အသက် ၂၇ နှစ်အရွယ် Jessica Burko က နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်တာကြောင့် filler ထိုးရာကနေ အိပ်မက်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Jessica က နှုတ်ခမ်း filler ထိုးမယ့်သူတွေအတွက် ပြန်လည်စဉ်းစားသင့်ကြောင်း အကြံပြုထားပါတယ်။

Jessica က အရင်ကလည်း နှုတ်ခမ်း filler ထိုးဖူးပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတော့ တစ်ခါမှ မကြုံတွေ့ရခဲ့ပါဘူး။ Filler ထိုးပြီးတစ်နှစ်အကြာမှာ သူမရဲ့နှုတ်ခမ်းအရောင်ကို ပြန်တင်ချင်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အခမဲ့ filler ထိုးခွင့်ရမယ့်မဲကို ပေါက်ပြီး နှုတ်ခမ်းကို နောက်တစ်ကြိမ် filler ထိုးလိုက်ပါတယ်။

Fillerထိုးထိုးပြီးချင်းမှာတော့ နှုတ်ခမ်းကို ရောင်တယ်လို့ပဲ ထင်ခဲ့တာပါ။ နောက်ရက်တွေမှာလည်း ဒီလိုပဲ ဆက်ဖြစ်နေတာကြောင့် ဆရာဝန်ကို ပြန်သွားပြတဲ့အခါ နှုတ်ခမ်းက ပိုဆိုးလာပါတယ်။ Filler အရည်တွေကို ပျော်ဝင်သွားအောင်လို့ ဆေးခန်းကို ထပ်သွားပေမယ့်လည်း နှုတ်ခမ်းရောင်တာက လုံးဝလျော့မသွားပါဘူး။

ကံကောင်းချင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တွေ့ပြီး နှုတ်ခမ်းကို ပုံမှန်အရွယ်အစားဖြစ်အောင် ပြန်လုပ်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် Jessica က သူမရဲ့အတွေ့အကြုံနဲ့ရင်းပြီး အခမဲ့ရတဲ့အလှအပကုန်ပစ္စည်းတွေကို ဘယ်တော့မှမစမ်းသပ်ဖို့ မျှဝေထားပါတယ်။

အကယ်၍ သူမလိုမျိုး နှုတ်ခမ်းက အရောင်မကျဘဲ ရက်အနည်းငယ်ကြာ ရှိနေရင်လည်း ဆေးခန်းကို မြန်မြန်ပြန်သွားပြသင့်ကြောင်းအကြံပြုထားပါတယ်။ ယနေ့ခေတ်မှာ ပြုပြင်လို့ရတဲ့အလှအပတွေက ပေါများလာပေမယ့် တစ်ဖက်မှာလည်း အန္တရာယ်တွေ ရှိနေနိုင်ပါသေးတယ်။

vdo

@jessicacaileyburko Smh 🤦🏻‍♀️ #fyp #trending #cosmeticnightmares ♬ Worsaaaaa - ✨Kae Da Don✨

Zombie (lovemedia)

for zawgyi

ႏႈတ္ခမ္းဖူးဖူးေလးရေအာင္လို႔ filler ထိုးခ်င္သူေတြအတြက္ ျပန္လည္စဥ္းစားသင့္ေၾကာင္း အႀကံေပးထားတဲ့မိန္းကေလး

အသက္ ၂၇ ႏွစ္အ႐ြယ္ Jessica Burko က ႏႈတ္ခမ္းဖူးဖူးေလး ျဖစ္ခ်င္တာေၾကာင့္ filler ထိုးရာကေန အိပ္မက္ဆိုးႀကီးနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ Jessica က ႏႈတ္ခမ္း filler ထိုးမယ့္သူေတြအတြက္ ျပန္လည္စဥ္းစားသင့္ေၾကာင္း အႀကံျပဳထားပါတယ္။

Jessica က အရင္ကလည္း ႏႈတ္ခမ္း filler ထိုးဖူးပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးေတာ့ တစ္ခါမွ မႀကဳံေတြ႕ရခဲ့ပါဘူး။ Filler ထိုးၿပီးတစ္ႏွစ္အၾကာမွာ သူမရဲ႕ႏႈတ္ခမ္းအေရာင္ကို ျပန္တင္ခ်င္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ အခမဲ့ filler ထိုးခြင့္ရမယ့္မဲကို ေပါက္ၿပီး ႏႈတ္ခမ္းကို ေနာက္တစ္ႀကိမ္ filler ထိုးလိုက္ပါတယ္။

Fillerထိုးထိုးၿပီးခ်င္းမွာေတာ့ ႏႈတ္ခမ္းကို ေရာင္တယ္လို႔ပဲ ထင္ခဲ့တာပါ။ ေနာက္ရက္ေတြမွာလည္း ဒီလိုပဲ ဆက္ျဖစ္ေနတာေၾကာင့္ ဆရာဝန္ကို ျပန္သြားျပတဲ့အခါ ႏႈတ္ခမ္းက ပိုဆိုးလာပါတယ္။ Filler အရည္ေတြကို ေပ်ာ္ဝင္သြားေအာင္လို႔ ေဆးခန္းကို ထပ္သြားေပမယ့္လည္း ႏႈတ္ခမ္းေရာင္တာက လုံးဝေလ်ာ့မသြားပါဘူး။

ကံေကာင္းခ်င္ေတာ့ ကြၽမ္းက်င္တဲ့ဆရာဝန္နဲ႔ေတြ႕ၿပီး ႏႈတ္ခမ္းကို ပုံမွန္အ႐ြယ္အစားျဖစ္ေအာင္ ျပန္လုပ္ႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ Jessica က သူမရဲ႕အေတြ႕အႀကဳံနဲ႔ရင္းၿပီး အခမဲ့ရတဲ့အလွအပကုန္ပစၥည္းေတြကို ဘယ္ေတာ့မွမစမ္းသပ္ဖို႔ မွ်ေဝထားပါတယ္။

အကယ္၍ သူမလိုမ်ိဳး ႏႈတ္ခမ္းက အေရာင္မက်ဘဲ ရက္အနည္းငယ္ၾကာ ရွိေနရင္လည္း ေဆးခန္းကို ျမန္ျမန္ျပန္သြားျပသင့္ေၾကာင္းအႀကံျပဳထားပါတယ္။ ယေန႔ေခတ္မွာ ျပဳျပင္လို႔ရတဲ့အလွအပေတြက ေပါမ်ားလာေပမယ့္ တစ္ဖက္မွာလည္း အႏၲရာယ္ေတြ ရွိေနႏိုင္ပါေသးတယ္။

Zombie (lovemedia)