Lalit Patidar က အသက် ၁၇ နှစ်အရွယ်ရှိပြီး အိန္ဒိယနိုင်ငံမှာ နေထိုင်ပါတယ်။ သူဟာ hypertrichosis ဆိုတဲ့ အရမ်းကို ရှားပါးတဲ့ရောဂါကို ခံစားနေရပါတယ်။ အဲဒီရောဂါကြောင့် သူ့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေက ထူထပ်နေပါတယ်။ အဲဒါကြောင့် သူ့ကို အချို့တွေက မျောက်လူသားလို့ ခေါ်ကြပါတယ်။

Lalit ရဲ့အမေက သူ့ကို မွေးမွေးချင်း တွေ့လိုက်ရစဉ်မှာ အရမ်းကို အံ့ဩသွားခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့ရဲ့တစ်ကိုယ်လုံးကို အမွေးအမျှင်တွေက ဖုံးအုပ်နေလို့ပါ။ Lalit ရဲ့ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ပေါက်နေပေမယ့် ကျန်းမာပါတယ်။ အသက်အနည်းငယ်ကြီးလာတဲ့အခါမှာ ကုသပေမယ့်လည်း ဘာမှမထိရောက်ခဲ့ပါဘူး။ ခန္ဓာကိုယ်က အမွေးအမျှင်တွေက ရှည်လည်းမရှည်လာတော့သလို တိုလည်း မတိုသွားတော့ပါဘူး။

ဒီလိုရောဂါက လူပေါင်း သန်း ၃၄၀ မှာ တစ်ယောက်တည်းသာတွေ့နိုင်တဲ့ရောဂါပါ။ မျိုးရိုးဗီဇကြောင့်လည်း ဒီလိုရောဂါဖြစ်ပေါ်ပါတယ်။ ကမ္ဘာပေါ်မှာ hypertrichosis ရောဂါကို ခံစားနေရတဲ့သူ အယောက် ၅၀ ခန့်သာရှိပါတယ်။

မျက်နှာမှာ အမွေးအမျှင်တွေ ပေါက်နေတာကြောင့် သူ့ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ အများကြီးတွေ့ရပါတယ်။ အမြင်အာရုံကိုလည်း ထိခိုက်သလို အစားစားတဲ့အခါမှာလည်း အဆင်မပြေပါဘူး။ အမွေးအမျှင်တွေ မပါဘဲ မွေးလာရင် ကောင်းမယ်လို့ Lalit Patidar က ပြောဖူးပါတယ်။ အမွေးအမျှင်တွေကြောင့် အသက်ရှူတဲ့အခါမှာတောင် အခက်အခဲဖြစ်လာပါတယ်။

ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ များနေတာကြောင့် ငယ်ငယ်ကတည်းက မျောက်လူသားဆိုပြီး အတန်းဖော်တွေက စကြပါတယ်။ လမ်းမှာတွေ့တဲ့သူတွေကလည်း သူ့ကို အထူးအဆန်းလူသားတစ်ယောက်အဖြစ် ကြည့်ကြပါတယ်။ ဒါပေမယ့် ဆရာမက အတန်းသားအချင်းချင်း လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို လေးစားရမယ်ဖြစ်ကြောင်း သွန်သင်ဆုံးမပေးပါတယ်။ အဲဒီနောက်ပိုင်းမှာမှ Lalit ကို ခေါ်ပြီး ဆော့ကြပါတယ်။

Lalit က ရဲအရာရှိတစ်ယောက်ဖြစ်ချင်သူပါ။ လောလောဆယ်မှာတော့ သူဟာ vlogger တစ်ယောက်အဖြစ်ရပ်တည်နေပြီး follower တွေက တစ်သိန်းလေးသောင်းကျော်ရှိပါတယ်။ အခုတော့ သူ့ရဲ့ဆယ်ကျော်သက်ဘဝကို ပုံမှန်လူသားတွေလို ဖြတ်သန်းနေပြီး ခန္ဓာကိုယ်ရဲ့အရှိတရားဖြစ်တည်မှုကို လက်ခံနိုင်သွားပါပြီ။

Zombie (lovemedia)

for zawgyi

ရွားပါးေရာဂါတစ္မ်ိဳးေၾကာင့္ မ်က္ႏွာနဲ႔ခႏၶာကိုယ္တစ္ခုလုံး အေမြးအမွ်င္ေတြနဲ႔ ဖုံးလႊမ္းေနသူ

