သင့်ရဲ့ကလေးလေးက ခဏခဏဂျီကျနေရင် ကြာလာတဲ့အခါ စိတ်ရှုပ်လာမှာပါ။ ဒါပေမယ့် စိတ်ပူစရာမလိုတော့ပါဘူး။ Alivia Cromartie ဆိုတဲ့မေမေတစ်ယောက်က ကလေးဂျီကျတဲ့အခါ အလွယ်ကူအလျင်မြန်ဆုံး ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးကို မျှဝေပေးခဲ့ပါတယ်။

Alivia က ကလေးချော့နေတဲ့ဗီဒီယိုလေးကို အင်စတာဂရမ်မှာ တင်ခဲ့ရာကနေ လူကြိုက်များသွားခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ သူမရဲ့ကလေးလေးက ဂျီကျပြီး ငိုနေခဲ့ပါတယ်။

ကလေးဂျီကျတဲ့အခါ အလျင်မြန်ဆုံးချော့နိုင်တဲ့ Alivia ရဲ့လျှို့ဝှက်ချက်ကတော့ ကလေးကိုအလယ်မှာ ထားပြီး စက်ဝိုင်းပုံစံလှည့်လိုက်တာပါ။ ကလေးကို အလယ်မှာထားပြီး အမေတစ်ယောက်တည်း လှည့်လို့ရသလို အဖေရောအမေပါ လှည့်လည်းရပါတယ်။

အဲဒီလိုလှည့်လိုက်ချိန်မှာ ကလေးက ဂျီကျတာ ရုတ်တရက်ပျောက်သွားပြီး ပျော်ရွှင်လာပါတယ်။ ပြီးနောက် ဂျီကျတာကိုတောင် မေ့ပျောက်သွားပြီး ရယ်မောလာပါတယ်။

ဒီဗီဒီယိုက လူကြိုက်များသွားပြီး လက်တွေ့လုပ်ကြည့်တဲ့အခါ ကလေးက တကယ်ပဲ ဂျီကျတာ ရပ်သွားကြောင်း အင်စတာဂရမ်အသုံးပြုသူတွေက ပြန်လည်မျှဝေပေးထားပါတယ်။

Zombie (lovemedia)

for zawgyi

သင့္ကေလးခဏခဏ ဂ်ီက်ေနတာကို အခ်ိန္တိုအတြင္း ေျဖရွင္းႏိုင္မယ့္နည္းလမ္း

သင့္ရဲ႕ကေလးေလးက ခဏခဏဂ်ီက်ေနရင္ ၾကာလာတဲ့အခါ စိတ္ရႈပ္လာမွာပါ။ ဒါေပမယ့္ စိတ္ပူစရာမလိုေတာ့ပါဘူး။ Alivia Cromartie ဆိုတဲ့ေမေမတစ္ေယာက္က ကေလးဂ်ီက်တဲ့အခါ အလြယ္ကူအလ်င္ျမန္ဆုံး ေျဖရွင္းႏိုင္မယ့္နည္းလမ္းေလးကို မွ်ေဝေပးခဲ့ပါတယ္။

Alivia က ကေလးေခ်ာ့ေနတဲ့ဗီဒီယိုေလးကို အင္စတာဂရမ္မွာ တင္ခဲ့ရာကေန လူႀကိဳက္မ်ားသြားခဲ့ပါတယ္။ ဗီဒီယိုထဲမွာေတာ့ သူမရဲ႕ကေလးေလးက ဂ်ီက်ၿပီး ငိုေနခဲ့ပါတယ္။

ကေလးဂ်ီက်တဲ့အခါ အလ်င္ျမန္ဆုံးေခ်ာ့ႏိုင္တဲ့ Alivia ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ကေလးကိုအလယ္မွာ ထားၿပီး စက္ဝိုင္းပုံစံလွည့္လိုက္တာပါ။ ကေလးကို အလယ္မွာထားၿပီး အေမတစ္ေယာက္တည္း လွည့္လို႔ရသလို အေဖေရာအေမပါ လွည့္လည္းရပါတယ္။ အဲဒီလိုလွည့္လိုက္ခ်ိန္မွာ ကေလးက ဂ်ီက်တာ ႐ုတ္တရက္ေပ်ာက္သြားၿပီး ေပ်ာ္႐ႊင္လာပါတယ္။ ၿပီးေနာက္ ဂ်ီက်တာကိုေတာင္ ေမ့ေပ်ာက္သြားၿပီး ရယ္ေမာလာပါတယ္။

ဒီဗီဒီယိုက လူႀကိဳက္မ်ားသြားၿပီး လက္ေတြ႕လုပ္ၾကည့္တဲ့အခါ ကေလးက တကယ္ပဲ ဂ်ီက်တာ ရပ္သြားေၾကာင္း အင္စတာဂရမ္အသုံးျပဳသူေတြက ျပန္လည္မွ်ေဝေပးထားပါတယ္။

Zombie (lovemedia)