"ချစ်တယ်" ဆိုတဲ့ စကားကို ပြောထွက်ဖို့လွယ်ကူပေမယ့် အချစ်နောက်မှာ ကပ်ပါလာတဲ့ နားလည်မှု၊ တန်ဖိုးထားမှု၊ သစ္စာရှိမှုတွေကိုတော့ ပြုလုပ်ပေးနိုင်ဖို့ ခက်ခဲပါတယ်။ အချို့သောလူတွေက ချစ်တဲ့စကားတွေကို ခဏခဏမပြောတတ်ကြပေမယ့် သင့်ကို တကယ်တန်ဖိုးထားကြောင်း သိရှိနိုင်မယ့်အရာတွေ အများကြီးရှိပါတယ်။

၁။ သင့်ရဲ့ဒိုင်ယာရီလေးလို ရင်ဖွင့်သမျှကို နားထောင်ပေးခြင်း

တကယ်တန်ဖိုးထားတဲ့သူက သင့်ကို အမြဲတမ်း သက်တောင့်သက်သာနဲ့ စိတ်ချမ်းသာစေချင်ပါတယ်။ ပျော်ရွှင်တဲ့နေ့ရက်တွေကိုပဲ ဖန်တီးပေးချင်နေပါတယ်။ အဲဒါကြောင့် သင် ကြုံတွေ့ရသမျှအရာတွေ အားလုံးကို နားထောင်ပေးပြီး လိုအပ်တဲ့အခါ အကြံဉာဏ်တွေလည်း ပေးမှာပါ။ ရင်ဖွင့်ဖော်အဖြစ်ရှိပေးခြင်းက နှစ်ယောက်ကြားက ချစ်ခြင်းတွေကို ပိုမိုခိုင်မာလာစေပါတယ်။

၂။ ပွေ့ဖက်ရတာကို သဘောကျခြင်း

တကယ်ချစ်မိသွားတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် ထွေးပွေ့ထားရတာကို သဘောကျပါတယ်။ အဲဒါကြောင့် ရတဲ့အချိန်ခဏလေးမှာတောင် ပွေ့ဖက်နေမှာပါ။ ဒါ့အပြင် ကြင်နာတဲ့အပြုအမူတွေကိုလည်း မကြာခဏ လုပ်ပြတတ်ပါတယ်။

၃။ သင့်ရဲ့ရည်မှန်းချက်တွေရောက်အောင် အားပေးခြင်း

တန်ဖိုးထားတယ်ဆိုတာ ၂၄ နာရီ ၇ ရက်လုံး ဖုန်းပြောနေတာ၊ အချိန်ပေးနေတာကို ဆိုလိုတာမဟုတ်ပါဘူး။ နှစ်ယောက်လုံးမှာ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်အလုပ်တွေလည်း ရှိနေဦးမှာပါ။ သူ့ရဲ့ရည်မှန်းချက်တွေကို သွားနေတဲ့အချိန်ထဲကနေ သင့်ရဲ့ရည်မှန်းချက်တွေ ဖြစ်မြောက်အောင် တိုက်တွန်းအားပေးတတ်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့သူပါ။ ရည်မှန်းချက်တွေဖြစ်လာအောင် အားပေးတိုက်တွန်းတတ်တာက ရင့်ကျက်ပြီးတော့ စစ်မှန်စွာချစ်တတ်သူတွေမှာပဲ ရှိတဲ့လက္ခဏာပါ။

၄။ အိမ်မှုကိစ္စတွေ ကူလုပ်ပေးခြင်း

အချို့တွေက အိမ်မှုကိစ္စကို မဆိုင်သလိုသာ နေတတ်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့လက်တွဲဖော်က အိမ်မှုကိစ္စတွေကိုပါ လုပ်ကိုင်ပေးတယ်ဆိုရင်တော့ တကယ်တန်ဖိုးထားကြောင်း ပြသတာပါ။ သူနဲ့ထပ်တူသဘောထားပြီး ချစ်တာကြောင့် ဒီလိုလူမျိုးကိုတွေ့ရင်တော့ အမိအရဆွဲထားသင့်ပါတယ်။

