မိကျောင်းက အန္တရာယ်ပေးနိုင်တဲ့သတ္တဝါပါ။ ဒါပေမယ့် Jonathan Araiza ဆိုတဲ့အမျိုးသားကတော့ မိကျောင်းကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို မွေးထားပါတယ်။ Araiza က မိကျောင်းကို အိမ်မွေးတိရစ္ဆာန်လို သဘောထားတာပြီး အိမ်ထဲမှာတင် လွတ်လွတ်လပ်လပ် သွားခွင့်ပေးထားပါတယ်။

မိကျောင်းရဲ့နာမည်ကတော့ Gamora လို့ခေါ်ပါတယ်။ Araiza က မိကျောင်းတဲ့အတူတူ အိပ်ယာထဲမှာ အိပ်ပါတယ်။ အိမ်ထဲမှာလည်း လွတ်လွတ်လပ်လပ်လျှောက်သွားပြီး တစ်ခါတရံမှာ ထိုင်ခုံပေါ်မှာ လဲလျောင်းနေတတ်ပါသေးတယ်။

Araiza မွေးထားတဲ့ မိကျောင်းအမျိုးအစားက အန္တရာယ်မပြုတတ်ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် Araiza က မိကျောင်းကို ခွေးတစ်ကောင်လို သဘောထားတာပါ။ မိကျောင်းက Araiza နဲ့လိုက်လျောညီထွေ ပြုမူနေထိုင်တတ်ပါတယ်။

Araiza က The Guardians of the Galaxy ဇာတ်လမ်းတွဲထဲက ဇာတ်ဆောင်တစ်ယောက်ရဲ့နာမည်ကိုယူပြီး သူ့မိကျောင်းကို နာမည်ပေးထားတာပါ။ ဘာ့ကြောင့်လဲဆိုတော့ သူ့ရဲ့မိကျောင်းက အစိမ်းရောင်အရောင်အဆင်းနဲ့ သေးငယ်လို့ပါ။

မိကျောင်းကို အိမ်ကို ခေါ်လာကာစတုန်းက ရန်မူတ်ပါသေးတယ်။ ဒါပေမယ့် အချိန်တွေကျလာတဲ့အခါမှာတော့ Araiza အပေါ် အရမ်းသံယောဇဉ်တွယ်တာလာပါတယ်။ Araiza က သူ့ရဲ့မိကျောင်းကျန်းမာဖို့အတွက် အရမ်းဂရုစိုက်ပေးပါတယ်။

အိမ်တွင်းအပူချိန်ကို အမြဲစောင့်ကြည့်နေသလို မိကျောင်းသောက်ဖို့ရေကိုလည်း သီးသန့်ပြင်ဆင်ပေးပါတယ်။ အသားနဲ့အဆီကိုလည်း မျှတအောင် ကျွေးပါတယ်။ မိကျောင်းရဲ့ နေ့စဉ်အစားအစာထဲမှာ အမဲသား၊ ကြက်သားနဲ့ အခွံမာရေနေသတ္တဝါတွေလည်း ပါဝင်ပါတယ်။

Araiza မှာ မိကျောင်းအပြင် chihuahuas အမျိုးအစား ခွေးနှစ်ကောင်း၊ လိပ်တွေလည်း ရှိပါသေးတယ်။ Araiza က သူ့ရဲ့ကောင်မလေးကိုလည်း မိကျောင်းနဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးထားပါသေးတယ်။

Zombie (lovemedia)

for zawgyi

မိေက်ာင္းကို အိမ္ေမြးတိရစာၦန္တစ္ေကာင္လိုသေဘာထားၿပီး အတူတူအိပ္တဲ့အမ်ိဳးသား

မိေက်ာင္းက အႏၲရာယ္ေပးႏိုင္တဲ့သတၱဝါပါ။ ဒါေပမယ့္ Jonathan Araiza ဆိုတဲ့အမ်ိဳးသားကေတာ့ မိေက်ာင္းကို အိမ္ေမြးတိရစာၦန္တစ္ေကာင္လို ေမြးထားပါတယ္။ Araiza က မိေက်ာင္းကို အိမ္ေမြးတိရစာၦန္လို သေဘာထားတာၿပီး အိမ္ထဲမွာတင္ လြတ္လြတ္လပ္လပ္ သြားခြင့္ေပးထားပါတယ္။

မိေက်ာင္းရဲ႕နာမည္ကေတာ့ Gamora လို႔ေခၚပါတယ္။ Araiza က မိေက်ာင္းတဲ့အတူတူ အိပ္ယာထဲမွာ အိပ္ပါတယ္။ အိမ္ထဲမွာလည္း လြတ္လြတ္လပ္လပ္ေလွ်ာက္သြားၿပီး တစ္ခါတရံမွာ ထိုင္ခုံေပၚမွာ လဲေလ်ာင္းေနတတ္ပါေသးတယ္။

Araiza ေမြးထားတဲ့ မိေက်ာင္းအမ်ိဳးအစားက အႏၲရာယ္မျပဳတတ္ဘူးလို႔ ဆိုပါတယ္။ အဲဒါေၾကာင့္ Araiza က မိေက်ာင္းကို ေခြးတစ္ေကာင္လို သေဘာထားတာပါ။ မိေက်ာင္းက Araiza နဲ႔လိုက္ေလ်ာညီေထြ ျပဳမူေနထိုင္တတ္ပါတယ္။

Araiza က The Guardians of the Galaxy ဇာတ္လမ္းတြဲထဲက ဇာတ္ေဆာင္တစ္ေယာက္ရဲ႕နာမည္ကိုယူၿပီး သူ႔မိေက်ာင္းကို နာမည္ေပးထားတာပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕မိေက်ာင္းက အစိမ္းေရာင္အေရာင္အဆင္းနဲ႔ ေသးငယ္လို႔ပါ။ မိေက်ာင္းကို အိမ္ကို ေခၚလာကာစတုန္းက ရန္မူတ္ပါေသးတယ္။ ဒါေပမယ့္ အခ်ိန္ေတြက်လာတဲ့အခါမွာေတာ့ Araiza အေပၚ အရမ္းသံေယာဇဥ္တြယ္တာလာပါတယ္။

Araiza က သူ႔ရဲ႕မိေက်ာင္းက်န္းမာဖို႔အတြက္ အရမ္းဂ႐ုစိုက္ေပးပါတယ္။ အိမ္တြင္းအပူခ်ိန္ကို အၿမဲေစာင့္ၾကည့္ေနသလို မိေက်ာင္းေသာက္ဖို႔ေရကိုလည္း သီးသန႔္ျပင္ဆင္ေပးပါတယ္။ အသားနဲ႔အဆီကိုလည္း မွ်တေအာင္ ေကြၽးပါတယ္။ မိေက်ာင္းရဲ႕ ေန႔စဥ္အစားအစာထဲမွာ အမဲသား၊ ၾကက္သားနဲ႔ အခြံမာေရေနသတၱဝါေတြလည္း ပါဝင္ပါတယ္။

Araiza မွာ မိေက်ာင္းအျပင္ chihuahuas အမ်ိဳးအစား ေခြးႏွစ္ေကာင္း၊ လိပ္ေတြလည္း ရွိပါေသးတယ္။ Araiza က သူ႔ရဲ႕ေကာင္မေလးကိုလည္း မိေက်ာင္းနဲ႔ ရင္းႏွီးေအာင္ မိတ္ဆက္ေပးထားပါေသးတယ္။

Zombie (lovemedia)