တရုတ်နိုင်ငံ Hangzhou ပြည်နယ်မှာရှိတဲ့ တိုက်ကြီးတစ်တိုက်ဟာ လူပေါင်း ၂၀၀၀၀ ကျော်ခန့် နေထိုင်လို့ရအောင် ကျယ်ဝန်းပါတယ်။ ဒီပမာဏက မြို့ငယ်လေးတစ်မြို့မှာ ရှိတဲ့ လူဦးရေနဲ့အတူတူလောက် ကျပါတယ်။

ဒီတိုက်ခန်းကြီးရဲ့နာမည်ကိုတော့ Regent International Apartment လို့နာမည်ပေးထားပါတယ်။ အစကတော့ ဇိမ်ခံဟိုတယ်အဖြစ် ဖွင့်လှစ်ဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူနေတိုက်ခန်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီလိုကြီးမားတဲ့အဆောက်အဦးက ၂၀၆ မီတာမြင့်ပြီး အထပ်ပေါင်း ၃၉ ထပ်ရှိပါတယ်။

ဒီအဆောက်အဦးမှာတင်ပဲ ဈေးဝယ်စင်တာ၊ ရေကူးကန်၊ ဆံပင်ညှပ်ဆိုင်၊ လက်သည်းအလှပြင်ဆိုင်တို့ပါ ပါဝင်ပါတယ်။ လိုအပ်သမျှကို တစ်နေရာတည်းမှာတင် ရှာဖွေဝယ်ယူနိုင်ပါတယ်။ အဲဒါကြောင့် ဒီအဆောက်အဦးမှာ တိုက်ခန်းဝယ်ယူထားရင် အပြင်ကို ဝေးဝေးလံလံ သွားစရာမလိုတော့ပါဘူး။

Regent International Apartment ကို ဒီဇိုင်းရေးဆွဲသူကတော့ ကမ္ဘာပေါ်က ဒုတိယမြောက် ၇ ပွင့်ကြယ်အဆင့်ရှိတဲ့ဟိုတယ်ကို ဒီဇိုင်းရေးဆွဲသူ Alicia Loo ဖြစ်ပါတယ်။ Regent International Apartment က အချိန်တိုတိုအတွင်းမှာပဲ ခပ်မြန်မြန်နာမည်ကြီးလာခဲ့ပါတယ်။ ဒီတိုက်ခန်းမှာနေထိုင်သူ အများစုကတော့ လူငယ်တွေဖြစ်ကြပါတယ်။

Regent International Apartment မှာ လူပေါင်း တစ်သောင်းကျော်ကနေ နှစ်သောင်းကျော်အထိ တစ်ပြိုင်တည်းနေထိုင်လို့ရပါတယ်။ အဲဒါကြောင့် Regent International Apartment က Hangzhou ပြည်နယ် မှာ အကြီးမားဆုံး လူနေတိုက်ခန်းဖြစ်လာပါတယ်။

vdo

Zombie (lovemedia)

for zawgyi

လူေပါင္း ၂ ေသာင္းေက်ာ္တစ္ၿပိဳင္တည္း ေနထိုင္လို႔ရတဲ့ ဧရာမအေဆာက္အဦး

တ႐ုတ္ႏိုင္ငံ Hangzhou ျပည္နယ္မွာရွိတဲ့ တိုက္ႀကီးတစ္တိုက္ဟာ လူေပါင္း ၂၀၀၀၀ ေက်ာ္ခန႔္ ေနထိုင္လို႔ရေအာင္ က်ယ္ဝန္းပါတယ္။ ဒီပမာဏက ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕မွာ ရွိတဲ့ လူဦးေရနဲ႔အတူတူေလာက္ က်ပါတယ္။

ဒီတိုက္ခန္းႀကီးရဲ႕နာမည္ကိုေတာ့ Regent International Apartment လို႔နာမည္ေပးထားပါတယ္။ အစကေတာ့ ဇိမ္ခံဟိုတယ္အျဖစ္ ဖြင့္လွစ္ဖို႔ ဒီဇိုင္းေရးဆြဲတည္ေဆာက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ လူေနတိုက္ခန္းအျဖစ္ ေျပာင္းလဲခဲ့ပါတယ္။ ဒီလိုႀကီးမားတဲ့အေဆာက္အဦးက ၂၀၆ မီတာျမင့္ၿပီး အထပ္ေပါင္း ၃၉ ထပ္ရွိပါတယ္။

ဒီအေဆာက္အဦးမွာတင္ပဲ ေဈးဝယ္စင္တာ၊ ေရကူးကန္၊ ဆံပင္ညႇပ္ဆိုင္၊ လက္သည္းအလွျပင္ဆိုင္တို႔ပါ ပါဝင္ပါတယ္။ လိုအပ္သမွ်ကို တစ္ေနရာတည္းမွာတင္ ရွာေဖြဝယ္ယူႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဒီအေဆာက္အဦးမွာ တိုက္ခန္းဝယ္ယူထားရင္ အျပင္ကို ေဝးေဝးလံလံ သြားစရာမလိုေတာ့ပါဘူး။

Regent International Apartment ကို ဒီဇိုင္းေရးဆြဲသူကေတာ့ ကမာၻေပၚက ဒုတိယေျမာက္ ၇ ပြင့္ၾကယ္အဆင့္ရွိတဲ့ဟိုတယ္ကို ဒီဇိုင္းေရးဆြဲသူ Alicia Loo ျဖစ္ပါတယ္။ Regent International Apartment က အခ်ိန္တိုတိုအတြင္းမွာပဲ ခပ္ျမန္ျမန္နာမည္ႀကီးလာခဲ့ပါတယ္။ ဒီတိုက္ခန္းမွာေနထိုင္သူ အမ်ားစုကေတာ့ လူငယ္ေတြျဖစ္ၾကပါတယ္။

Regent International Apartment မွာ လူေပါင္း တစ္ေသာင္းေက်ာ္ကေန ႏွစ္ေသာင္းေက်ာ္အထိ တစ္ၿပိဳင္တည္းေနထိုင္လို႔ရပါတယ္။ အဲဒါေၾကာင့္ Regent International Apartment က Hangzhou ျပည္နယ္ မွာ အႀကီးမားဆုံး လူေနတိုက္ခန္းျဖစ္လာပါတယ္။

Zombie (lovemedia)