၅။ သင့်ကိုအကြောင်းတွေကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို ပြောပြခြင်း

တကယ်တန်ဖိုးထားကြောင်းကို သိနိုင်မယ့်အရှင်းလင်းဆုံးအချက်ကတော့ သင့်ကို အပျော်မတွဲတာပါ။ အပျော်မတွဲတာဖြစ်လို့ သင့်အကြောင်းတွေကို သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေထံ မကြာခဏ ပြောပြနေမှာပါ။ သင့်အပေါ်တန်ဖိုးထားတာကြောင့် အနာဂတ်ကိုလည်း သင်နဲ့သာ အတူတူသွားချင်တဲ့သူပါပဲ။

၆။ အပြင်သွားတဲ့အခါ အမြဲတမ်းစောင့်ရှောက်ခြင်း

တကယ်စောင့်ရှောက်ချင်စိတ်ရှိတာနဲ့ တမင်အနှောင့်အယှက်ပေးတာက တစ်ခါတရံမှာ ဆင်တူနေတတ်ပါတယ်။ တကယ်ချစ်တဲ့သူကတော့ အပြင်သွားတဲ့အခါတိုင်း အန္တရာယ်ကင်းဖို့ အမြဲအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတတ်ပါတယ်။ သူနဲ့အတူရှိတဲ့အချိန်တိုင်း စိတ်လုံခြုံမှု၊ နွေးထွေးမှုကို အမြဲခံစားနေရမှာပါ။

Zombie (lovemedia)

for zawgyi

သင့္ကို တကယ္တန္ဖိုးထားခ်စ္တဲ့သူမွာသာ ေတြ႕ႏိုင္မယ့္လကၡဏာ (၆) ခု

"ခ်စ္တယ္" ဆိုတဲ့ စကားကို ေျပာထြက္ဖို႔လြယ္ကူေပမယ့္ အခ်စ္ေနာက္မွာ ကပ္ပါလာတဲ့ နားလည္မႈ၊ တန္ဖိုးထားမႈ၊ သစၥာရွိမႈေတြကိုေတာ့ ျပဳလုပ္ေပးႏိုင္ဖို႔ ခက္ခဲပါတယ္။ အခ်ိဳ႕ေသာလူေတြက ခ်စ္တဲ့စကားေတြကို ခဏခဏမေျပာတတ္ၾကေပမယ့္ သင့္ကို တကယ္တန္ဖိုးထားေၾကာင္း သိရွိႏိုင္မယ့္အရာေတြ အမ်ားႀကီးရွိပါတယ္။

၁။ သင့္ရဲ႕ဒိုင္ယာရီေလးလို ရင္ဖြင့္သမွ်ကို နားေထာင္ေပးျခင္း

တကယ္တန္ဖိုးထားတဲ့သူက သင့္ကို အၿမဲတမ္း သက္ေတာင့္သက္သာနဲ႔ စိတ္ခ်မ္းသာေစခ်င္ပါတယ္။ ေပ်ာ္႐ႊင္တဲ့ေန႔ရက္ေတြကိုပဲ ဖန္တီးေပးခ်င္ေနပါတယ္။ အဲဒါေၾကာင့္ သင္ ႀကဳံေတြ႕ရသမွ်အရာေတြ အားလုံးကို နားေထာင္ေပးၿပီး လိုအပ္တဲ့အခါ အႀကံဉာဏ္ေတြလည္း ေပးမွာပါ။ ရင္ဖြင့္ေဖာ္အျဖစ္ရွိေပးျခင္းက ႏွစ္ေယာက္ၾကားက ခ်စ္ျခင္းေတြကို ပိုမိုခိုင္မာလာေစပါတယ္။

၂။ ေပြ႕ဖက္ရတာကို သေဘာက်ျခင္း

တကယ္ခ်စ္မိသြားတဲ့သူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ေထြးေပြ႕ထားရတာကို သေဘာက်ပါတယ္။ အဲဒါေၾကာင့္ ရတဲ့အခ်ိန္ခဏေလးမွာေတာင္ ေပြ႕ဖက္ေနမွာပါ။ ဒါ့အျပင္ ၾကင္နာတဲ့အျပဳအမူေတြကိုလည္း မၾကာခဏ လုပ္ျပတတ္ပါတယ္။

