ဂျပန်နိုင်ငံက Tsuyoshi နဲ့ Tomi Seki တို့ဇနီးမောင်နှံဟာ အသက် ၆၀ ကျော်အရွယ်တွေပါ။ သူတို့ရဲ့မင်္ဂလာသက်တမ်းက ၄၃ နှစ် ပြည့်မြောက်သွားပါပြီ။ Tsuyoshi တို့ဇနီးမောင်နှံဟာ အင်စတာဂရမ်မှာ follower ပေါင်း 900K နီးပါးရှိပါတယ်။


အဘိုးအဘွားစုံတွဲက အင်စတာဂရမ်မှာ နာမည်ကြီးလာရတဲ့အကြောင်းအရင်းကတော့ ၂၀၁၆ ခုနှစ်ကတည်းက တင်ခဲ့တဲ့ ပုံကြောင့်ဖြစ်ပါတယ်။ အဘိုးအဘွားစုံတွဲက အင်စတာဂရမ်မှာ အင်္ကျီဆင်တူ၊ အရောင်ဆင်တူဝတ်ပြီး ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်လေ့ရှိပါတယ်။ အဲဒီကနေ follower တွေက တဖြည်းဖြည်းများလာခဲ့ပါတယ်။


အဘိုး Tsuyoshi တို့က ကျောင်းသူကျောင်းသားဘဝကတည်းက စတင်ဆုံတွေ့ခဲ့ကြတာပါ။ တိုကျိုမှာရှိတဲ့ အနုပညာကျောင်းမှာ စတင်တွေ့ခဲ့ကြပြီး လက်ထပ်ခဲ့ကြပါတယ်။ အဘိုး Tsuyoshi က ဒီဇိုင်းပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုပြီး အဘွား Tomi Seki ကတော့ သမီးလေးကို စောင့်ရှောက်ပါတယ်။


Tomi Seki တို့ဇနီးမောင်နှံက နှစ်ပေါင်း ၄၃ နှစ်နီးပါး အင်္ကျီအရောင်တူ၊ အဆင်တူလေးတွေကို နေ့စဉ်ဝတ်ခဲ့ကြတာပါ။ အဲဒါကြောင့် ဂျပန်နိုင်ငံက သတင်းစာနဲ့ မဂ္ဂဇင်းတွေမှာတောင် သူတို့ရဲ့အကြောင်းက ပါဝင်လာခဲ့ပါတယ်။


အဘွား Tomi Seki တို့ဇနီးမောင်နှံကို နာမည်ကြီးအောင် ပြုလုပ်ပေးလိုက်တာကတော့ သူတို့ရဲ့သမီးလေးပါ။ သမီးဖြစ်သူက အဖေနဲ့အမေ အင်္ကျီအရောင်တူဝတ်ပြီး ရိုက်ထားတဲ့ပုံလေးတွေကို အင်စတာဂရမ်မှာ တင်ပါတယ်။ အဲဒီကနေ နောက်ပိုင်းမှာတော့ ဆက်တိုက်တင်ဖြစ်သွားပါတယ်။ အင်္ကျီအရောင်တူလေးတွေကို နေ့စဉ်ဝတ်ဆင်ရတာကို အဘိုးအဘွားတို့နှစ်ဦးက အရမ်းကို ပျော်ရွှင်ကြတာပါ။


Tomi Seki တို့ကို ကြည့်ပြီးတော့ အခြားသောစုံတွဲတွေကလည်း အင်္ကျီအရောင်တူလေးတွေ လိုက်ပြီးဝတ်ကြပါတယ်။ ဒီလိုမျိုး နေ့စဉ်ဆင်တူလေးတွေ ဝတ်တာက ချစ်ခြင်းမေတ္တာကို ပိုတိုးလာစေတဲ့အပြင် အမှတ်တရလေးတွေလည်း များပြားလာစေပါတယ်။

