရသာက ခ်ိဳပါတယ္။ စေတာ္ဘယ္ရီသီးရဲ႕အရသာက ခ်ိဳၿပီး အနံ႔ကလည္း ႏွင္းဆီပန္းရနံ႔ေလးလို ေမႊးေနပါတယ္။

စားၾကည့္တဲ့အခါ အရသာ ႏူးညံ့ေနပါတယ္။ အသီးက ၿပဲသြားတာ၊ ရိသြားတာလည္း မရွိပါဘူး။ အေရာင္ကလည္း နီေရာင္ေတာက္ေျပာင္ေနတာေၾကာင့္ ျမင္တာနဲ႔ စားခ်င္စိတ္ကို ျဖစ္ေပၚေစပါတယ္။ Bijin-Hime စေတာ္ဘယ္ရီသီးကို ေဆာင္းရာသီမွာ ေပါေပါမ်ားမ်ား ရရွိႏိုင္ပါတယ္။

စေတာ္ဘယ္ရီသီးရဲ႕ အရည္အေသြးေကာင္းဖို႔အတြက္ စိုက္တဲ့အခါ ေျမတဲ့အပူခ်ိန္၊ မုန္လုံအိမ္ထဲမွာရွိတဲ့ ေလထုရဲ႕အရည္အေသြးကိုလည္း ဂ႐ုစိုက္ရပါေသးတယ္။ Bijin-Hime စေတာ္ဘယ္ရီသီးက မွည့္တာေႏွးပါတယ္။

စေတာ္ဘယ္ရီသီးက အရသာလည္းရွိ၊ ရနံ႔လည္းေမႊး၊ ပါဝင္တဲ့အေလးခ်ိန္ကလည္း မ်ားတာေၾကာင့္ ေဈးအရမ္းႀကီးသြားပါတယ္။ ဒါေပမယ့္ ဒီလို‌ေဈးႀကီးတဲ့ စေတာ္ဘယ္ရီသီးကို ႀကိဳက္ႏွစ္သက္ၾကတာေၾကာင့္ စားသုံးသူေတြက အလုအယက္ဝယ္ေနၾကပါတယ္။

Zombie (lovemedia)