Pumuckl လို့ခေါ်တဲ့ မြင်းလေးက ခွေးလေးတွေထက်တောင် အရွယ်အစားသေးငယ်ပါတယ်။ Pumuckl က Shetland အမျိုးအစားမြင်းပုလေးဖြစ်ပြီးတော့ အရပ်အမြင့်က လက်မ ၂၀ သာရှိပါတယ်။ အဲဒါကြောင့် မြင်းလေး Pumuckl က ကမ္ဘာ့အသေးဆုံးမြင်းဖြစ်လာပါတယ်။

မြင်းရဲ့အသက်က အခုဆိုရင် ၃ နှစ်ရှိပါပြီ။ နှစ်အနည်းငယ်အထိ အသက်ရှည်နေသေးရင် Pumuckl ကမ္ဘာ့အသေးဆုံးမြင်းဖြစ်လာတော့မှာပါ။

သူ့ရဲ့မိသားစုကတော့ Pumuckl ကို ကြီးထွားလာမယ်လို့ အရင်က မျှော်လင့်ခဲ့တာပါ။ Carola Weidmann နဲ့ သူမရဲ့မိသားစုက ဂျာမနီနိုင်ငံ Breckerfeld မှာရှိတဲ့ ခြံကြီးတစ်ခြံမှာ ခွေးနှစ်ကောင်၊ မြင်းတွေနဲ့အတူ နေထိုင်ပါတယ်။

Pumuckl ကို တော့ ၂၀၂၁ ခုနှစ်တုန်းက ဝယ်လာခဲ့တာပါ။ မြင်းကို ဝယ်လာခါစကတော့ ကြီးထွားလာမယ်လို့ ထင်ခဲ့တာပါ။ အခြားမြင်းပုလေးတွေက အမြင့် ၂၇ လက်အထိ အရပ်ရှည်လာပါတယ်။ ဒါပေမယ့် Pumuckl ကတော့ လက်မ ၂၀ ခန့်သာ ရှိပါတယ်။

မြင်းလေးက အရပ်ပုတာကြောင့် မိသားစုထဲမှာ အထူးအခွင့်အရေးပေးတာတွေကို ခံရပါတယ်။ Shetland အမျိုးအစားမြင်းပုလေးတွေက ကိုယ်အလေးချိန် ၂၆၄ ပေါင် ခန့်ရှိပါတယ်။ ဒါပေမယ့် Pumuckl ကတော့ ကိုယ်အလေးချိန် ၇၇ ပေါင်သာ ရှိပါတယ်။ Pumuckl က သူ့သခင်ရဲ့ခွေးတွေထက်တောင် သေးငယ်နေပါသေးတယ်။

အဲဒါကြောင့် Pumuckl က သခင်ရဲ့အိမ်ထဲကို ဝင်ထွက်ခွင့်ရပြီး မနက်စာကိုလည်း မီးဖိုခန်းထဲမှာ စားခွင့်ရရှိပါတယ်။ အခြားအိမ်တွေကို သွားလည်တဲ့အခါမှာလည်း Pumuckl က ကားလိုက်စီးလို့ရပါတယ်။ Weidmann ကတော့ သူ့ကို ကားပေါ်မှာ ထိုင်ခိုင်းပြီး သွားလေရာကို ခေါ်သွားလေ့ရှိပါတယ်။

သူတို့ခြံကို လာလည်သူတစ်ယောက်က Pumuckl ကို ကမ္ဘာ့အသေးငယ်ဆုံး မြင်းပုလေးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ဖို့ အကြံပေးပါတယ်။ လက်ရှိကမ္ဘာ့အသေးဆုံးမြင်းပုလေးက အရပ်က ၅၆.၇ စင်တီမီတာရှိပြီး Pumuckl ကတော့ အရပ် ၅၀ စင်တီမီတာရှိပါတယ်။ Pumuckl သာ အသက်ရှည်မယ်ဆိုရင် ကမ္ဘာ့အသေးဆုံးမြင်းပုလေး ဖြစ်လာတော့မှာပါ။