၃။ သင့္ရဲ႕ရည္မွန္းခ်က္ေတြေရာက္ေအာင္ အားေပးျခင္း

တန္ဖိုးထားတယ္ဆိုတာ ၂၄ နာရီ ၇ ရက္လုံး ဖုန္းေျပာေနတာ၊ အခ်ိန္ေပးေနတာကို ဆိုလိုတာမဟုတ္ပါဘူး။ ႏွစ္ေယာက္လုံးမွာ ကိုယ္ပိုင္အခ်ိန္၊ ကိုယ္ပိုင္အလုပ္ေတြလည္း ရွိေနဦးမွာပါ။ သူ႔ရဲ႕ရည္မွန္းခ်က္ေတြကို သြားေနတဲ့အခ်ိန္ထဲကေန သင့္ရဲ႕ရည္မွန္းခ်က္ေတြ ျဖစ္ေျမာက္ေအာင္ တိုက္တြန္းအားေပးတတ္သူဆိုရင္ေတာ့ လက္မလႊတ္သင့္တဲ့သူပါ။ ရည္မွန္းခ်က္ေတြျဖစ္လာေအာင္ အားေပးတိုက္တြန္းတတ္တာက ရင့္က်က္ၿပီးေတာ့ စစ္မွန္စြာခ်စ္တတ္သူေတြမွာပဲ ရွိတဲ့လကၡဏာပါ။

၄။ အိမ္မႈကိစၥေတြ ကူလုပ္ေပးျခင္း

အခ်ိဳ႕ေတြက အိမ္မႈကိစၥကို မဆိုင္သလိုသာ ေနတတ္ၾကပါတယ္။ ဒါေပမယ့္ သင့္ရဲ႕လက္တြဲေဖာ္က အိမ္မႈကိစၥေတြကိုပါ လုပ္ကိုင္ေပးတယ္ဆိုရင္ေတာ့ တကယ္တန္ဖိုးထားေၾကာင္း ျပသတာပါ။ သူနဲ႔ထပ္တူသေဘာထားၿပီး ခ်စ္တာေၾကာင့္ ဒီလိုလူမ်ိဳးကိုေတြ႕ရင္ေတာ့ အမိအရဆြဲထားသင့္ပါတယ္။

၅။ သင့္ကိုအေၾကာင္းေတြကို မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းေတြကို ေျပာျပျခင္း

တကယ္တန္ဖိုးထားေၾကာင္းကို သိႏိုင္မယ့္အရွင္းလင္းဆုံးအခ်က္ကေတာ့ သင့္ကို အေပ်ာ္မတြဲတာပါ။ အေပ်ာ္မတြဲတာျဖစ္လို႔ သင့္အေၾကာင္းေတြကို သူ႔ရဲ႕မိသားစု၊ သူငယ္ခ်င္းေတြထံ မၾကာခဏ ေျပာျပေနမွာပါ။ သင့္အေပၚတန္ဖိုးထားတာေၾကာင့္ အနာဂတ္ကိုလည္း သင္နဲ႔သာ အတူတူသြားခ်င္တဲ့သူပါပဲ။

၆။ အျပင္သြားတဲ့အခါ အၿမဲတမ္းေစာင့္ေရွာက္ျခင္း

တကယ္ေစာင့္ေရွာက္ခ်င္စိတ္ရွိတာနဲ႔ တမင္အေႏွာင့္အယွက္ေပးတာက တစ္ခါတရံမွာ ဆင္တူေနတတ္ပါတယ္။ တကယ္ခ်စ္တဲ့သူကေတာ့ အျပင္သြားတဲ့အခါတိုင္း အႏၲရာယ္ကင္းဖို႔ အၿမဲအရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္ေနတတ္ပါတယ္။ သူနဲ႔အတူရွိတဲ့အခ်ိန္တိုင္း စိတ္လုံၿခဳံမႈ၊ ေႏြးေထြးမႈကို အၿမဲခံစားေနရမွာပါ။

Zombie (lovemedia)