Zombie (lovemedia)

for zawgyi

ႏွစ္ေပါင္း ၄၃ ႏွစ္နီးပါး ေန႔စဥ္ အက်ႌအေရာင္တူ၊ အဆင္တူဝတ္ခဲ့ၾကတဲ့ ဇနီးေမာင္ႏွံ

ဂ်ပန္ႏိုင္ငံက Tsuyoshi နဲ႔ Tomi Seki တို႔ဇနီးေမာင္ႏွံဟာ အသက္ ၆၀ ေက်ာ္အ႐ြယ္ေတြပါ။ သူတို႔ရဲ႕မဂၤလာသက္တမ္းက ၄၃ ႏွစ္ ျပည့္ေျမာက္သြားပါၿပီ။ Tsuyoshi တို႔ဇနီးေမာင္ႏွံဟာ အင္စတာဂရမ္မွာ follower ေပါင္း 900K နီးပါးရွိပါတယ္။

အဘိုးအဘြားစုံတြဲက အင္စတာဂရမ္မွာ နာမည္ႀကီးလာရတဲ့အေၾကာင္းအရင္းကေတာ့ ၂၀၁၆ ခုႏွစ္ကတည္းက တင္ခဲ့တဲ့ ပုံေၾကာင့္ျဖစ္ပါတယ္။ အဘိုးအဘြားစုံတြဲက အင္စတာဂရမ္မွာ အက်ႌဆင္တူ၊ အေရာင္ဆင္တူဝတ္ၿပီး ႐ိုက္ကူးထားတဲ့ ပုံေလးေတြကို တင္ေလ့ရွိပါတယ္။ အဲဒီကေန follower ေတြက တျဖည္းျဖည္းမ်ားလာခဲ့ပါတယ္။

အဘိုး Tsuyoshi တို႔က ေက်ာင္းသူေက်ာင္းသားဘဝကတည္းက စတင္ဆုံေတြ႕ခဲ့ၾကတာပါ။ တိုက်ိဳမွာရွိတဲ့ အႏုပညာေက်ာင္းမွာ စတင္ေတြ႕ခဲ့ၾကၿပီး လက္ထပ္ခဲ့ၾကပါတယ္။ အဘိုး Tsuyoshi က ဒီဇိုင္းပညာရပ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳၿပီး အဘြား Tomi Seki ကေတာ့ သမီးေလးကို ေစာင့္ေရွာက္ပါတယ္။

Tomi Seki တို႔ဇနီးေမာင္ႏွံက ႏွစ္ေပါင္း ၄၃ ႏွစ္နီးပါး အက်ႌအေရာင္တူ၊ အဆင္တူေလးေတြကို ေန႔စဥ္ဝတ္ခဲ့ၾကတာပါ။ အဲဒါေၾကာင့္ ဂ်ပန္ႏိုင္ငံက သတင္းစာနဲ႔ မဂၢဇင္းေတြမွာေတာင္ သူတို႔ရဲ႕အေၾကာင္းက ပါဝင္လာခဲ့ပါတယ္။

အဘြား Tomi Seki တို႔ဇနီးေမာင္ႏွံကို နာမည္ႀကီးေအာင္ ျပဳလုပ္ေပးလိုက္တာကေတာ့ သူတို႔ရဲ႕သမီးေလးပါ။ သမီးျဖစ္သူက အေဖနဲ႔အေမ အက်ႌအေရာင္တူဝတ္ၿပီး ႐ိုက္ထားတဲ့ပုံေလးေတြကို အင္စတာဂရမ္မွာ တင္ပါတယ္။ အဲဒီကေန ေနာက္ပိုင္းမွာေတာ့ ဆက္တိုက္တင္ျဖစ္သြားပါတယ္။ အက်ႌအေရာင္တူေလးေတြကို ေန႔စဥ္ဝတ္ဆင္ရတာကို အဘိုးအဘြားတို႔ႏွစ္ဦးက အရမ္းကို ေပ်ာ္႐ႊင္ၾကတာပါ။

Tomi Seki တို႔ကို ၾကည့္ၿပီးေတာ့ အျခားေသာစုံတြဲေတြကလည္း အက်ႌအေရာင္တူေလးေတြ လိုက္ၿပီးဝတ္ၾကပါတယ္။ ဒီလိုမ်ိဳး ေန႔စဥ္ဆင္တူေလးေတြ ဝတ္တာက ခ်စ္ျခင္းေမတၱာကို ပိုတိုးလာေစတဲ့အျပင္ အမွတ္တရေလးေတြလည္း မ်ားျပားလာေစပါတယ္။

Zombie (lovemedia)