ရန်မဖြစ်၊ စကားမများဖူးတဲ့စုံတွဲဆိုတာက ခပ်ရှားရှားပါပဲ။ စကားများတာကလည်း စုံတွဲတွေကြားမှာ အကျိုးရှိစေပါတယ်။ လေ့လာချက်တွေအရ မကြာခဏ စကားများတဲ့စုံတွဲတွေက အချိန်ကြာကြာပိုမြဲတယ်လို့ ဆိုပါတယ်။

၁။ စုံတွဲတွေ ဘာလို့စကားများကြတာလဲ။

ရန်ဖြစ်စကားများတာက အမြဲတမ်းပြဿနာဖြစ်နေတဲ့အဓိပ္ပါယ်မဟုတ်ပါဘူး။ ရန်ဖြစ်စကားများတာကနေလည်း အကျိုးရှိအောင် လုပ်လို့ရပါတယ်။ စကားများခြင်းကနေ ဘာတွေကို ပြင်ဆင်ဖို့လိုသလဲ၊ ဘာတွေကို အာရုံစိုက်ထားသင့်လဲ၊ ဘယ်အရာတွေကို ရှောင်ကြဉ်သင့်လဲဆိုတာ သိမြင်လာစေပါတယ်။

၂။ ရန်ဖြစ်တာနဲ့ စကားများတာက မတူပါဘူး။

စကားများနေတယ်ဆိုကတည်းက သင်တို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ရှိနေသေးတာကြောင့်ပါ။ ရန်ဖြစ်တာကတော့ သင်တို့နှစ်ယောက်လုံးကို ထိခိုက်နာကျင်စေတဲ့အရာပါ။ အချိန်တွေကြာလာတဲ့အခါမှာ စကားများတာကနေ သင်ခန်းစာတွေ ရရှိလာမှာပါ။ ဒါပေမယ့် သင့်ဘက်က ခံစားချက်တွေကို အမြဲတမ်းမြိုသိပ်ထားရတာကတော့ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

၃။ စကားများရာကနေ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာပါတယ်။

စကားများတဲ့အခါမှာ သင့်ရဲ့ပုံစံအစစ်အမှန်တွေ ပေါ်လာပါတယ်။ သင့်ရဲ့ပုံစံအစစ်အမှန်ကို လက်ခံနိုင်သူကိုသာ ရွေးချယ်သင့်ပါတယ်။ ကောင်းတဲ့အချက်တွေကိုပဲ လိုချင်နေတဲ့သူက သင့်ဘက်က အားနည်းချက်တွေ ရှိလာရင် ထားသွားနိုင်ပါတယ်။ စကားများရန်ဖြစ်တဲ့အခါ

- ကိုယ့်ကိုယ်ကိုယ်အမြဲမှန်တဲ့ဆိုတဲ့အစွဲကို ဖယ်လိုက်ပါ။

- သူ ပြောပြနေတုန်းမှာ ဖြတ်မပြောသင့်ပါဘူး။

- စကားလမ်းကြောင်းပြောင်းပြီး ပြောတာက ပိုဆိုးသွားစေပါတယ်။

၄။ မတူညီတဲ့အရာတွေကို ညှိယူဖို့အတွက် အချိန်လိုအပ်ပါတယ်။

အမြဲတမ်းစကားများနေလို့ အဆင်မပြေနိုင်တဲ့အခါ ညှိယူဖို့ လိုအပ်လာပါတယ်။ တစ်ဖက်တည်းကိုပဲ အမြဲလိုက်လျောပေးနေရင် ဝေးကွာသွားနိုင်ပါတယ်။

- ပြဿနာတွေကို အတူ‌ဖြေရှင်းပါ။

- နှစ်ယောက်လုံးရဲ့ စိတ်အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

- အချိန်ခဏကြာအောင် တစ်ယောက်စီနေလိုက်တာကလည်း ပြေလည်သွားစေမယ့်အကြောင်းအရင်းပါ။

၅။ စကားများရန်ဖြစ်တဲ့ စုံတွဲတွေက ပိုပြီး ချစ်လာကြပါတယ်။

အယူအဆမတူညီတာ၊ စကားများတာက စုံတွဲတိုင်းမှာ ရှိကြပါတယ်။ စကားများရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာပါတယ်။ စကားများပြီးနောက် ပြန်အဆင်ပြေသွားချိန်မှာ ပိုချစ်လာတတ်ပါတယ်။ ဒါ့အပြင် ရေရှည်မှာ မြဲမြံစေဖို့ ရှောင်သင့်တဲ့အရာတွေကို သိလာပါတယ်။ ဒါပေမယ့် တမင်ပြဿနာရှာပြီး ရန်ဖြစ်တာကတော့ သင်တို့နှစ်ယောက်ကို ဝေးကွာသွားစေပါတယ်။

Zombie (lovemedia)

for zawgyi

စကားမ်ားရန္ျဖစ္ေလ့ရွိတဲ့ စုံတြဲေတြ ပိုၿမဲရတဲ့အေၾကာင္းအရင္း (၅) ခု

ရန္မျဖစ္၊ စကားမမ်ားဖူးတဲ့စုံတြဲဆိုတာက ခပ္ရွားရွားပါပဲ။ စကားမ်ားတာကလည္း စုံတြဲေတြၾကားမွာ အက်ိဳးရွိေစပါတယ္။ ေလ့လာခ်က္ေတြအရ မၾကာခဏ စကားမ်ားတဲ့စုံတြဲေတြက အခ်ိန္ၾကာၾကာပိုၿမဲတယ္လို႔ ဆိုပါတယ္။

