အင်္ဂလန်နိုင်ငံ Devon မှာရှိတဲ့ အရက်ဆိုင်တစ်ဆိုင်ထဲကို ဘဲတစ်ကောင်က ဝင်လာပြီး အရက်လာသောက်ပါတယ်။ အရက်သောက်ပြီးနောက် ခွေးတစ်ကောင်နဲ့ရန်ဖြစ်ပြီး ဘဲ ရှုံးသွားခဲ့ပါတယ်။

ဘဲရဲ့နာမည်ကတော့ Star လို့ခေါ်ပြီး သူ့ရဲ့သခင် Barrie Hayman နဲ့အတူ အရက်ဆိုင်ပေါင်း မြောက်များစွာကို အတူတူသွားတတ်သူပါ။ သူ့ရဲ့လည်ပင်းမှာ ဖဲကြိုးလေး ချည်ထားပေးပါတယ်။ ဘဲဖြစ်ပေမယ့်လည်း ဘီယာအရက်တို့ကို အရမ်းကြိုက်ပါတယ်။

တစ်နေ့တော့ The Old Courthouse Inn ထဲကို Star က Hayman ရဲ့ခွေးဖြစ်တဲ့ Meggie နဲ့အတူ ရောက်လာပါတယ်။ ဘဲက ဘီယာတွေသောက်လိုက်ပြီး ခွေးနဲ့ ရန်ဖြစ်လိုက်ပါသေးတယ်။ ပြီးနောက် ဘဲလေးက ဒဏ်ရာတွေနဲ့အတူ ပြန်ထွက်သွားခဲ့ပါတယ်။

အဲဒီနောက် ဘဲကို သူ့သခင်က လိုက်ခေါ်ပြီး တိရစ္ဆာန်ဆေးခန်းကို အမြန်လိုက်ပို့ပေးရပါတယ်။ Hayman ကတော့ သူ့ရဲ့ဘဲလေးကို အရမ်းချစ်ပါတယ်။ Hayman က ဘဲကို အရက်နည်းနည်းချင်းစီ တိုက်ရင်းနဲ့ ဘဲက အရက်ကြိုက်သွားခဲ့တာပါ။

အဲဒါကြောင့် ဘဲလေးက သခင်သွားလေရာကို အမြဲလိုက်တဲ့အပြင် အရက်ဆိုင်ထဲက လူတိုင်းကလည်း ဘဲလေးကို ချစ်ကြပါတယ်။ အခုဆိုရင်တော့ ဘဲလေးက နာမည်ကျော်ဖြစ်နေပါပြီ။

Zombie (lovemedia)

for zawgyi

သခင္နဲ႔အတူ အရက္လိုက္ေသာက္ရင္း အမူးလြန္ၿပီး ေခြးနဲ႔ရန္ျဖစ္တဲ့ ဘဲ

အဂၤလန္ႏိုင္ငံ Devon မွာရွိတဲ့ အရက္ဆိုင္တစ္ဆိုင္ထဲကို ဘဲတစ္ေကာင္က ဝင္လာၿပီး အရက္လာေသာက္ပါတယ္။ အရက္ေသာက္ၿပီးေနာက္ ေခြးတစ္ေကာင္နဲ႔ရန္ျဖစ္ၿပီး ဘဲ ရႈံးသြားခဲ့ပါတယ္။

ဘဲရဲ႕နာမည္ကေတာ့ Star လို႔ေခၚၿပီး သူ႔ရဲ႕သခင္ Barrie Hayman နဲ႔အတူ အရက္ဆိုင္ေပါင္း ေျမာက္မ်ားစြာကို အတူတူသြားတတ္သူပါ။ သူ႔ရဲ႕လည္ပင္းမွာ ဖဲႀကိဳးေလး ခ်ည္ထားေပးပါတယ္။ ဘဲျဖစ္ေပမယ့္လည္း ဘီယာအရက္တို႔ကို အရမ္းႀကိဳက္ပါတယ္။

တစ္ေန႔ေတာ့ The Old Courthouse Inn ထဲကို Star က Hayman ရဲ႕ေခြးျဖစ္တဲ့ Meggie နဲ႔အတူ ေရာက္လာပါတယ္။ ဘဲက ဘီယာေတြေသာက္လိုက္ၿပီး ေခြးနဲ႔ ရန္ျဖစ္လိုက္ပါေသးတယ္။ ၿပီးေနာက္ ဘဲေလးက ဒဏ္ရာေတြနဲ႔အတူ ျပန္ထြက္သြားခဲ့ပါတယ္။

အဲဒီေနာက္ ဘဲကို သူ႔သခင္က လိုက္ေခၚၿပီး တိရစာၦန္ေဆးခန္းကို အျမန္လိုက္ပို႔ေပးရပါတယ္။ Hayman ကေတာ့ သူ႔ရဲ႕ဘဲေလးကို အရမ္းခ်စ္ပါတယ္။ Hayman က ဘဲကို အရက္နည္းနည္းခ်င္းစီ တိုက္ရင္းနဲ႔ ဘဲက အရက္ႀကိဳက္သြားခဲ့တာပါ။

အဲဒါေၾကာင့္ ဘဲေလးက သခင္သြားေလရာကို အၿမဲလိုက္တဲ့အျပင္ အရက္ဆိုင္ထဲက လူတိုင္းကလည္း ဘဲေလးကို ခ်စ္ၾကပါတယ္။ အခုဆိုရင္ေတာ့ ဘဲေလးက နာမည္ေက်ာ္ျဖစ္ေနပါၿပီ။

Zombie (lovemedia)