ကမ္ဘာပေါ်မှာ လူသားတွေက အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်လည်း လိုက်ပါပြောင်းလဲလာပါတယ်။ ဒါပေမယ့် Shauna Rae ကတော့ အသက်ကြီးသွားပေမယ့် သူမရဲ့ခန္ဓာကိုယ်က အသက် ၈ နှစ်အရွယ်ကလေးရဲ့ခန္ဓာကိုယ်အတိုင်းသာ ရှိနေပါတယ်။

Shauna Rae အသက် ၆ လအရွယ်တုန်းက ဦးနှောက်ကင်ဆာတစ်မျိုးကို ခံစားခဲ့ရပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် ခန္ဓာကိုယ်က ထွားကျိုင်းမလာတော့ပါဘူး။ အသက်ကြီးလာပေမယ့်လည်း ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်အတိုင်းသာ ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း Shauna Rae က ဘဝကို အားမငယ်ဘဲ ပညာတွေ သင်ယူတာ၊ ပျော်စရာတွေ ရှာဖွေတာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ၊ အချစ်ကို စူးစမ်းတာတို့ ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ အသက်က ၂၃ နှစ်ရှိပါပြီ။

Shauna Rae ရဲ့ငယ်စဉ်က ဦးနှောက်ရောဂါက သူမရဲ့ကြီးထွားဖွံ့ဖြိုးမှိုကု အဟန့်အတားဖြစ်စေခဲ့ပါတယ်။ အဲဒါကြောင့် လူအများရဲ့ ဝေဖန်မှုတွေ၊ ထင်မြင်ချက်တွေ၊ မှတ်ချက်ပေးတာတွေကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ မိမိရဲ့ဖြစ်တည်မှုကို လက်ခံသွားနိုင်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။

ဦးနှောက်ရဲ့အောက်ခြေမှာရှိတဲ့ pituitary gland က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့အရာအဖြစ် ရှိနေပါတယ်။ အဲဒီဂလင်းက ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ လူတွေက သူမကို စတွေ့တွေ့ချင်းမှာဆိုရင် ကလေးတစ်ယောက်လိုပဲ ဆက်ဆံကြပါတယ်။

Shauna Rae က ဘဝကို ပျော်ပျော်နေပေမယ့်လည်း အချစ်ရေးမှာတော့ ကံမကောင်းပါဘူး။ ရည်းစားဟောင်း Youtuber က Shauna Rae ကို သူနာမည်ကြီးဖို့သက်သက် အသုံးချသွားခဲ့ပါတယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက် လမ်းခွဲခဲ့လိုက်ပါတယ်။

Shauna Rae က အရမ်းကို စိတ်ဓာတ်ခိုင်မာသူပါ။ ဘယ်အရာကမှ သူမရဲ့ ပျော်စရာအချိန်တွေကို မတားဆီးနိုင်ပါဘူး။ ခန္ဓာကိုယ်အရွယ်အစား သေးပေမယ့်လည်း ရင့်ကျက်ခိုင်မာတဲ့စိတ်ထားရှိပြီး ဘယ်တော့မှ အားမငယ်တတ်သူပါပဲ။

Zombie (lovemedia)

for zawgyi

အသက္ ၂၃ ႏွစ္ရွိေနေပမယ့္လည္း ၈ ႏွစ္အ႐ြယ္ ကေလးခႏၶာကိုယ္နဲ႔ မိန္းကေလး

ကမာၻေပၚမွာ လူသားေတြက အသက္ႀကီးလာတာနဲ႔အမွ် ခႏၶာကိုယ္လည္း လိုက္ပါေျပာင္းလဲလာပါတယ္။ ဒါေပမယ့္ Shauna Rae ကေတာ့ အသက္ႀကီးသြားေပမယ့္ သူမရဲ႕ခႏၶာကိုယ္က အသက္ ၈ ႏွစ္အ႐ြယ္ကေလးရဲ႕ခႏၶာကိုယ္အတိုင္းသာ ရွိေနပါတယ္။

Shauna Rae အသက္ ၆ လအ႐ြယ္တုန္းက ဦးေႏွာက္ကင္ဆာတစ္မ်ိဳးကို ခံစားခဲ့ရၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးအျဖစ္ ခႏၶာကိုယ္က ထြားက်ိဳင္းမလာေတာ့ပါဘူး။ အသက္ႀကီးလာေပမယ့္လည္း ကေလးတစ္ေယာက္ရဲ႕ခႏၶာကိုယ္အတိုင္းသာ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္လည္း Shauna Rae က ဘဝကို အားမငယ္ဘဲ ပညာေတြ သင္ယူတာ၊ ေပ်ာ္စရာေတြ ရွာေဖြတာ၊ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္တာ၊ အခ်စ္ကို စူးစမ္းတာတို႔ ျပဳလုပ္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ သူမရဲ႕ အသက္က ၂၃ ႏွစ္ရွိပါၿပီ။

Shauna Rae ရဲ႕ငယ္စဥ္က ဦးေႏွာက္ေရာဂါက သူမရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈိကု အဟန႔္အတားျဖစ္ေစခဲ့ပါတယ္။ အဲဒါေၾကာင့္ လူအမ်ားရဲ႕ ေဝဖန္မႈေတြ၊ ထင္ျမင္ခ်က္ေတြ၊ မွတ္ခ်က္ေပးတာေတြကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ မိမိရဲ႕ျဖစ္တည္မႈကို လက္ခံသြားႏိုင္ၿပီး ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းခဲ့ပါတယ္။

ဦးေႏွာက္ရဲ႕ေအာက္ေျခမွာရွိတဲ့ pituitary gland က ခႏၶာကိုယ္အတြက္ အေရးႀကီးတဲ့အရာအျဖစ္ ရွိေနပါတယ္။ အဲဒီဂလင္းက ခႏၶာကိုယ္ႀကီးထြားေစတဲ့ ေဟာ္မုန္းကို ထုတ္လုပ္ေပးပါတယ္။ လူေတြက သူမကို စေတြ႕ေတြ႕ခ်င္းမွာဆိုရင္ ကေလးတစ္ေယာက္လိုပဲ ဆက္ဆံၾကပါတယ္။

Shauna Rae က ဘဝကို ေပ်ာ္ေပ်ာ္ေနေပမယ့္လည္း အခ်စ္ေရးမွာေတာ့ ကံမေကာင္းပါဘူး။ ရည္းစားေဟာင္း Youtuber က Shauna Rae ကို သူနာမည္ႀကီးဖို႔သက္သက္ အသုံးခ်သြားခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ သူတို႔ႏွစ္ေယာက္ လမ္းခြဲခဲ့လိုက္ပါတယ္။

Shauna Rae က အရမ္းကို စိတ္ဓာတ္ခိုင္မာသူပါ။ ဘယ္အရာကမွ သူမရဲ႕ ေပ်ာ္စရာအခ်ိန္ေတြကို မတားဆီးႏိုင္ပါဘူး။ ခႏၶာကိုယ္အ႐ြယ္အစား ေသးေပမယ့္လည္း ရင့္က်က္ခိုင္မာတဲ့စိတ္ထားရွိၿပီး ဘယ္ေတာ့မွ အားမငယ္တတ္သူပါပဲ။

Zombie (lovemedia)