TV ကြည့်နေရင်းနဲ့ပဲဖြစ်ဖြစ်၊ နေရာသစ်တစ်ခုခုကို ရောက်သွားတာပဲဖြစ်ဖြစ် ရောက်ဖူးသလို မြင်ဖူးသလို ခံစားချက်မျိုးကို လူတိုင်းနီးပါးကြုံဖူးကြပါတယ်။ အဲဒါကိုတော့ deja vecu လို့ ခေါ်ကြပါတယ်။

အသက် ၈၀အရွယ်ရှိတဲ့အဘိုးအိုတစ်ဦးကတော့ နေ့စဉ်နီးပါး ဖြစ်ပြီးသားအရာတွေကိုပဲ ထပ်ခါထပ်ခါကြုံတွေ့နေရတဲ့ရောဂါကို ခံစားနေရပါတယ်။ အဘိုးက အယ်လ်ဇိုင်းမားရောဂါကိုလည်း ခံစားနေရပြီး နေ့စဉ် စိတ်ထဲမှာ အရင်က အဖြစ်အပျက်တွေကို ပြန်လည်ကြုံတွေ့နေရပါတယ်။

ဘယ်နေရာကိုပဲသွားသွား တွေ့ပြီးသားလူတွေ၊ မြင်ဖူးပြီးသားအရာတွေလိုသာ ခံစားနေရပါတယ်။ တွေ့ရတဲ့လူတွေကလည်း အဲဒီအဝတ်အစားတစ်မျိုးတစ်တည်းကိုသာ ဝတ်ဆင်ထားသလို မြင်တွေ့နေရတာပါ။

အဘိုးက တီဗွီကြည့်နေရင်းနဲ့ ကြည့်ပြီးသားတွေပဲ ထပ်ခါထပ်ခါလာနေတာကြောင့် တီဗွီပြင်တဲ့ဆရာဆီကိုသွားပြီး ပြင်ခိုင်းပါသေးတယ်။ တကယ်တော့ သူ့ရဲ့စိတ်ထဲမှာ မနေ့ကအကြောင်းအရာ၊ အရင်က အကြောင်းအရာတွေကိုသာ ထပ်ခါထပ်ခါ မြင်နေရတာပါ။ ဒါ့အပြင် စာဖတ်ရင်လည်း အခြားစာမျက်နှာတွေကို လှန်ပေမယ့် ဖတ်ပြီးသားစာမျက်နှာကိုသာ စိတ်ထဲက မြင်နေပါတယ်။ မိသားစုဝင်တွေက အဘိုးကို ရှင်းပြပေမယ့်လည်း အဘိုးက လက်မခံနိုင်ခဲ့ပါဘူး။

အဘိုးရဲ့ဦးနှောက်ထဲက cerebrospinal အရည်ကို စစ်ဆေးကြည့်တဲ့အခါ protein amyloid beta-42 က လျော့နည်းနေပြီး tau protein က များပြားနေပါတယ်။ အဲဒါကြောင့် အယ်လ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေနိုင်တယ်လို့ မှန်းဆကြပါတယ်။

သိပ္ပံပညာရှင်တွေကတော့ နေ့စဉ် deja vecu ဖြစ်နေတဲ့အကြောင်းအရင်းကို သေချာရှာမတွေ့သေးပါဘူး။ ဦးနှောက်ရဲ့ရေတိုမှတ်ဉာဏ်ကနေ ရေရှည်မှတ်ဉာဏ်အဖြစ်ပြောင်းလဲရာမှာ ပြဿနာရှိတယ်လို့သာ ယုံကြည်ကြပါတယ်။ deja vecu ခံစားနေရသူတွေဟာ ပြင်ပလောကမှာ ဘာတွေဖြစ်နေလဲဆိုတာကို သတိမထားမိဘဲ အာရုံထဲမှာ မြင်ပြီးသားအရာတွေကိုသာ မြင်နေရပါတယ်။

