Alopecia ဆိုတာကတော့ ဆံပင်တွေအားလုံးကျွတ်သွားတဲ့ ရောဂါတစ်မျိုးပါ။ Chole Marie Bean ဆိုတဲ့အမျိုးသမီးက ဒီလိုရောဂါကို ခံစားရပြီး ဆံပင်တွေအားလုံး ကျွတ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူမက စိတ်ဓာတ်မကျဘဲ ကြိုးစားခဲ့ရာကနေ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် Bean အတွက် ဆံပင်မရှိတာက အိပ်မက်ဆိုးတစ်ခုမဟုတ်တော့ပါဘူး။

Bean က Michigan မှာ ကြီးပြင်းလာပြီးတော့ အခု Arizonaပြည်နယ်မှာ နေထိုင်နေပါပြီ။ ဆံပင်တွေ လုံးဝကျွတ်တဲ့ရောဂါကို အသက် ၈ နှစ်ကတည်က ခံစားခဲ့ရတာပါ။ Alopecia ရောဂါက ကိုယ်ခံအားစနစ်ကို တိုက်ဖျက်တဲ့ရောဂါဖြစ်တာကြောင့် ကိုယ်ခံအားနည်းလာပါတယ်။ အဲဒီကနေ ဆံပင်တွေ ကျွတ်သွားပါတယ်။

အသက်ငယ်ငယ်ကတည်းက ဆံပင်တွေ ကျွတ်တာကြောင့် Bean ရဲ့ဘဝက မလွယ်ကူခဲ့ပါဘူး။ အများရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင် သင်ယူနိုင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လာနိုင်ပြီး အရင်ကထက် စိတ်က ကြည်လင်လာပါတယ်။

Alopecia ရောဂါကြောင့် Bean က ၃ ကြိမ်ခန့် ခေါင်းတုံးတုံးခဲ့ရပါတယ်။ ဆံပင်တွေမရှိတော့တဲ့ Bean ကို သနားတာကြောင့် အစ်မဝမ်းကွဲတွေက သူတို့ရဲ့ဆံပင်အစစ်နဲ့ Bean အတွက် ဆံပင်တုလေး ပြုလုပ်ပေးပါတယ်။

အဲဒီကနေ Bean က စီးပွားရေးလုပ်ဖို့ စိတ်ကူးရသွားခဲ့ပါတယ်။ အခုဆိုရင်တော့ Bean က Baldie Bean Beauty ဆိုတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်နေပါပြီ။ အဲဒီကနေ ဆံပင်အတုတွေနဲ့ မိန်းကလေးအလှအပပစ္စည်းတွေကို ရောင်းချပါတယ်။

ဆံပင်မရှိတာက အမျိုးသမီးတွေရဲ့ စိတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို မဟန့်တားနိုင်ဘူးလို့ Bean က ပြောပါတယ်။ Bean ရဲ့စကားက ကင်ဆာရောဂါကြောင့် ဆံပင်မရှိသူတွေ၊ Alopecia ရောဂါခံစားနေရသူတွေအတွက် အားအင်တွေ ဖြစ်စေပါတယ်။

Zombie (lovemedia)

for zawgyi

ဆံပင္ေတြ အရမ္းကြၽတ္တဲ့ေရာဂါကို ခံစားေနရေပမယ့္လည္း အက်ိဳးအျမတ္ထြက္ေအာင္ ျပဳလုပ္ႏိုင္ခဲ့တဲ့အမ်ိဳးသမီး

Alopecia ဆိုတာကေတာ့ ဆံပင္ေတြအားလုံးကြၽတ္သြားတဲ့ ေရာဂါတစ္မ်ိဳးပါ။ Chole Marie Bean ဆိုတဲ့အမ်ိဳးသမီးက ဒီလိုေရာဂါကို ခံစားရၿပီး ဆံပင္ေတြအားလုံး ကြၽတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ သူမက စိတ္ဓာတ္မက်ဘဲ ႀကိဳးစားခဲ့ရာကေန လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ အခုဆိုရင္ Bean အတြက္ ဆံပင္မရွိတာက အိပ္မက္ဆိုးတစ္ခုမဟုတ္ေတာ့ပါဘူး။

Bean က Michigan မွာ ႀကီးျပင္းလာၿပီးေတာ့ အခု Arizonaျပည္နယ္မွာ ေနထိုင္ေနပါၿပီ။ ဆံပင္ေတြ လုံးဝကြၽတ္တဲ့ေရာဂါကို အသက္ ၈ႏွစ္ကတည္က ခံစားခဲ့ရတာပါ။ Alopecia ေရာဂါက ကိုယ္ခံအားစနစ္ကို တိုက္ဖ်က္တဲ့ေရာဂါျဖစ္တာေၾကာင့္ ကိုယ္ခံအားနည္းလာပါတယ္။ အဲဒီကေန ဆံပင္ေတြ ကြၽတ္သြားပါတယ္။

အသက္ငယ္ငယ္ကတည္းက ဆံပင္ေတြ ကြၽတ္တာေၾကာင့္ Bean ရဲ႕ဘဝက မလြယ္ကူခဲ့ပါဘူး။ အမ်ားရဲ႕ ေလွာင္ေျပာင္မႈေတြကို ခံခဲ့ရပါတယ္။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ေအာင္ သင္ယူႏိုင္ခဲ့ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ခ်စ္သြားတဲ့အခါမွာ ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္လာႏိုင္ၿပီး အရင္ကထက္ စိတ္က ၾကည္လင္လာပါတယ္။

Alopecia ေရာဂါေၾကာင့္ Bean က ၃ ႀကိမ္ခန႔္ ေခါင္းတုံးတုံးခဲ့ရပါတယ္။ ဆံပင္ေတြမရွိေတာ့တဲ့ Bean ကို သနားတာေၾကာင့္ အစ္မဝမ္းကြဲေတြက သူတို႔ရဲ႕ဆံပင္အစစ္နဲ႔ Bean အတြက္ ဆံပင္တုေလး ျပဳလုပ္ေပးပါတယ္။ အဲဒီကေန Bean က စီးပြားေရးလုပ္ဖို႔ စိတ္ကူးရသြားခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Bean က Baldie Bean Beauty ဆိုတဲ့ လုပ္ငန္းတစ္ခုကို ပိုင္ဆိုင္ေနပါၿပီ။ အဲဒီကေန ဆံပင္အတုေတြနဲ႔ မိန္းကေလးအလွအပပစၥည္းေတြကို ေရာင္းခ်ပါတယ္။

ဆံပင္မရွိတာက အမ်ိဳးသမီးေတြရဲ႕ စိတ္ခြန္အားနဲ႔ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈကို မဟန႔္တားႏိုင္ဘူးလို႔ Bean က ေျပာပါတယ္။ Bean ရဲ႕စကားက ကင္ဆာေရာဂါေၾကာင့္ ဆံပင္မရွိသူေတြ၊ Alopecia ေရာဂါခံစားေနရသူေတြအတြက္ အားအင္ေတြ ျဖစ္ေစပါတယ္။

Zombie (lovemedia)