ကမ္ဘာပေါ်မှာ နာမည်တူလည်း မရှားသလို လူတူလည်း မရှားပါဘူး။ Fabio Jackson လို့ခေါ်တဲ့ အသက် ၂၈နှစ်အရွယ်ကောင်လေးက ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်နဲ့တူလို့ နာမည်ကြီးလာခဲ့ပါတယ်။ သူ့ကို သဘောကျသူတွေရှိသလို ဝေဖန်တိုက်ခိုက်သူတွေလည်း မနည်းလှပါဘူး။

Fabio Jackson က UK မှာနေထိုင်ပါတယ်။ မိုက်ကယ်ဂျက်ဆင်နဲ့တူတာကြောင့် တွေ့တဲ့သူတွေက သူ့ကို နှစ်ခါပြန်လှည့်ကြည့်တတ်ကြပါတယ်။ သူက မိုက်ကယ်ဂျက်ဆင်နဲ့ မျက်နှာချင်းဆင်တူရုံမက ဆံပင်ပုံစံချင်းကလည်း တူနေပြန်ပါသေးတယ်။ ဒါ့အပြင် Fabio Jackson ကလည်း အကမှာ သူမတူအောင် ထူးချွန်နေပြန်ပါသေးတယ်။

Fabio Jackson က အွန်လိုင်းမှာ နာမည်ကြီးချင်တာကြောင့် ပလက်စတစ်ဆာဂျရီလုပ်ထားတယ်လို့ အချို့တွေက စွပ်စွဲကြပါတယ်။ ဒါပေမယ့် Fabio Jackson ကတော့ ဘာပလက်စတစ်ဆာဂျရီမှ မလုပ်ထားကြောင်း အခိုင်အမာပြောထားပါတယ်။

သူရဲ့မျက်နှာက သဘာဝအတိုင်းပဲဖြစ်ကြောင်းကို ငယ်စဉ်ဘဝက ပုံတွေနဲ့ ယှဉ်ပြထားပါတယ်။ အသက်ကြီးလာတဲ့အခါ မေးရိုးတွေ ကားလာပါတယ်။ သူ့ရဲ့ငယ်ဘဝပုံလေးတွေကို တစ်တော့မှာ မကြာခဏ တင်လေ့ရှိပါတယ်။

သူက မိုက်ကယ်ဂျက်ဆင်နဲ့ မျက်နှာချင်းဆင်ပေမယ့် မိုက်ကယ်ဂျက်ဆင်ရဲ့ပရိသတ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိုက်ကယ်ဂျက်ဆင်ရဲ့ အလှူအတန်းတွေနဲ့စိတ်ဓာတ်ခိုင်မာပုံကို သဘောကျတယ်လို့ ဆိုပါတယ်။

ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း Fabio Jackson က နောက်ကို လဲမကျသွားပါဘူး။ Fabio Jackson ကို ဝေဖန်သူတွေရှိသလို အားပေးတဲ့သူတွေကလည်း အများကြီးပါပဲ။ အဲဒါကြောင့် Fabio Jackson က အကောင်းမြင်စိတ်မွေးပြီး ဆက်လက်ကြိုးစားနေဆဲပါ။

Zombie (lovemedia)

for zawgyi

မိုက္ကယ္ဂ်က္ဆင္နဲ႔ တူလြန္းလို႔ ေဝဖန္ခံေနရတဲ့အမ်ိဳးသား

ကမာၻေပၚမွာ နာမည္တူလည္း မရွားသလို လူတူလည္း မရွားပါဘူး။ Fabio Jackson လို႔ေခၚတဲ့ အသက္ ၂၈ႏွစ္အ႐ြယ္ေကာင္ေလးက ေပါ့ဘုရင္ မိုက္ကယ္ဂ်က္ဆင္နဲ႔တူလို႔ နာမည္ႀကီးလာခဲ့ပါတယ္။ သူ႔ကို သေဘာက်သူေတြရွိသလို ေဝဖန္တိုက္ခိုက္သူေတြလည္း မနည္းလွပါဘူး။

Fabio Jackson က UK မွာေနထိုင္ပါတယ္။ မိုက္ကယ္ဂ်က္ဆင္နဲ႔တူတာေၾကာင့္ ေတြ႕တဲ့သူေတြက သူ႔ကို ႏွစ္ခါျပန္လွည့္ၾကည့္တတ္ၾကပါတယ္။ သူက မိုက္ကယ္ဂ်က္ဆင္နဲ႔ မ်က္ႏွာခ်င္းဆင္တူ႐ုံမက ဆံပင္ပုံစံခ်င္းကလည္း တူေနျပန္ပါေသးတယ္။ ဒါ့အျပင္ Fabio Jackson ကလည္း အကမွာ သူမတူေအာင္ ထူးခြၽန္ေနျပန္ပါေသးတယ္။

Fabio Jackson က အြန္လိုင္းမွာ နာမည္ႀကီးခ်င္တာေၾကာင့္ ပလက္စတစ္ဆာဂ်ရီလုပ္ထားတယ္လို႔ အခ်ိဳ႕ေတြက စြပ္စြဲၾကပါတယ္။ ဒါေပမယ့္ Fabio Jackson ကေတာ့ ဘာပလက္စတစ္ဆာဂ်ရီမွ မလုပ္ထားေၾကာင္း အခိုင္အမာေျပာထားပါတယ္။

သူရဲ႕မ်က္ႏွာက သဘာဝအတိုင္းပဲျဖစ္ေၾကာင္းကို ငယ္စဥ္ဘဝက ပုံေတြနဲ႔ ယွဥ္ျပထားပါတယ္။ အသက္ႀကီးလာတဲ့အခါ ေမး႐ိုးေတြ ကားလာပါတယ္။ သူ႔ရဲ႕ငယ္ဘဝပုံေလးေတြကို တစ္ေတာ့မွာ မၾကာခဏ တင္ေလ့ရွိပါတယ္။

သူက မိုက္ကယ္ဂ်က္ဆင္နဲ႔ မ်က္ႏွာခ်င္းဆင္ေပမယ့္ မိုက္ကယ္ဂ်က္ဆင္ရဲ႕ပရိသတ္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ မိုက္ကယ္ဂ်က္ဆင္ရဲ႕ အလႉအတန္းေတြနဲ႔စိတ္ဓာတ္ခိုင္မာပုံကို သေဘာက်တယ္လို႔ ဆိုပါတယ္။

ေဝဖန္မႈေတြ ရွိေနေပမယ့္လည္း Fabio Jackson က ေနာက္ကို လဲမက်သြားပါဘူး။ Fabio Jackson ကို ေဝဖန္သူေတြရွိသလို အားေပးတဲ့သူေတြကလည္း အမ်ားႀကီးပါပဲ။ အဲဒါေၾကာင့္ Fabio Jackson က အေကာင္းျမင္စိတ္ေမြးၿပီး ဆက္လက္ႀကိဳးစားေနဆဲပါ။

Zombie (lovemedia)