အသင့်စားအစားအစာတွေက ကိုယ်အလေးချိန်ကို သိသိသာသာ တိုးလာစေတဲ့အပြင် ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ အမြဲတမ်းလိုလို စားတဲ့အခါမှာတော့ အဝလွန်ရောဂါနဲ့ အခြားသောရောဂါတွေကို ဖြစ်ပေါ်လာစေမှာပါ။

ဒါပေမယ့် အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ်အမျိုးသားတစ်ယောက်ကတော့ McDonald က ထုတ်တဲ့အသင့်စားအစားအစာတွေကို တစ်နေ့ ၃ ကြိမ်စားပြီး ရက် ၁၀၀ အတွင်း ကိုယ်အလေးချိန် ၆၀ ခန့် လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သင်ဟာ ကိုယ်အလေးချိန် လျှော့ချမယ့်သူဆိုရင် အသင့်စားအစားအစာတွေကို အရင်ဆုံးဖြတ်တောက်ရမှာပါ။ ဒါပေမယ့် သူ့ရဲ့ ဝိတ်ချနည်းကတော့ တစ်မိုးပါ။ Kevin Maginnais ကတော့ အာလူးကြော်၊ ဘာဂါနဲ့အသင့်စားအစာတွေကို တစ်နေ့ ၃ ကြိမ်တောင် စားပါတယ်။

ရက် ၁၀၀ စားပြီးနောက်မှာတော့ ကိုယ်အလေးချိန်က သိသိသာသာ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ်တွေတောင် လျှော့ကျသွားတယ်လို့ ပြောပါတယ်။

အရင်က Kevin မှာ ဆီးချိုရောဂါတောင် ရှိပါတယ်။ သူ့ရဲ့ Tik Tok ဗီဒီယိုကတော့ လူအများကြားမှာ ပျံ့နှံသွားပါတယ်။ အရင်ကတော့ သူ့ရဲ့ကိုယ်အလေးချိန်က ၂၃၈ ပေါင်ရှိပါတယ်။ အခုတော့ ၁၇၉ ပေါင်ပဲ ကျန်ပါတော့တယ်။ ဒီလိုမျိုးသိသိသာသာ ကိုယ်အလေးချိန် ကျသွားတာကြောင့် Kevin ရဲ့ဇနီးကပါ သူ့နည်းအတိုင်း လိုက်စားတော့မှာပါ။

Kevin စားတဲ့ အသင့်စား အစားစာတွေကို တစ်ဝက်ပဲစားရင်တောင် ဆိုဒီယမ်တွေက တစ်နေ့တာလိုအပ်တဲ့ပမာဏထက် ပိုလို့တောင် များနေပါသေးတယ်။ အဲဒါကြောင့် ကျွမ်းကျင်သူတွေက သူ့နည်းအတိုင်း လိုက်မစားဖို့ အကြံပြုထားပါတယ်။

vdo

Zombie (lovemedia)

for zawgyi

အသင့္စားအစားအစာေတြကို စားၿပီး ကိုယ္အေလးခ်ိန္ ေပါင္ ၆၀ ေက်ာ္ ေလွ်ာ့ခ်ႏိုင္ခဲ့သူ

အသင့္စားအစားအစာေတြက ကိုယ္အေလးခ်ိန္ကို သိသိသာသာ တိုးလာေစတဲ့အျပင္ က်န္းမာေရးကို ထိခိုက္လာေစပါတယ္။ အၿမဲတမ္းလိုလို စားတဲ့အခါမွာေတာ့ အဝလြန္ေရာဂါနဲ႔ အျခားေသာေရာဂါေတြကို ျဖစ္ေပၚလာေစမွာပါ။ ဒါေပမယ့္ အေမရိကန္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ ၅၇ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ေယာက္ကေတာ့ McDonald က ထုတ္တဲ့အသင့္စားအစားအစာေတြကို တစ္ေန႔ ၃ ႀကိမ္စားၿပီး ရက္ ၁၀၀ အတြင္း ကိုယ္အေလးခ်ိန္ ၆၀ ခန႔္ ေလွ်ာ့ခ်ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

သင္ဟာ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်မယ့္သူဆိုရင္ အသင့္စားအစားအစာေတြကို အရင္ဆုံးျဖတ္ေတာက္ရမွာပါ။ ဒါေပမယ့္ သူ႔ရဲ႕ ဝိတ္ခ်နည္းကေတာ့ တစ္မိုးပါ။ Kevin Maginnais ကေတာ့ အာလူးေၾကာ္၊ ဘာဂါနဲ႔အသင့္စားအစာေတြကို တစ္ေန႔ ၃ ႀကိမ္ေတာင္ စားပါတယ္။ ရက္ ၁၀၀ စားၿပီးေနာက္မွာေတာ့ ကိုယ္အေလးခ်ိန္က သိသိသာသာ ေလ်ာ့က်သြားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကိုလက္စထေရာ၊ ေသြးတြင္းသၾကားဓာတ္ေတြေတာင္ ေလွ်ာ့က်သြားတယ္လို႔ ေျပာပါတယ္။

အရင္က Kevin မွာ ဆီးခ်ိဳေရာဂါေတာင္ ရွိပါတယ္။ သူ႔ရဲ႕ Tik Tok ဗီဒီယိုကေတာ့ လူအမ်ားၾကားမွာ ပ်ံ႕ႏွံသြားပါတယ္။ အရင္ကေတာ့ သူ႔ရဲ႕ကိုယ္အေလးခ်ိန္က ၂၃၈ ေပါင္ရွိပါတယ္။ အခုေတာ့ ၁၇၉ ေပါင္ပဲ က်န္ပါေတာ့တယ္။ ဒီလိုမ်ိဳးသိသိသာသာ ကိုယ္အေလးခ်ိန္ က်သြားတာေၾကာင့္ Kevin ရဲ႕ဇနီးကပါ သူ႔နည္းအတိုင္း လိုက္စားေတာ့မွာပါ။

Kevin စားတဲ့ အသင့္စား အစားစာေတြကို တစ္ဝက္ပဲစားရင္ေတာင္ ဆိုဒီယမ္ေတြက တစ္ေန႔တာလိုအပ္တဲ့ပမာဏထက္ ပိုလို႔ေတာင္ မ်ားေနပါေသးတယ္။ အဲဒါေၾကာင့္ ကြၽမ္းက်င္သူေတြက သူ႔နည္းအတိုင္း လိုက္မစားဖို႔ အႀကံျပဳထားပါတယ္။

Zombie (lovemedia)