ကမ္ဘာကြီးမှာ ရေချိုတွေ ရှားပါးပြီး ရေငန်တွေသာ ပေါများပါတယ်။ ဘယ်လ်ဂျီယံကုမ္ပဏီတစ်ခုက ဝက်ရဲ့သွေးကို သောက်သုံးလို့ရတဲ့ရေချိုအထိဖြစ်အောင်လို့ ပေါင်းခံလိုက်ပါတယ်။ ပေါင်းခံလို့ရလာတဲ့ရေချိုက လူသားတွေသောက်သုံးလို့ရပါတယ်။

Zwevezlee အခြေစိုက်ကုမ္ပဏီတစ်ခုက တိရစ္ဆာန်တွေဆီက ပရိုတိန်းတွေကို အသုံးပြုပြီး ကော်လဂျင်တွေကို ထုတ်လုပ်ကြပါတယ်။ တိရစ္ဆာန်တွေရဲ့သွေးကို အမှုန့်ဖြစ်အောင် ပြုလုပ်ပြီး အလှအပအတွက် အသုံးပြုကြပါတယ်။ မကြာသေးခင်ကလည်း Veos ကုမ္ပဏီက မြေအောက်ရေကို သန့်စင်ပြီး သောက်သုံးလို့ရတဲ့အထိ ပြုလုပ်ခဲ့ပါသေးတယ်။

အရင်ဆုံး သွေးတွေကို ပျစ်လာအောင် အရင်ပြုလုပ်ပါတယ်။ ပြီးနောက် အခြောက်ခံပါတယ်။ ဒီလိုပြုလုပ်နေစဉ်မှာ ရေငွေ့တွေဖြစ်ပေါ်လာပါတယ်။ ဖြစ်ပေါ်လာတာတဲ့ရေငွေ့ကို ပြန်လည်သန့်စင်တဲ့အခါ သောက်သုံးလို့ရတဲ့ ရေကို ရရှိလာပါတယ်။ မြေအောက်ရေအရင်းအမြစ်တွေ ရှားပါးလာချိန်မှာ ဒီလိုပြုလုပ်တဲ့နည်းက အသုံးဝင်လာမယ်လို့ Veos ကုမ္ပဏီက ယုံကြည်နေကြပါတယ်။

ဝက်ရဲ့သွေးတွေကို သောက်သုံးလို့ရတဲ့ရေအဖြစ် ပြောင်းလဲတာက အောင်မြင်သွားခဲ့ရင် မြေအောက်ရေ ၄၀ ရာခိုင်နှုန်းကိုသာ အသုံးပြုရတော့မှာပါ။ ဝက်ရဲ့သွေးကနေ ပေါင်းခံထားတဲ့ရေကို သူတို့ကိုယ်တိုင် စမ်းသပ်ပြီး သောက်သုံးပြထားပါတယ်။

Zombie (lovemedia)

for zawgyi

ဝက္ရဲ႕ေသြးကို ေပါင္းခံၿပီး ေသာက္သုံးလို႔ရတဲ့အထိ သန႔္စင္ထားတဲ့ ကုမၸဏီ

ကမာၻႀကီးမွာ ေရခ်ိဳေတြ ရွားပါးၿပီး ေရငန္ေတြသာ ေပါမ်ားပါတယ္။ ဘယ္လ္ဂ်ီယံကုမၸဏီတစ္ခုက ဝက္ရဲ႕ေသြးကို ေသာက္သုံးလို႔ရတဲ့ေရခ်ိဳအထိျဖစ္ေအာင္လို႔ ေပါင္းခံလိုက္ပါတယ္။ ေပါင္းခံလို႔ရလာတဲ့ေရခ်ိဳက လူသားေတြေသာက္သုံးလို႔ရပါတယ္။

Zwevezlee အေျခစိုက္ကုမၸဏီတစ္ခုက တိရစာၦန္ေတြဆီက ပ႐ိုတိန္းေတြကို အသုံးျပဳၿပီး ေကာ္လဂ်င္ေတြကို ထုတ္လုပ္ၾကပါတယ္။ တိရစာၦန္ေတြရဲ႕ေသြးကို အမႈန႔္ျဖစ္ေအာင္ ျပဳလုပ္ၿပီး အလွအပအတြက္ အသုံးျပဳၾကပါတယ္။ မၾကာေသးခင္ကလည္း Veos ကုမၸဏီက ေျမေအာက္ေရကို သန႔္စင္ၿပီး ေသာက္သုံးလို႔ရတဲ့အထိ ျပဳလုပ္ခဲ့ပါေသးတယ္။

အရင္ဆုံး ေသြးေတြကို ပ်စ္လာေအာင္ အရင္ျပဳလုပ္ပါတယ္။ ၿပီးေနာက္ အေျခာက္ခံပါတယ္။ ဒီလိုျပဳလုပ္ေနစဥ္မွာ ေရေငြ႕ေတြျဖစ္ေပၚလာပါတယ္။ ျဖစ္ေပၚလာတာတဲ့ေရေငြ႕ကို ျပန္လည္သန႔္စင္တဲ့အခါ ေသာက္သုံးလို႔ရတဲ့ ေရကို ရရွိလာပါတယ္။ ေျမေအာက္ေရအရင္းအျမစ္ေတြ ရွားပါးလာခ်ိန္မွာ ဒီလိုျပဳလုပ္တဲ့နည္းက အသုံးဝင္လာမယ္လို႔ Veos ကုမၸဏီက ယုံၾကည္ေနၾကပါတယ္။

ဝက္ရဲ႕ေသြးေတြကို ေသာက္သုံးလို႔ရတဲ့ေရအျဖစ္ ေျပာင္းလဲတာက ေအာင္ျမင္သြားခဲ့ရင္ ေျမေအာက္ေရ ၄၀ ရာခိုင္ႏႈန္းကိုသာ အသုံးျပဳရေတာ့မွာပါ။ ဝက္ရဲ႕ေသြးကေန ေပါင္းခံထားတဲ့ေရကို သူတို႔ကိုယ္တိုင္ စမ္းသပ္ၿပီး ေသာက္သုံးျပထားပါတယ္။

Zombie (lovemedia)