Zombie (lovemedia)

for zawgyi

အရင္က အျဖစ္အပ်က္ေတြကိုပဲ ေန႔စဥ္ျပန္ျမင္ေနတဲ့ေရာဂါ ခံစားေနရတဲ့အဘိုး

TV ၾကည့္ေနရင္းနဲ႔ပဲျဖစ္ျဖစ္၊ ေနရာသစ္တစ္ခုခုကို ေရာက္သြားတာပဲျဖစ္ျဖစ္ ေရာက္ဖူးသလို ျမင္ဖူးသလို ခံစားခ်က္မ်ိဳးကို လူတိုင္းနီးပါးႀကဳံဖူးၾကပါတယ္။ အဲဒါကိုေတာ့ deja vecu လို႔ ေခၚၾကပါတယ္။

အသက္ ၈၀အ႐ြယ္ရွိတဲ့အဘိုးအိုတစ္ဦးကေတာ့ ေန႔စဥ္နီးပါး ျဖစ္ၿပီးသားအရာေတြကိုပဲ ထပ္ခါထပ္ခါႀကဳံေတြ႕ေနရတဲ့ေရာဂါကို ခံစားေနရပါတယ္။ အဘိုးက အယ္လ္ဇိုင္းမားေရာဂါကိုလည္း ခံစားေနရၿပီး ေန႔စဥ္ စိတ္ထဲမွာ အရင္က အျဖစ္အပ်က္ေတြကို ျပန္လည္ႀကဳံေတြ႕ေနရပါတယ္။ ဘယ္ေနရာကိုပဲသြားသြား ေတြ႕ၿပီးသားလူေတြ၊ ျမင္ဖူးၿပီးသားအရာေတြလိုသာ ခံစားေနရပါတယ္။ ေတြ႕ရတဲ့လူေတြကလည္း အဲဒီအဝတ္အစားတစ္မ်ိဳးတစ္တည္းကိုသာ ဝတ္ဆင္ထားသလို ျမင္ေတြ႕ေနရတာပါ။

အဘိုးက တီဗြီၾကည့္ေနရင္းနဲ႔ ၾကည့္ၿပီးသားေတြပဲ ထပ္ခါထပ္ခါလာေနတာေၾကာင့္ တီဗြီျပင္တဲ့ဆရာဆီကိုသြားၿပီး ျပင္ခိုင္းပါေသးတယ္။ တကယ္ေတာ့ သူ႔ရဲ႕စိတ္ထဲမွာ မေန႔ကအေၾကာင္းအရာ၊ အရင္က အေၾကာင္းအရာေတြကိုသာ ထပ္ခါထပ္ခါ ျမင္ေနရတာပါ။ ဒါ့အျပင္ စာဖတ္ရင္လည္း အျခားစာမ်က္ႏွာေတြကို လွန္ေပမယ့္ ဖတ္ၿပီးသားစာမ်က္ႏွာကိုသာ စိတ္ထဲက ျမင္ေနပါတယ္။ မိသားစုဝင္ေတြက အဘိုးကို ရွင္းျပေပမယ့္လည္း အဘိုးက လက္မခံႏိုင္ခဲ့ပါဘူး။

အဘိုးရဲ႕ဦးေႏွာက္ထဲက cerebrospinal အရည္ကို စစ္ေဆးၾကည့္တဲ့အခါ protein amyloid beta-42 က ေလ်ာ့နည္းေနၿပီး tau protein က မ်ားျပားေနပါတယ္။ အဲဒါေၾကာင့္ အယ္လ္ဇိုင္းမားေရာဂါနဲ႔ ဆက္စပ္ေနႏိုင္တယ္လို႔ မွန္းဆၾကပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ ေန႔စဥ္ deja vecu ျဖစ္ေနတဲ့အေၾကာင္းအရင္းကို ေသခ်ာရွာမေတြ႕ေသးပါဘူး။ ဦးေႏွာက္ရဲ႕ေရတိုမွတ္ဉာဏ္ကေန ေရရွည္မွတ္ဉာဏ္အျဖစ္ေျပာင္းလဲရာမွာ ျပႆနာရွိတယ္လို႔သာ ယုံၾကည္ၾကပါတယ္။ deja vecu ခံစားေနရသူေတြဟာ ျပင္ပေလာကမွာ ဘာေတြျဖစ္ေနလဲဆိုတာကို သတိမထားမိဘဲ အာ႐ုံထဲမွာ ျမင္ၿပီးသားအရာေတြကိုသာ ျမင္ေနရပါတယ္။

Zombie (lovemedia)