Zombie (lovemedia)

for zawgyi

ေခြးေတြထက္ေတာင္ ေသးငယ္တဲ့ ကမာၻ႔အေသးဆုံး ျမင္းပုေလး

Pumuckl လို႔ေခၚတဲ့ ျမင္းေလးက ေခြးေလးေတြထက္ေတာင္ အ႐ြယ္အစားေသးငယ္ပါတယ္။ Pumuckl က Shetland အမ်ိဳးအစားျမင္းပုေလးျဖစ္ၿပီးေတာ့ အရပ္အျမင့္က လက္မ ၂၀ သာရွိပါတယ္။ အဲဒါေၾကာင့္ ျမင္းေလး Pumuckl က ကမာၻ႔အေသးဆုံးျမင္းျဖစ္လာပါတယ္။

ျမင္းရဲ႕အသက္က အခုဆိုရင္ ၃ ႏွစ္ရွိပါၿပီ။ ႏွစ္အနည္းငယ္အထိ အသက္ရွည္ေနေသးရင္ Pumuckl ကမာၻ႔အေသးဆုံးျမင္းျဖစ္လာေတာ့မွာပါ။

သူ႔ရဲ႕မိသားစုကေတာ့ Pumuckl ကို ႀကီးထြားလာမယ္လို႔ အရင္က ေမွ်ာ္လင့္ခဲ့တာပါ။ Carola Weidmann နဲ႔ သူမရဲ႕မိသားစုက ဂ်ာမနီႏိုင္ငံ Breckerfeld မွာရွိတဲ့ ၿခံႀကီးတစ္ၿခံမွာ ေခြးႏွစ္ေကာင္၊ ျမင္းေတြနဲ႔အတူ ေနထိုင္ပါတယ္။ Pumuckl ကို ေတာ့ ၂၀၂၁ ခုႏွစ္တုန္းက ဝယ္လာခဲ့တာပါ။ ျမင္းကို ဝယ္လာခါစကေတာ့ ႀကီးထြားလာမယ္လို႔ ထင္ခဲ့တာပါ။ အျခားျမင္းပုေလးေတြက အျမင့္ ၂၇ လက္အထိ အရပ္ရွည္လာပါတယ္။ ဒါေပမယ့္ Pumuckl ကေတာ့ လက္မ ၂၀ ခန႔္သာ ရွိပါတယ္။

ျမင္းေလးက အရပ္ပုတာေၾကာင့္ မိသားစုထဲမွာ အထူးအခြင့္အေရးေပးတာေတြကို ခံရပါတယ္။ Shetland အမ်ိဳးအစားျမင္းပုေလးေတြက ကိုယ္အေလးခ်ိန္ ၂၆၄ ေပါင္ ခန႔္ရွိပါတယ္။ ဒါေပမယ့္ Pumuckl ကေတာ့ ကိုယ္အေလးခ်ိန္ ၇၇ ေပါင္သာ ရွိပါတယ္။ Pumuckl က သူ႔သခင္ရဲ႕ေခြးေတြထက္ေတာင္ ေသးငယ္ေနပါေသးတယ္။ အဲဒါေၾကာင့္ Pumuckl က သခင္ရဲ႕အိမ္ထဲကို ဝင္ထြက္ခြင့္ရၿပီး မနက္စာကိုလည္း မီးဖိုခန္းထဲမွာ စားခြင့္ရရွိပါတယ္။ အျခားအိမ္ေတြကို သြားလည္တဲ့အခါမွာလည္း Pumuckl က ကားလိုက္စီးလို႔ရပါတယ္။ Weidmann ကေတာ့ သူ႔ကို ကားေပၚမွာ ထိုင္ခိုင္းၿပီး သြားေလရာကို ေခၚသြားေလ့ရွိပါတယ္။

သူတို႔ၿခံကို လာလည္သူတစ္ေယာက္က Pumuckl ကို ကမာၻ႔အေသးငယ္ဆုံး ျမင္းပုေလးအျဖစ္ ဂင္းနစ္ကမာၻ႔မွတ္တမ္းဝင္ဖို႔ အႀကံေပးပါတယ္။ လက္ရွိကမာၻ႔အေသးဆုံးျမင္းပုေလးက အရပ္က ၅၆.၇ စင္တီမီတာရွိၿပီး Pumuckl ကေတာ့ အရပ္ ၅၀ စင္တီမီတာရွိပါတယ္။ Pumuckl သာ အသက္ရွည္မယ္ဆိုရင္ ကမာၻ႔အေသးဆုံးျမင္းပုေလး ျဖစ္လာေတာ့မွာပါ။

Zombie (lovemedia)