ကမ္ဘာပေါ်မှာ ခမ်းနားလှပတဲ့ဟိုတယ်တွေ အများကြီးထဲကမှ ဒီဟိုတယ်ကတော့ မြေအောက်မှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အသုံးမပြုတော့တဲ့ Cwmorthin သတ္တုတွင်းကို ဟိုတယ်အဖြစ် ပြောင်းလဲထားခဲ့ပါတယ်။ ဆွီဒင်နိုင်ငံမှာရှိတဲ့ Snowdonia တောင်ရဲ့ အောက်ခြေ ၄၁၉ မီတာမှာ "Deep Sleep" ဆိုတဲ့ဟိုတယ်တစ်လုံးရှိပါတယ်။

အခြားသောဟိုတယ်တွေနဲ့တော့ လုံးဝမတူပါဘူး။ အဲဒါကြောင့် ကမ္ဘာ့မြေအောက်မှာ အနက်ဆုံးရောက်နေတဲ့ဟိုတယ်လို့ သတ်မှတ်ကြပါတယ်။ ဟိုတယ်မှာတော့ ထမင်းစားခန်းလည်း ပါဝင်ပါတယ်။ တစ်ညကို ၆၈၈ ဒေါ်လာနဲ့ တည်းခိုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်က သတ္တုတူးဖော်တဲ့နေရာတွေကိုပါ လေ့လာခွင့်ရမှာဖြစ်ပါတယ်။

Deep Sleep ဟိုတယ်ကို ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဒါပေမယ့် တစ်ပတ်မှာ တစ်ရက်သာဖွင့်ပေးပါတယ်။ စနေနေ့ညမှသာ ဒီဟိုတယ်မှာ တည်းခိုနိုင်မှာပါ။ ဟိုတယ်က Blaenau Ffestinog မြို့နားမှာ တည်ရှိပါတယ်။ အဲဒါကြောင့် အတွေ့အကြုံရှိတဲ့ခရီးသွားလမ်းညွှန်တွေက မြေအောက်ဟိုတယ်ကို သေချာလမ်းပြပေးနိုင်ပါတယ်။

တောင်ကို ၄၅ မိနစ်ခန့် ဖြတ်သန်းသွားပြီးနောက်မှာတော့ မြေအောက်ဟိုတယ်ရဲ့အပေါက်ဝကို ရောက်ပါပြီ။ နောက်ထပ်တစ်နာရီခန့် သတ္တုတွင်းထဲကို ဖြတ်သန်းသွားပြီးမှာတော့ ဟိုတယ်ထဲကို ရောက်ရှိမှာပါ။ ဟိုတယ်ကို သွားတဲ့လမ်းမှာ စွန့်ပစ်ထားတဲ့ တံတားတွေ၊ လှည်းတွေကိုလည်း တွေ့ရမှာပါ။

ဟိုတယ်ထဲကို ရောက်တာနဲ့တစ်ပြိုင်နက် ခန္ဓာကိုယ်နွေးသွားစေဖို့ သောက်စရာနဲ့ ဧည့်ခံပါတယ်။ ဟိုတယ်က မြေအောက်မှာရှိတာကြောင့် အပူချိန်က တစ်နှစ်လုံး ၁၀ ဒီဂရီစင်တီဂရိတ်သာ ရှိပါတယ်။ မြေအောက်ဖြစ်ပေမယ့် လျှပ်စစ်မီးလည်း ရသလို 4G အင်တာနက်လည်း ရပါသေးတယ်။

အဲဒါကြောင့် ကမ္ဘာ့မြေအောက်မှာဆောက်ထားတဲ့ ဟိုတယ်ကို သွားလည်မယ်ဆိုရင် စနေနေ့ညမတိုင်မီ check-in ဖို့ မမေ့ပါနဲ့နော်။

vdo

Zombie (lovemedia)