၁။ စုံတြဲေတြ ဘာလို႔စကားမ်ားၾကတာလဲ။

ရန္ျဖစ္စကားမ်ားတာက အၿမဲတမ္းျပႆနာျဖစ္ေနတဲ့အဓိပၸါယ္မဟုတ္ပါဘူး။ ရန္ျဖစ္စကားမ်ားတာကေနလည္း အက်ိဳးရွိေအာင္ လုပ္လို႔ရပါတယ္။ စကားမ်ားျခင္းကေန ဘာေတြကို ျပင္ဆင္ဖို႔လိုသလဲ၊ ဘာေတြကို အာ႐ုံစိုက္ထားသင့္လဲ၊ ဘယ္အရာေတြကို ေရွာင္ၾကဥ္သင့္လဲဆိုတာ သိျမင္လာေစပါတယ္။

၂။ ရန္ျဖစ္တာနဲ႔ စကားမ်ားတာက မတူပါဘူး။

စကားမ်ားေနတယ္ဆိုကတည္းက သင္တို႔ႏွစ္ေယာက္ၾကားမွာ သံေယာဇဥ္ေတြ ရွိေနေသးတာေၾကာင့္ပါ။ ရန္ျဖစ္တာကေတာ့ သင္တို႔ႏွစ္ေယာက္လုံးကို ထိခိုက္နာက်င္ေစတဲ့အရာပါ။ အခ်ိန္ေတြၾကာလာတဲ့အခါမွာ စကားမ်ားတာကေန သင္ခန္းစာေတြ ရရွိလာမွာပါ။ ဒါေပမယ့္ သင့္ဘက္က ခံစားခ်က္ေတြကို အၿမဲတမ္းၿမိဳသိပ္ထားရတာကေတာ့ ေကာင္းတဲ့လကၡဏာမဟုတ္ပါဘူး။

၃။ စကားမ်ားရာကေန တစ္ေယာက္အေၾကာင္းတစ္ေယာက္ပိုသိလာပါတယ္။

စကားမ်ားတဲ့အခါမွာ သင့္ရဲ႕ပုံစံအစစ္အမွန္ေတြ ေပၚလာပါတယ္။ သင့္ရဲ႕ပုံစံအစစ္အမွန္ကို လက္ခံႏိုင္သူကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။ ေကာင္းတဲ့အခ်က္ေတြကိုပဲ လိုခ်င္ေနတဲ့သူက သင့္ဘက္က အားနည္းခ်က္ေတြ ရွိလာရင္ ထားသြားႏိုင္ပါတယ္။ စကားမ်ားရန္ျဖစ္တဲ့အခါ

- ကိုယ့္ကိုယ္ကိုယ္အၿမဲမွန္တဲ့ဆိုတဲ့အစြဲကို ဖယ္လိုက္ပါ။

- သူ ေျပာျပေနတုန္းမွာ ျဖတ္မေျပာသင့္ပါဘူး။

- စကားလမ္းေၾကာင္းေျပာင္းၿပီး ေျပာတာက ပိုဆိုးသြားေစပါတယ္။

၄။ မတူညီတဲ့အရာေတြကို ညႇိယူဖို႔အတြက္ အခ်ိန္လိုအပ္ပါတယ္။

အၿမဲတမ္းစကားမ်ားေနလို႔ အဆင္မေျပႏိုင္တဲ့အခါ ညႇိယူဖို႔ လိုအပ္လာပါတယ္။ တစ္ဖက္တည္းကိုပဲ အၿမဲလိုက္ေလ်ာေပးေနရင္ ေဝးကြာသြားႏိုင္ပါတယ္။

- ျပႆနာေတြကို အတူ‌ေျဖရွင္းပါ။

- ႏွစ္ေယာက္လုံးရဲ႕ စိတ္အေျခအေနေတြကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။

- အခ်ိန္ခဏၾကာေအာင္ တစ္ေယာက္စီေနလိုက္တာကလည္း ေျပလည္သြားေစမယ့္အေၾကာင္းအရင္းပါ။

၅။ စကားမ်ားရန္ျဖစ္တဲ့ စုံတြဲေတြက ပိုၿပီး ခ်စ္လာၾကပါတယ္။

အယူအဆမတူညီတာ၊ စကားမ်ားတာက စုံတြဲတိုင္းမွာ ရွိၾကပါတယ္။ စကားမ်ားရင္းနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုရင္းႏွီးလာပါတယ္။ စကားမ်ားၿပီးေနာက္ ျပန္အဆင္ေျပသြားခ်ိန္မွာ ပိုခ်စ္လာတတ္ပါတယ္။ ဒါ့အျပင္ ေရရွည္မွာ ၿမဲၿမံေစဖို႔ ေရွာင္သင့္တဲ့အရာေတြကို သိလာပါတယ္။ ဒါေပမယ့္ တမင္ျပႆနာရွာၿပီး ရန္ျဖစ္တာကေတာ့ သင္တို႔ႏွစ္ေယာက္ကို ေဝးကြာသြားေစပါတယ္။

Zombie (lovemedia)