ဂျပန်နိုင်ငံက Thanko ဆိုတဲ့ တီထွင်သူတစ်ယောက်က အလွယ်တကူသယ်သွားနိုင်တဲ့ လက်ဆေးဘေစင်ကို တီထွင်လိုက်ပါတယ်။ သယ်သွားလို့ရတဲ့ လက်ဆေးကန်ကို တစ်မိနစ်အတွင်းမှာ ချက်ချင်းအသုံးပြုနိုင်ပါတယ်။

ကိုဗစ် ၁၉ အတောအတွင်းမှာ လူသားတွေက မကြာခဏလက်ဆေးရပါတယ်။ လက်ဆေးတဲ့အခါ ဆပ်ပြာပေါ်မှာ ဘက်တီးရီးယားတွေ ကျန်နေနိုင်ပါတယ်။ ဒါ့အပြင် လက်ဆေးဖို့ ကန်ကို အလွယ်တကူရှာမတွေ့နိုင်တဲ့အခက်အခဲတွေကိုလည်း ကြုံရတတ်ပါတယ်။

ဂျပန်နိုင်ငံမှာ ကိုဗစ်အပြီး လက်ဆေးခြင်းအလေ့အထက ကျန်ရစ်ခဲ့ပါတယ်။ လက်ဆေးချင်တဲ့အခါ လက်ဆေးကန်အလွယ်တကူရှာမတွေ့တဲ့ ပြဿနာကို ဖြေရှင်းဖို့ သယ်သွားလို့ရတဲ့လက်ဆေးကန်ကို တီထွင်ခဲ့တာပါ။ လက်ဆေးကန်ကို ပေါ့ပါးတဲ့သတ္တုတွေကို တည်ဆောက်ထားပါတယ်။

သယ်သွားလို့ရတဲ့လက်ဆေးကန်က ၃ ကီလိုဂရမ်သာ လေးပါတယ်။ အဲဒါကြောင့် ပေါ့ပါးပြီး ဘယ်နေရာကိုမဆို အလွယ်တကူ ယူသွားနိုင်ပါတယ်။ လက်ဆေးကန်ထဲမှာ ရေက ၂၀ လီတာ ပါဝင်ပါတယ်။ ပေါ့ပါးတဲ့လက်ဆေးကန်၊ ရေပိုက်ခေါင်းအပြင် လက်သုတ်ဖို့အတွက် ပုဝါလေးတောင်ပါဝင်ပါသေးတယ်။

လက်ဆေးကန်ကို 9V ဘက်ထရီနဲ့အသုံးပြုထားပါတယ်။ အဲဒါကြောင့် ဘက်ထရီကို တစ်ခါအားဖြည့်ထားရင် ၆၅ နာရီခန့်ကြာအောင် အသုံးပြုနိုင်ပါတယ်။

သယ်သွားလို့ရတဲ့ လက်ဆေးကန်ကို ၁၁၄ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ပေါ့ပါးတာကြောင့် ဘယ်နေရာကိုသယ်ဆောင်သွားနိုင်ပြီး လူကြိုက်များလာပါတယ်။

Zombie (lovemedia)

for zawgyi

ဘယ္ေနရာကိုမဆို သယ္ေဆာင္သြားလို႔ရတဲ့ လက္ေဆးကန္

ဂ်ပန္ႏိုင္ငံက Thanko ဆိုတဲ့ တီထြင္သူတစ္ေယာက္က အလြယ္တကူသယ္သြားႏိုင္တဲ့ လက္ေဆးေဘစင္ကို တီထြင္လိုက္ပါတယ္။ သယ္သြားလို႔ရတဲ့ လက္ေဆးကန္ကို တစ္မိနစ္အတြင္းမွာ ခ်က္ခ်င္းအသုံးျပဳႏိုင္ပါတယ္။

ကိုဗစ္ ၁၉ အေတာအတြင္းမွာ လူသားေတြက မၾကာခဏလက္ေဆးရပါတယ္။ လက္ေဆးတဲ့အခါ ဆပ္ျပာေပၚမွာ ဘက္တီးရီးယားေတြ က်န္ေနႏိုင္ပါတယ္။ ဒါ့အျပင္ လက္ေဆးဖို႔ ကန္ကို အလြယ္တကူရွာမေတြ႕ႏိုင္တဲ့အခက္အခဲေတြကိုလည္း ႀကဳံရတတ္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ကိုဗစ္အၿပီး လက္ေဆးျခင္းအေလ့အထက က်န္ရစ္ခဲ့ပါတယ္။ လက္ေဆးခ်င္တဲ့အခါ လက္ေဆးကန္အလြယ္တကူရွာမေတြ႕တဲ့ ျပႆနာကို ေျဖရွင္းဖို႔ သယ္သြားလို႔ရတဲ့လက္ေဆးကန္ကို တီထြင္ခဲ့တာပါ။ လက္ေဆးကန္ကို ေပါ့ပါးတဲ့သတၱဳေတြကို တည္ေဆာက္ထားပါတယ္။

သယ္သြားလို႔ရတဲ့လက္ေဆးကန္က ၃ ကီလိုဂရမ္သာ ေလးပါတယ္။ အဲဒါေၾကာင့္ ေပါ့ပါးၿပီး ဘယ္ေနရာကိုမဆို အလြယ္တကူ ယူသြားႏိုင္ပါတယ္။ လက္ေဆးကန္ထဲမွာ ေရက ၂၀ လီတာ ပါဝင္ပါတယ္။ ေပါ့ပါးတဲ့လက္ေဆးကန္၊ ေရပိုက္ေခါင္းအျပင္ လက္သုတ္ဖို႔အတြက္ ပုဝါေလးေတာင္ပါဝင္ပါေသးတယ္။

လက္ေဆးကန္ကို 9V ဘက္ထရီနဲ႔အသုံးျပဳထားပါတယ္။ အဲဒါေၾကာင့္ ဘက္ထရီကို တစ္ခါအားျဖည့္ထားရင္ ၆၅ နာရီခန႔္ၾကာေအာင္ အသုံးျပဳႏိုင္ပါတယ္။

သယ္သြားလို႔ရတဲ့ လက္ေဆးကန္ကို ၁၁၄ ေဒၚလာနဲ႔ ဝယ္ယူရရွိႏိုင္ပါတယ္။ ေပါ့ပါးတာေၾကာင့္ ဘယ္ေနရာကိုသယ္ေဆာင္သြားႏိုင္ၿပီး လူႀကိဳက္မ်ားလာပါတယ္။

Zombie (lovemedia)