for zawgyi

ကမာၻေျမႀကီးရဲ႕ေျမေအာက္ ၁၃၇၅ ေပမွာ တည္ေဆာက္ထားတဲ့ ဟိုတယ္

ကမာၻေပၚမွာ ခမ္းနားလွပတဲ့ဟိုတယ္ေတြ အမ်ားႀကီးထဲကမွ ဒီဟိုတယ္ကေတာ့ ေျမေအာက္မွာ ေဆာက္လုပ္ထားတာ ျဖစ္ပါတယ္။ အသုံးမျပဳေတာ့တဲ့ Cwmorthin သတၱဳတြင္းကို ဟိုတယ္အျဖစ္ ေျပာင္းလဲထားခဲ့ပါတယ္။ ဆြီဒင္ႏိုင္ငံမွာရွိတဲ့ Snowdonia ေတာင္ရဲ႕ ေအာက္ေျခ ၄၁၉ မီတာမွာ "Deep Sleep" ဆိုတဲ့ဟိုတယ္တစ္လုံးရွိပါတယ္။

အျခားေသာဟိုတယ္ေတြနဲ႔ေတာ့ လုံးဝမတူပါဘူး။ အဲဒါေၾကာင့္ ကမာၻ႔ေျမေအာက္မွာ အနက္ဆုံးေရာက္ေနတဲ့ဟိုတယ္လို႔ သတ္မွတ္ၾကပါတယ္။ ဟိုတယ္မွာေတာ့ ထမင္းစားခန္းလည္း ပါဝင္ပါတယ္။ တစ္ညကို ၆၈၈ ေဒၚလာနဲ႔ တည္းခိုႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အရင္က သတၱဳတူးေဖာ္တဲ့ေနရာေတြကိုပါ ေလ့လာခြင့္ရမွာျဖစ္ပါတယ္။

Deep Sleep ဟိုတယ္ကို ဧၿပီလမွာ စတင္ဖြင့္လွစ္ခဲ့တာပါ။ ဒါေပမယ့္ တစ္ပတ္မွာ တစ္ရက္သာဖြင့္ေပးပါတယ္။ စေနေန႔ညမွသာ ဒီဟိုတယ္မွာ တည္းခိုႏိုင္မွာပါ။ ဟိုတယ္က Blaenau Ffestinog ၿမိဳ႕နားမွာ တည္ရွိပါတယ္။ အဲဒါေၾကာင့္ အေတြ႕အႀကဳံရွိတဲ့ခရီးသြားလမ္းၫႊန္ေတြက ေျမေအာက္ဟိုတယ္ကို ေသခ်ာလမ္းျပေပးႏိုင္ပါတယ္။

ေတာင္ကို ၄၅ မိနစ္ခန႔္ ျဖတ္သန္းသြားၿပီးေနာက္မွာေတာ့ ေျမေအာက္ဟိုတယ္ရဲ႕အေပါက္ဝကို ေရာက္ပါၿပီ။ ေနာက္ထပ္တစ္နာရီခန႔္ သတၱဳတြင္းထဲကို ျဖတ္သန္းသြားၿပီးမွာေတာ့ ဟိုတယ္ထဲကို ေရာက္ရွိမွာပါ။ ဟိုတယ္ကို သြားတဲ့လမ္းမွာ စြန႔္ပစ္ထားတဲ့ တံတားေတြ၊ လွည္းေတြကိုလည္း ေတြ႕ရမွာပါ။

ဟိုတယ္ထဲကို ေရာက္တာနဲ႔တစ္ၿပိဳင္နက္ ခႏၶာကိုယ္ေႏြးသြားေစဖို႔ ေသာက္စရာနဲ႔ ဧည့္ခံပါတယ္။ ဟိုတယ္က ေျမေအာက္မွာရွိတာေၾကာင့္ အပူခ်ိန္က တစ္ႏွစ္လုံး ၁၀ ဒီဂရီစင္တီဂရိတ္သာ ရွိပါတယ္။ ေျမေအာက္ျဖစ္ေပမယ့္ လွ်ပ္စစ္မီးလည္း ရသလို 4G အင္တာနက္လည္း ရပါေသးတယ္။

အဲဒါေၾကာင့္ ကမာၻ႔ေျမေအာက္မွာေဆာက္ထားတဲ့ ဟိုတယ္ကို သြားလည္မယ္ဆိုရင္ စေနေန႔ညမတိုင္မီ check-in ဖို႔ မေမ့ပါနဲ႔ေနာ္။

Zombie (lovemedia)