Lalit Patidar က အသက္ ၁၇ ႏွစ္အ႐ြယ္ရွိၿပီး အိႏၵိယႏိုင္ငံမွာ ေနထိုင္ပါတယ္။ သူဟာ hypertrichosis ဆိုတဲ့ အရမ္းကို ရွားပါးတဲ့ေရာဂါကို ခံစားေနရပါတယ္။ အဲဒီေရာဂါေၾကာင့္ သူ႔ရဲ႕မ်က္ႏွာနဲ႔ ခႏၶာကိုယ္မွာ အေမြးအမွ်င္ေတြက ထူထပ္ေနပါတယ္။ အဲဒါေၾကာင့္ သူ႔ကို အခ်ိဳ႕ေတြက ေမ်ာက္လူသားလို႔ ေခၚၾကပါတယ္။

Lalit ရဲ႕အေမက သူ႔ကို ေမြးေမြးခ်င္း ေတြ႕လိုက္ရစဥ္မွာ အရမ္းကို အံ့ဩသြားခဲ့ရပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕တစ္ကိုယ္လုံးကို အေမြးအမွ်င္ေတြက ဖုံးအုပ္ေနလို႔ပါ။ Lalit ရဲ႕ခႏၶာကိုယ္မွာ အေမြးအမွ်င္ေတြ ေပါက္ေနေပမယ့္ က်န္းမာပါတယ္။ အသက္အနည္းငယ္ႀကီးလာတဲ့အခါမွာ ကုသေပမယ့္လည္း ဘာမွမထိေရာက္ခဲ့ပါဘူး။ ခႏၶာကိုယ္က အေမြးအမွ်င္ေတြက ရွည္လည္းမရွည္လာေတာ့သလို တိုလည္း မတိုသြားေတာ့ပါဘူး။

ဒီလိုေရာဂါက လူေပါင္း သန္း ၃၄၀ မွာ တစ္ေယာက္တည္းသာေတြ႕ႏိုင္တဲ့ေရာဂါပါ။ မ်ိဳး႐ိုးဗီဇေၾကာင့္လည္း ဒီလိုေရာဂါျဖစ္ေပၚပါတယ္။ ကမာၻေပၚမွာ hypertrichosis ေရာဂါကို ခံစားေနရတဲ့သူ အေယာက္ ၅၀ ခန႔္သာရွိပါတယ္။

မ်က္ႏွာမွာ အေမြးအမွ်င္ေတြ ေပါက္ေနတာေၾကာင့္ သူ႔ရဲ႕ေန႔စဥ္ဘဝမွာ အခက္အခဲေတြ အမ်ားႀကီးေတြ႕ရပါတယ္။ အျမင္အာ႐ုံကိုလည္း ထိခိုက္သလို အစားစားတဲ့အခါမွာလည္း အဆင္မေျပပါဘူး။ အေမြးအမွ်င္ေတြ မပါဘဲ ေမြးလာရင္ ေကာင္းမယ္လို႔ Lalit Patidar က ေျပာဖူးပါတယ္။ အေမြးအမွ်င္ေတြေၾကာင့္ အသက္ရႉတဲ့အခါမွာေတာင္ အခက္အခဲျဖစ္လာပါတယ္။

ခႏၶာကိုယ္မွာ အေမြးအမွ်င္ေတြ မ်ားေနတာေၾကာင့္ ငယ္ငယ္ကတည္းက ေမ်ာက္လူသားဆိုၿပီး အတန္းေဖာ္ေတြက စၾကပါတယ္။ လမ္းမွာေတြ႕တဲ့သူေတြကလည္း သူ႔ကို အထူးအဆန္းလူသားတစ္ေယာက္အျဖစ္ ၾကည့္ၾကပါတယ္။ ဒါေပမယ့္ ဆရာမက အတန္းသားအခ်င္းခ်င္း လူတစ္ေယာက္ရဲ႕ျဖစ္တည္မႈကို ေလးစားရမယ္ျဖစ္ေၾကာင္း သြန္သင္ဆုံးမေပးပါတယ္။ အဲဒီေနာက္ပိုင္းမွာမွ Lalit ကို ေခၚၿပီး ေဆာ့ၾကပါတယ္။

Lalit က ရဲအရာရွိတစ္ေယာက္ျဖစ္ခ်င္သူပါ။ ေလာေလာဆယ္မွာေတာ့ သူဟာ vlogger တစ္ေယာက္အျဖစ္ရပ္တည္ေနၿပီး follower ေတြက တစ္သိန္းေလးေသာင္းေက်ာ္ရွိပါတယ္။ အခုေတာ့ သူ႔ရဲ႕ဆယ္ေက်ာ္သက္ဘဝကို ပုံမွန္လူသားေတြလို ျဖတ္သန္းေနၿပီး ခႏၶာကိုယ္ရဲ႕အရွိတရားျဖစ္တည္မႈကို လက္ခံႏိုင္သြားပါၿပီ။

Zombie (lovemedia)