သုတေသနပညာရှင်တွေက ကလေးပြုစုပျိုးထောင်ပုံတွေ၊ မိသားစုကြားက ဆက်ဆံရေးအကြောင်းတွေကို လေ့လာကြပါတယ်။ မကြာသေးမီက လေ့လာချက်တစ်ခုအရ သားတွေ မွေးထားတဲ့မိဘတွေက ပိုပြီးတော့ အိုမင်းလွယ်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာမှုမှာတော့ သားတွေပဲ မွေးထားတဲ့ မိသားစုဝင်တွေကို လေ့လာခဲ့ပါတယ်။ လေ့လာမှုမှာ အသက် ၅၀ နဲ့ ၅၀ အထက် မိဘပေါင်း ၁၃၀၀၀ ကျော်ပါဝင်ပါတယ်။ လေ့လာသူတွေက သားတွေမွေးထားတဲ့မိဘတွေရဲ့ ဘဝဖြတ်သန်းပုံတွေကို မေးမြန်းပါတယ်။

ပြီးနောက် သားတွေထံကနေ ရလာတဲ့ စိတ်ညစ်စရာတွေ၊ ပျော်ရွှင်မှုတွေ၊ ပြောင်းလဲသွားတဲ့ ကျန်းမာရေးအခြေအနေတွေကို မေးမြန်းပါတယ်။ အထူးသဖြင့် အိမ်မှာ သားတစ်ယောက်တည်းမွေးထားတဲ့ မိဘတွေကို ပိုဦးစားပေးပြီးတော့ မေးမြန်းခဲ့ပါတယ်။

ရလဒ်အရ သားတွေ မွေးထားတာက မိဘတွေရဲ့ ကျန်းမာရေးမကောင်းတာနဲ့ ဆက်စပ်နေကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် မိသားစုထဲမှာ သားတစ်ယောက်ပါတဲ့အခါ မိဘတွေက ပိုမိုအိုမင်းလွယ်တာကို တွေ့ရပါတယ်။ ဒီရလဒ်က မိသားစုဝင်အချင်းချင်း ဆက်သွယ်ဆက်ဆံပုံ၊ မိဘက သားသမီးအပေါ် လွှမ်းမိုးနိုင်တဲ့အတိုင်းအတာပေါ်မှာလည်း မူတည်နေပါသေးတယ်။

မိသားစုထဲမှာ ယောက်ျားလေးတွေ များများမွေးထားတဲ့မိဘတွေက မိန်းကလေးတွေများများမွေးထားတဲ့ မိဘတွေထက် ပိုပြီးတော့ အိုမင်းလွယ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ သားတွေမွေးထားလို့ အမေတွေက ပိုမိုအိုမင်းလွယ်ပေမယ့်လည်း အဖေတွေကတော့ ပိုပြီး ပျော်ရွှင်ကြောင်း တွေ့ရပါတယ်။

Zombie (lovemedia)

for zawgyi

သားေတြေမြးထားတဲ့ မိဘေတြက အျခားသူေတြထက္ ပိုမိုအိုမင္းလြယ္

သုေတသနပညာရွင္ေတြက ကေလးျပဳစုပ်ိဳးေထာင္ပုံေတြ၊ မိသားစုၾကားက ဆက္ဆံေရးအေၾကာင္းေတြကို ေလ့လာၾကပါတယ္။ မၾကာေသးမီက ေလ့လာခ်က္တစ္ခုအရ သားေတြ ေမြးထားတဲ့မိဘေတြက ပိုၿပီးေတာ့ အိုမင္းလြယ္တယ္လို႔ ဆိုပါတယ္။

ဒီေလ့လာမႈမွာေတာ့ သားေတြပဲ ေမြးထားတဲ့ မိသားစုဝင္ေတြကို ေလ့လာခဲ့ပါတယ္။ ေလ့လာမႈမွာ အသက္ ၅၀ နဲ႔ ၅၀ အထက္ မိဘေပါင္း ၁၃၀၀၀ ေက်ာ္ပါဝင္ပါတယ္။ ေလ့လာသူေတြက သားေတြေမြးထားတဲ့မိဘေတြရဲ႕ ဘဝျဖတ္သန္းပုံေတြကို ေမးျမန္းပါတယ္။ၿပီးေနာက္ သားေတြထံကေန ရလာတဲ့ စိတ္ညစ္စရာေတြ၊ ေပ်ာ္႐ႊင္မႈေတြ၊ ေျပာင္းလဲသြားတဲ့ က်န္းမာေရးအေျခအေနေတြကို ေမးျမန္းပါတယ္။ အထူးသျဖင့္ အိမ္မွာ သားတစ္ေယာက္တည္းေမြးထားတဲ့ မိဘေတြကို ပိုဦးစားေပးၿပီးေတာ့ ေမးျမန္းခဲ့ပါတယ္။

ရလဒ္အရ သားေတြ ေမြးထားတာက မိဘေတြရဲ႕ က်န္းမာေရးမေကာင္းတာနဲ႔ ဆက္စပ္ေနေၾကာင္း ေတြ႕ရပါတယ္။ ဒါ့အျပင္ မိသားစုထဲမွာ သားတစ္ေယာက္ပါတဲ့အခါ မိဘေတြက ပိုမိုအိုမင္းလြယ္တာကို ေတြ႕ရပါတယ္။ ဒီရလဒ္က မိသားစုဝင္အခ်င္းခ်င္း ဆက္သြယ္ဆက္ဆံပုံ၊ မိဘက သားသမီးအေပၚ လႊမ္းမိုးႏိုင္တဲ့အတိုင္းအတာေပၚမွာလည္း မူတည္ေနပါေသးတယ္။

မိသားစုထဲမွာ ေယာက္်ားေလးေတြ မ်ားမ်ားေမြးထားတဲ့မိဘေတြက မိန္းကေလးေတြမ်ားမ်ားေမြးထားတဲ့ မိဘေတြထက္ ပိုၿပီးေတာ့ အိုမင္းလြယ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းတာကေတာ့ သားေတြေမြးထားလို႔ အေမေတြက ပိုမိုအိုမင္းလြယ္ေပမယ့္လည္း အေဖေတြကေတာ့ ပိုၿပီး ေပ်ာ္႐ႊင္ေၾကာင္း ေတြ႕ရပါတယ္။

Zombie (lovemedia)