The Pirates of the Caribbean စီးရီးအတွက် မင်းသားကြီး Johnny Depp ပြန်လည်ရိုက်ကူးဖို့ ပရိသတ်တွေက အချိန်အတော်ကြာ မျှော်လင့်နေခဲ့ကြပါတယ်။ ဒါပေမယ့် Johnny Depp ကတော့ Jack Sparrow နေရာကို ဘယ်တော့မှာ ရိုက်ကူးတော့မှာ မဟုတ်ဘူးလို့ ငြင်းဆိုလိုပါတယ်။

Johnny Depp က ဇနီးဟောင်း Amber Heard နဲ့ အမှုရင်ဆိုင်နေတုန်းမှာ Disney က Johnny Depp နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်ပစ်လိုက်ပြီး အရှက်တွေလည်း ခွဲခဲ့ပါတယ်။

Johnny Depp က သူ အပြစ်မရှိကြောင်း ကမ္ဘာကို ပြသပြီးနောက်မှာတော့ Disney ရုပ်ရှင်ထုတ်လုပ်ရေးက ပြန်လည်သရုပ်ဆောင်ပေးဖို့ ဒေါ်လာသန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် Johnny Depp ကတော့ လုံးဝကို ငြင်းချလိုက်ပါတယ်။

အဲဒါကြောင့် Jack Sparrow နေရာမှာ Johnny Depp ကို ဘယ်တော့မှ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Johnny Depp အမှုရင်မဆိုင်ရခင် Warner Bros ထုတ်လုပ်ရေးက Fantastic Beasts အဆက်ရိုက်ကူးဖို့ စီစဉ်ခဲ့ပါသေးတယ်။

အမှုရင်ဆိုင်ရတုန်းမှာ သူ့ကို ပယ်ချခဲ့ပြီး အခုတော့ ပြန်ကမ်းလှမ်းခဲ့ပါတယ်။ ဒါရိုက်တာက Johnny Depp ကို မင်းသားတင်ရိုက်ကူးပေးခဲ့တဲ့ မိတ်ဆွေရင်း Tim Burton ပါ။ Tim Burton ရဲ့ကလေးတွေကို Johnny Depp က ခေါင်းကိုင်ဖခင်အဖြစ် လုပ်ပေးဖူးတဲ့အထိ ရင်းနှီးပါတယ်။

အပြစ်မရှိကြောင်း သက်သေပြပြီးတဲ့ Johnny Depp ကတော့ အခုချိန်မှာ သူ့ရဲ့အလုပ်တွေကို ပြန်လည် လုပ်နေပါပြီ။ အဓိကအနေနဲ့ ဂီတဘက်မှာ ပိုမိုအားထည့်သွားမယ်လို့ဆိုပါတယ်။ သူ့ရဲ့ဘေးမှာ သူငယ်ချင်‌ကောင်း Paul Bettany ကလည်း ရှိနေပေးပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်အပြီးမှာ Johnny Depp က ညစာစားပွဲတွေကိုလည်း တက်ရောက်လာပါတယ်။ Johnny Depp က အမှုရင်ဆိုင်နေရစဉ်အတွင်း အပြောင်းအလဲများစွာ၊ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသူပါ။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ မျှော်လင့်နေတဲ့ The Pirates of the Caribbean မှာတော့ Johnny Depp က ပါဝင်တော့မှာမဟုတ်ပါဘူး။

Zombie (lovemedia)

for zawgyi

The Pirates of the Caribbean စီးရီးမွာ သ႐ုပ္ေဆာင္ဖို႔ ျငင္းပယ္လိုက္တဲ့ Johnny Depp

The Pirates of the Caribbean စီးရီးအတြက္ မင္းသားႀကီး Johnny Depp ျပန္လည္႐ိုက္ကူးဖို႔ ပရိသတ္ေတြက အခ်ိန္အေတာ္ၾကာ ေမွ်ာ္လင့္ေနခဲ့ၾကပါတယ္။ ဒါေပမယ့္ Johnny Depp ကေတာ့ Jack Sparrow ေနရာကို ဘယ္ေတာ့မွာ ႐ိုက္ကူးေတာ့မွာ မဟုတ္ဘူးလို႔ ျငင္းဆိုလိုပါတယ္။

Johnny Depp က ဇနီးေဟာင္း Amber Heard နဲ႔ အမႈရင္ဆိုင္ေနတုန္းမွာ Disney က Johnny Depp နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြကို ဖ်က္ပစ္လိုက္ၿပီး အရွက္ေတြလည္း ခြဲခဲ့ပါတယ္။ Johnny Depp က သူ အျပစ္မရွိေၾကာင္း ကမာၻကို ျပသၿပီးေနာက္မွာေတာ့ Disney ႐ုပ္ရွင္ထုတ္လုပ္ေရးက ျပန္လည္သ႐ုပ္ေဆာင္ေပးဖို႔ ေဒၚလာသန္း ၂၀ နဲ႔ ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္ Johnny Depp ကေတာ့ လုံးဝကို ျငင္းခ်လိုက္ပါတယ္။

အဲဒါေၾကာင့္ Jack Sparrow ေနရာမွာ Johnny Depp ကို ဘယ္ေတာ့မွ ျမင္ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ Johnny Depp အမႈရင္မဆိုင္ရခင္ Warner Bros ထုတ္လုပ္ေရးက Fantastic Beasts အဆက္႐ိုက္ကူးဖို႔ စီစဥ္ခဲ့ပါေသးတယ္။ အမႈရင္ဆိုင္ရတုန္းမွာ သူ႔ကို ပယ္ခ်ခဲ့ၿပီး အခုေတာ့ ျပန္ကမ္းလွမ္းခဲ့ပါတယ္။ ဒါ႐ိုက္တာက Johnny Depp ကို မင္းသားတင္႐ိုက္ကူးေပးခဲ့တဲ့ မိတ္ေဆြရင္း Tim Burton ပါ။ Tim Burton ရဲ႕ကေလးေတြကို Johnny Depp က ေခါင္းကိုင္ဖခင္အျဖစ္ လုပ္ေပးဖူးတဲ့အထိ ရင္းႏွီးပါတယ္။

အျပစ္မရွိေၾကာင္း သက္ေသျပၿပီးတဲ့ Johnny Depp ကေတာ့ အခုခ်ိန္မွာ သူ႔ရဲ႕အလုပ္ေတြကို ျပန္လည္ လုပ္ေနပါၿပီ။ အဓိကအေနနဲ႔ ဂီတဘက္မွာ ပိုမိုအားထည့္သြားမယ္လို႔ဆိုပါတယ္။ သူ႔ရဲ႕ေဘးမွာ သူငယ္ခ်င္‌ေကာင္း Paul Bettany ကလည္း ရွိေနေပးပါတယ္။

ကိန္း႐ုပ္ရွင္ပြဲေတာ္အၿပီးမွာ Johnny Depp က ညစာစားပြဲေတြကိုလည္း တက္ေရာက္လာပါတယ္။ Johnny Depp က အမႈရင္ဆိုင္ေနရစဥ္အတြင္း အေျပာင္းအလဲမ်ားစြာ၊ အခက္အခဲမ်ားစြာကို ရင္ဆိုင္ခဲ့ရသူပါ။ ဒါေပမယ့္ ကမာၻတစ္ဝွမ္းက ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ The Pirates of the Caribbean မွာေတာ့ Johnny Depp က ပါဝင္ေတာ့မွာမဟုတ္ပါဘူး။

Zombie (lovemedia)