ငွေစုတာက အနာဂတ်အတွက် များစွာအကျိုးရှိစေပါတယ်။ စုထားတဲ့ငွေတွေနဲ့ မကျန်းမာတဲ့အခါ ကုသလို့ရသလို အလုပ်လက်မဲ့ဖြစ်သွားရင်လည်း သုံးစွဲဖို့အဆင်ပြေစေပါတယ်။ ငွေစုတဲ့နည်းလမ်းတွေ အများကြီး ရှိပါတယ်။

မက္ကဆီကိုနိုင်ငံက Monterrey မြို့မှာနေထိုင်တဲ့လူတစ်ယောက်ကတော့ ဝက်စုဘူးထဲမှာ ၂ နှစ်ကြာငွေစုခဲ့ပါတယ်။ စုဘူးကို ဖောက်လိုက်တဲ့အခါမှာတော့ ထင်မထားလောက်တဲ့ငွေပမာဏကို ရရှိသွားတာကြောင့် အရမ်းကို အံ့ဩသွားခဲ့ပါတယ်။

ဒီအကြောင်းကိုတော့ တစ်တော့အသုံးပြုသူတစ်ယောက်က တင်ထားခဲ့တာပါ။ သူမရဲ့အဖေက ငွေအကြွေစေ့လေးတွေကို နေ့စဉ်ဝက်စုဘူးထဲမှာ ထည့်ပြီး စုထားခဲ့ပါတယ်။ တစ်ပတ်ကို မက္ကဆီကိုငွေကြေး ၁၀၀၀ ပီဆိုခန့် စုပါတယ်။

နေ့စဉ်စုလာရင်းနဲ့ ၂ နှစ်ကြာသွားခဲ့ပါတယ်။ စုဘူးဖောက်တဲ့နေ့မှာတော့ တစ်အိမ်လုံးက စိတ်လှုပ်ရှားပြီး စုဘူးဖောက်တာကို စိတ်ရှည်လက်ရှည် စောင့်ကြည့်ကြပါတယ်။ ငွေအကြွေစေ့တွေကို စုထားတာဖြစ်လို့ အချိန်အကြာကြီးရေတွက်ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အားလုံးမထင်ထားလောက်တဲ့ငွေပမာဏကို ရရှိခဲ့ပါတယ်။ ၂ နှစ်ကျော်ကြာ ငွေစုခဲ့တဲ့အခါ အမေရိကန်ဒေါ်လာ ၁၉၀၉၆ နီးပါးရရှိခဲ့ပါတယ်။

ဒီငွေကိုတော့ အသားဝယ်ဖို့ငွေထဲကနေ ဖဲ့ဖဲ့ပြီးဖြစ်ပါတယ်။ စိတ်ရှည်ပြီး ဇွဲရှိတာကြောင့် နှစ်အနည်းငယ်အတွင်းမှာတင် ငွေပမာဏအများကြီးကို စုနိုင်ခဲ့ပါတယ်။ ငွေစုတဲ့ဗီဒီယိုက လူကြိုက်များပြီး ကြည့်ရှုသူ ၄၄ သန်းတောင် ရှိသွားခဲ့ပါတယ်။ ဒီဗီဒီယိုလေးကနေ လူအများအတွက် ငွေစုဖို့ အားအင်တွေ ရရှိသွားစေပါတယ်။

Zombie (lovemedia)

for zawgyi

ဝက္စုဘူးထဲမွာ အေႂကြေစ့ေလးေတြကို ၂ ႏွစ္ေက်ာ္ၾကာေငြစုရင္း မထင္ထားတဲ့ပမာဏအထိ ရရွိသြားသူ

ေငြစုတာက အနာဂတ္အတြက္ မ်ားစြာအက်ိဳးရွိေစပါတယ္။ စုထားတဲ့ေငြေတြနဲ႔ မက်န္းမာတဲ့အခါ ကုသလို႔ရသလို အလုပ္လက္မဲ့ျဖစ္သြားရင္လည္း သုံးစြဲဖို႔အဆင္ေျပေစပါတယ္။ ေငြစုတဲ့နည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ မကၠဆီကိုႏိုင္ငံက Monterrey ၿမိဳ႕မွာေနထိုင္တဲ့လူတစ္ေယာက္ကေတာ့ ဝက္စုဘူးထဲမွာ ၂ ႏွစ္ၾကာေငြစုခဲ့ပါတယ္။ စုဘူးကို ေဖာက္လိုက္တဲ့အခါမွာေတာ့ ထင္မထားေလာက္တဲ့ေငြပမာဏကို ရရွိသြားတာေၾကာင့္ အရမ္းကို အံ့ဩသြားခဲ့ပါတယ္။

ဒီအေၾကာင္းကိုေတာ့ တစ္ေတာ့အသုံးျပဳသူတစ္ေယာက္က တင္ထားခဲ့တာပါ။ သူမရဲ႕အေဖက ေငြအေႂကြေစ့ေလးေတြကို ေန႔စဥ္ဝက္စုဘူးထဲမွာ ထည့္ၿပီး စုထားခဲ့ပါတယ္။ တစ္ပတ္ကို မကၠဆီကိုေငြေၾကး ၁၀၀၀ ပီဆိုခန႔္ စုပါတယ္။

ေန႔စဥ္စုလာရင္းနဲ႔ ၂ ႏွစ္ၾကာသြားခဲ့ပါတယ္။ စုဘူးေဖာက္တဲ့ေန႔မွာေတာ့ တစ္အိမ္လုံးက စိတ္လႈပ္ရွားၿပီး စုဘူးေဖာက္တာကို စိတ္ရွည္လက္ရွည္ ေစာင့္ၾကည့္ၾကပါတယ္။ ေငြအေႂကြေစ့ေတြကို စုထားတာျဖစ္လို႔ အခ်ိန္အၾကာႀကီးေရတြက္ခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ အားလုံးမထင္ထားေလာက္တဲ့ေငြပမာဏကို ရရွိခဲ့ပါတယ္။ ၂ ႏွစ္ေက်ာ္ၾကာ ေငြစုခဲ့တဲ့အခါ အေမရိကန္ေဒၚလာ ၁၉၀၉၆ နီးပါးရရွိခဲ့ပါတယ္။

ဒီေငြကိုေတာ့ အသားဝယ္ဖို႔ေငြထဲကေန ဖဲ့ဖဲ့ၿပီးျဖစ္ပါတယ္။ စိတ္ရွည္ၿပီး ဇြဲရွိတာေၾကာင့္ ႏွစ္အနည္းငယ္အတြင္းမွာတင္ ေငြပမာဏအမ်ားႀကီးကို စုႏိုင္ခဲ့ပါတယ္။ ေငြစုတဲ့ဗီဒီယိုက လူႀကိဳက္မ်ားၿပီး ၾကည့္ရႈသူ ၄၄ သန္းေတာင္ ရွိသြားခဲ့ပါတယ္။ ဒီဗီဒီယိုေလးကေန လူအမ်ားအတြက္ ေငြစုဖို႔ အားအင္ေတြ ရရွိသြားေစပါတယ္။

Zombie (lovemedia)