BelAZ-75710 လို့ခေါ်တဲ့ Belarussain ultra-class ထရပ်ကားက လွန်ခဲ့တဲ့ ၁၀ နှစ်လုံးအတွက် ကမ္ဘာအကြီးဆုံးကားဖြစ်ခဲ့ပါတယ်။

ဒီကားကိုတော့ ၂၀၁၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ဒီလိုကားပုံစံမျိုးကို ယခင်က သတ္တုတူးဖော်ရေးမှာ အသုံးပြုဖို့အတွက် ထုတ်လုပ်ခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ကျရှုံးသွားခဲ့တဲ့အခါ အနောက်တိုင်းက ကားကုမ္ပဏီတွေက ကမ္ဘာ့အကြီးဆုံးကားဆိုပြီးတော့ ထုတ်လုပ်လာခဲ့ကြပါတယ်။

BelAZ-75710 ကားက သူ့ရဲ့အလေးချိန်သက်သက်တင် ၃၆၀တန်ရှိပါတယ်။ ဒါကြောင့် အရင် BelAZမော်ဒယ်တွေထက် ပိုပြီးတော့ ကြီးပါတယ်။ အရင် BelAZ-7560 က တန်ချိန် ၂၄၀ သာရှိပါတယ်။ ကားရဲ့အရှည်က ၂၀ မီတာရှိပြီး အကျယ်ကတော့ ၉.၇ မီတာရှိပါတယ်။ အမြင့်က ၈.၂ မီတာ ရှိပါတယ်။

အဲဒါကြောင့် ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံးကားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ BelAZ-75710 ကားရဲ့ အမြင့်ဆုံးသယ်ယူနိုင်တဲ့ ပမာဏကတော့ ၄၅၀ တန်ရှိကြောင်း ထုတ်လုပ်တဲ့ကုမ္ပဏီက ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ BelAZ-75710 ကားက တန်ချိန် ၅၀၃.၅တန်ကိုတောင် သယ်ဆောင်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးကားဖြစ်တဲ့ BelAZ-75710 ကို hybrid စနစ်နဲ့ဖြစ်ပြီးတော့ MTU DD16V4000V16 ဒီဇယ်အင်ဂျင်နှစ်လုံးပါဝင်ပါတယ်။ အင်ဂျင်တစ်လုံးစီတိုင်းက ၁၇၀၀ ကီလီုဝပ်ကို မောင်းနှင်နိုင်ပါတယ်။

ကားက ကြီးပေမယ့်လည်း ကုန်ပစ္စည်းမပါရင် တစ်နာရီကို ၃၇ မိုင် သွားနိုင်ပြီး ပစ္စည်းတွေ ပါရင်တော့ တစ်နာရီကို ၂၇ မိုင် မောင်းနှင်နိုင်ပါတယ်။ ယခုလောလောဆယ်မှာတော့ BelAZ-75710 ကားတွေကို ရုရှားနိုင်ငံမှာသာ အသုံးပြုနေကြပါတယ်။

vdo

Zombie (lovemedia)

for zawgyi

တန္ခ်ိန္ ၅၀၀ ကို သယ္ေဆာင္ႏိုင္တဲ့ ကမာၻ႔အႀကီးဆုံးကား

BelAZ-75710 လို႔ေခၚတဲ့ Belarussain ultra-class ထရပ္ကားက လြန္ခဲ့တဲ့ ၁၀ ႏွစ္လုံးအတြက္ ကမာၻအႀကီးဆုံးကားျဖစ္ခဲ့ပါတယ္။

ဒီကားကိုေတာ့ ၂၀၁၃ ခုႏွစ္မွာ ထုတ္လုပ္ခဲ့ပါတယ္။ ဒီလိုကားပုံစံမ်ိဳးကို ယခင္က သတၱဳတူးေဖာ္ေရးမွာ အသုံးျပဳဖို႔အတြက္ ထုတ္လုပ္ခဲ့ပါတယ္။ ဆိုဗီယက္ျပည္ေထာင္စု က်ရႈံးသြားခဲ့တဲ့အခါ အေနာက္တိုင္းက ကားကုမၸဏီေတြက ကမာၻ႔အႀကီးဆုံးကားဆိုၿပီးေတာ့ ထုတ္လုပ္လာခဲ့ၾကပါတယ္။

BelAZ-75710 ကားက သူ႔ရဲ႕အေလးခ်ိန္သက္သက္တင္ ၃၆၀တန္ရွိပါတယ္။ ဒါေၾကာင့္ အရင္ BelAZေမာ္ဒယ္ေတြထက္ ပိုၿပီးေတာ့ ႀကီးပါတယ္။ အရင္ BelAZ-7560 က တန္ခ်ိန္ ၂၄၀ သာရွိပါတယ္။ ကားရဲ႕အရွည္က ၂၀ မီတာရွိၿပီး အက်ယ္ကေတာ့ ၉.၇ မီတာရွိပါတယ္။ အျမင့္က ၈.၂ မီတာ ရွိပါတယ္။

အဲဒါေၾကာင့္ ၂၀၁၄ ခုႏွစ္မွာ ကမာၻ႔အႀကီးဆုံးကားအျဖစ္ ဂင္းနစ္မွတ္တမ္းဝင္သြားခဲ့ပါတယ္။ BelAZ-75710 ကားရဲ႕ အျမင့္ဆုံးသယ္ယူႏိုင္တဲ့ ပမာဏကေတာ့ ၄၅၀ တန္ရွိေၾကာင္း ထုတ္လုပ္တဲ့ကုမၸဏီက ေဖာ္ျပထားပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ BelAZ-75710 ကားက တန္ခ်ိန္ ၅၀၃.၅တန္ကိုေတာင္ သယ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ကမာၻ႔အႀကီးဆုံးကားျဖစ္တဲ့ BelAZ-75710 ကို hybrid စနစ္နဲ႔ျဖစ္ၿပီးေတာ့ MTU DD16V4000V16 ဒီဇယ္အင္ဂ်င္ႏွစ္လုံးပါဝင္ပါတယ္။ အင္ဂ်င္တစ္လုံးစီတိုင္းက ၁၇၀၀ ကီလီုဝပ္ကို ေမာင္းႏွင္ႏိုင္ပါတယ္။

ကားက ႀကီးေပမယ့္လည္း ကုန္ပစၥည္းမပါရင္ တစ္နာရီကို ၃၇ မိုင္ သြားႏိုင္ၿပီး ပစၥည္းေတြ ပါရင္ေတာ့ တစ္နာရီကို ၂၇ မိုင္ ေမာင္းႏွင္ႏိုင္ပါတယ္။ ယခုေလာေလာဆယ္မွာေတာ့ BelAZ-75710 ကားေတြကို ႐ုရွားႏိုင္ငံမွာသာ အသုံးျပဳေနၾကပါတယ္။

Zombie (lovemedia)