တရုတ်နိုင်ငံ Henan ပြည်နယ်မှာရှိတဲ့ ၁၃ နှစ်အရွယ်ကလေးတစ်ယောက်က ဂိမ်းကို အလွန်အကျွံစွဲလမ်းပြီးတော့ ဂိမ်းအတွက် ၄၄၉၅၀၀ ယွမ် (အမေရိကန်ဒေါ်လာ ၆၃၀၀၀) ခန့် သုံးပစ်လိုက်ပါတယ်။

ကလေးရဲ့ မိဘတွေက ဒီငွေပမာဏကို ရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားရှာဖွေထားခဲ့ရတာပါ။ ဒါပေမယ့် ၁၃ နှစ်အရွယ်သမီးဖြစ်သူက ဂိမ်းကို စွဲလမ်းပြီးငွေတွေအားလုံးကို သုံးပစ်လိုက်တဲ့အခါမှာတော့ အရမ်းကို ရှော့ရသွားခဲ့ပါတော့တယ်။

သမီးဖြစ်သူက ဂိမ်းဆော့ဖို့အတွက် အမေရဲ့ဘဏ်ကတ်ကို ဂိမ်းအကောင့်နဲ့ ချိတ်ပြီး သုံးပစ်လိုက်တာပါ။ မိန်းကလေးက အမေရဲ့ဘဏ်ကတ်ကို ယူပြီး သုံးနေတာ ၄ လလောက်ရှိပါပြီ။ သုံးပြီးတိုင်းမှာ သုံးထားတဲ့မှတ်တမ်းတွေအားလုံးကိုလည်း ဖျက်လေ့ရှိပါတယ်။

မိန်းကလေးရဲ့ဆရာမက ကျောင်းမှာလည်း သူ ဂိမ်းပဲဆော့နေတာကို တွေ့မိပြီးတော့ အမေဖြစ်သူကို တိုင်လိုက်ပါတယ်။ ငွေတွေအားလုံးကို သူတစ်ယောက်တည်းအတွက် သုံးတာမဟုတ်ပါဘူး။ ကျောင်းက သူငယ်ချင်းတွေ ဂိမ်းဆော့တဲ့အခါ လိုအပ်တဲ့ item တွေလည်း ဝယ်ပေးလိုက်ပါသေးတယ်။

ကျောင်းက သူငယ်ချင်းတွေက သူမအပေါ်မှာ ဖိအားတွေပေးတဲ့အခါ သူငယ်ချင်းတွေ ကျေနပ်အောင်လို့ အမေရဲ့ဘဏ်ကတ်ကို ယူပြီး item တွေဝယ်ပေးခဲ့နေတာပါ။

ဘဏ်ကတ်ရဲ့ pin code တွေကို သမီးဖြစ်သူကို ပေးမိတာ မှားတယ်လို့ အမေဖြစ်သူက ပြောပါတယ်။ တကယ်တော့ အဲဒီငွေတွေက တစ်မိသားစုလုံးစာအတွက် စုဆောင်းထားတဲ့ငွေတွေဖြစ်ပါတယ်။ ဒါပေမယ့် သမီးဖြစ်သူကတော့ မိဘတွေရဲ့ငွေတွေကို ၄ လတည်းနဲ့ ကုန်အောင် သုံးပစ်လိုက်ပါတယ်။

Zombie (lovemedia)

for zawgyi

မိဘေတြစုေဆာင္းထားတဲ့ေငြ ေဒၚလာ ၆၃၀၀၀ ေက်ာ္ကို ဂိမ္းအတြက္ သုံးပစ္လိုက္တဲ့မိန္းကေလး

တ႐ုတ္ႏိုင္ငံ Henan ျပည္နယ္မွာရွိတဲ့ ၁၃ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္က ဂိမ္းကို အလြန္အကြၽံစြဲလမ္းၿပီးေတာ့ ဂိမ္းအတြက္ ၄၄၉၅၀၀ ယြမ္ (အေမရိကန္ေဒၚလာ ၆၃၀၀၀) ခန႔္ သုံးပစ္လိုက္ပါတယ္။

ကေလးရဲ႕ မိဘေတြက ဒီေငြပမာဏကို ရဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားရွာေဖြထားခဲ့ရတာပါ။ ဒါေပမယ့္ ၁၃ ႏွစ္အ႐ြယ္သမီးျဖစ္သူက ဂိမ္းကို စြဲလမ္းၿပီးေငြေတြအားလုံးကို သုံးပစ္လိုက္တဲ့အခါမွာေတာ့ အရမ္းကို ေရွာ့ရသြားခဲ့ပါေတာ့တယ္။ သမီးျဖစ္သူက ဂိမ္းေဆာ့ဖို႔အတြက္ အေမရဲ႕ဘဏ္ကတ္ကို ဂိမ္းအေကာင့္နဲ႔ ခ်ိတ္ၿပီး သုံးပစ္လိုက္တာပါ။ မိန္းကေလးက အေမရဲ႕ဘဏ္ကတ္ကို ယူၿပီး သုံးေနတာ ၄ လေလာက္ရွိပါၿပီ။ သုံးၿပီးတိုင္းမွာ သုံးထားတဲ့မွတ္တမ္းေတြအားလုံးကိုလည္း ဖ်က္ေလ့ရွိပါတယ္။

မိန္းကေလးရဲ႕ဆရာမက ေက်ာင္းမွာလည္း သူ ဂိမ္းပဲေဆာ့ေနတာကို ေတြ႕မိၿပီးေတာ့ အေမျဖစ္သူကို တိုင္လိုက္ပါတယ္။ ေငြေတြအားလုံးကို သူတစ္ေယာက္တည္းအတြက္ သုံးတာမဟုတ္ပါဘူး။ ေက်ာင္းက သူငယ္ခ်င္းေတြ ဂိမ္းေဆာ့တဲ့အခါ လိုအပ္တဲ့ item ေတြလည္း ဝယ္ေပးလိုက္ပါေသးတယ္။ ေက်ာင္းက သူငယ္ခ်င္းေတြက သူမအေပၚမွာ ဖိအားေတြေပးတဲ့အခါ သူငယ္ခ်င္းေတြ ေက်နပ္ေအာင္လို႔ အေမရဲ႕ဘဏ္ကတ္ကို ယူၿပီး item ေတြဝယ္ေပးခဲ့ေနတာပါ။

ဘဏ္ကတ္ရဲ႕ pin code ေတြကို သမီးျဖစ္သူကို ေပးမိတာ မွားတယ္လို႔ အေမျဖစ္သူက ေျပာပါတယ္။ တကယ္ေတာ့ အဲဒီေငြေတြက တစ္မိသားစုလုံးစာအတြက္ စုေဆာင္းထားတဲ့ေငြေတြျဖစ္ပါတယ္။ ဒါေပမယ့္ သမီးျဖစ္သူကေတာ့ မိဘေတြရဲ႕ေငြေတြကို ၄ လတည္းနဲ႔ ကုန္ေအာင္ သုံးပစ္လိုက္ပါတယ္။

Zombie (lovemedia)